Tuesday, January 27, 2026

လဲချားမြို့နယ်အတွင်း သျှမ်းတပ် ၂ တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွား

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းတွင် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/ SSA တို့ယနေ့ (ဧပြီ ၉) ရက် နံနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။

သျှမ်းတပ် ၂ တပ်

ယနေ့ (ဧပြီ ၉) ရက် နံနက်ပိုင်း တွင် လဲချားမြို့နယ်၊ စလိုင်းလွယ်ရွာ အနီး၌ သျှမ်းတပ်နှစ်တပ် ဖြစ်ကြသည့် SSPP/SSA နှင့် RCSS/SSA တို့က ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ဖြစ်စဥ်ကို သိရှိသူ နယ်မြေ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပစ်ခတ်မှုကတော့ မကြာဘူး၊ ၁၀ မိနစ်လောက်ပဲ အသံတွေ ထွက်လာတယ်၊ ပြီးတော့ ပြန်တိတ်သွားတယ်၊ နှစ်ဖက်က ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ သိရတယ်၊ လူအင်အားအများကြီးနဲ့ ပစ်ကြတာမျိုးတော့ မဟုတ်ဘူး၊ သွားရင်းလာရင်းနဲ့ ပစ်ကြတာလား ၊ ချောင်းပစ်ကြတာလားတော့ ကျနော် မပြောတတ်ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုကြောင့် SSPP/SSA တပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရပြီး၊ RCSS/SSA တပ်သား တစ်ဦးသေ၊ တစ်ဦး အရှင်ဖမ်းမိထားကြောင်း သတင်းများထွက်ပေါ်လာသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖမ်းဆီးခံထားရသည့် တပ်သား

ယင်းကဲ့သို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး ဖြစ်စဥ်အသေးစိတ် မေးမြန်းသိရှိနိုင်ရန်အတွက် သျှမ်းတပ် နှစ်တပ်၏ ပြောရေးဆိုခွင့်ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

RCSS/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းနှင့် ဧပြီလ ပထမပတ် အတွင်းမှာလည်း မောက်မယ်မြို့နယ် ၊ ကဒူးကြီး ဒေသအတွင်း၌ PNLO/PNLA တပ်ဖွဲ့နှင့်လည်း ထိတွေ့ ပစ်ခတ်မှု ရှိခဲ့သည်။

ဖမ်းဆီးခံထားရသည့် တပ်သား

သျှမ်းတပ် နှစ်တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း ကွန်ဟိန်းမြို့နယ်အတွင်း၌ ထိတွေ့ပစ်ခတ်မှု ရှိခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွင်း သျှမ်းတပ်နှစ်တပ်၏ ထိတွေ့တိုက်ပွဲသည် ကွန်ဟိန်းမြို့နယ်အတွင်းမှ ပထမဆုံးအကြိမ် ဖြစ်နေပြီး ၊ ယခု လဲချားမြို့အနီး ထိတွေ့ ပစ်ခတ်မှုသည် ဒုတိယ အကြိမ် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...