SSPP/SSA
ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...
SSPP လှုပ်ရှားနယ်မြေဆီသို့ စစ်ကောင်စီတပ်မှ အင်းအား အလုံးအရင်း ဖြန့်ကျက်နေ
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေဆီသို့ ဦးတည်ပြီး စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ စစ်အင်အားများသည် ယမန်နေ့ (မတ်လ ၇ ရက်) ညနေပိုင်းတွင် SSPP/SSA လှုပ်ရှားနယ်မြေ မိုင်းနောင်-မိုင်းရယ်ဘက်သို့...
ထိုင်းနယ်စပ်သွားလမ်းတလျှောက် လူငယ်များကို လက်နက်ကိုင်များ စစ်ဆေးဖမ်းဆီးမှုပြုလုပ်
သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့ သွားသည့်လမ်းတလျှောက်တွင် လက်နက်ကိုင်များက လူငယ်များကို စစ်ဆေး၊ဖမ်းဆီးမှုများ အပြိုင်အဆိုင်များ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ် သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပိတ်မှ စ၍ လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုများလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများက စိုးရိမ်နေကြပြီး ကားသမားများလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက...
မူဆယ်ဒေသခံများ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံထံ ဆက်ကြေးပေးဆောင်ရ၊ လုံခြုံမှုမရှိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံထံသို့ ဆက်ကြေးငွေ ပေးဆောင်နေရသော်လည်း လုံခြုံမှုမရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ဆက်ကြေးငွေ ပေးဆောင်ရသော်လည်း ၎င်းတို့မှ လုံခြုံရေး တာဝန်ယူမှုမရှိဘဲ အမည်မသိ လူစုများမှ လက်နက်ကိုင်တပ်ဖွဲ့...
ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...
“ နိုင်ငံရေးမူ တစ်ယောက်တစ်ပေါက် ချမှတ်နေရင် သျှမ်းလူငယ်တွေ မျိုးချစ်စိတ် ပြင်းပြဖို့ လုပ်တဲ့နေရာ ထိခိုက်သွားနိုင်တယ်”
SHAN -
စစ်မှုထမ်းဥပဒေအကြောင်းတွေ ၊ သျှမ်းပြည်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လူမျိုးရေးပြဿနာတွေန သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘယ်လိုပြုပြင်သင့်လဲ၊ သျှမ်းလူငယ်တွေ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြပ်ရိုက်မှုတွေကဘာတွေလဲဆိုတာကို သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းကို သျှမ်းသံတော်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက စစ်မှုထမ်းဉပဒေကို အတည်ပြု ကျင့်သုံးလိုက်တဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဖြေ။...
မိုင်းဖုန်းဆရာတော်ထံ စက်လှေ လှူဒါန်းခဲ့သည့် SSPP
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြုသော အရာရှိစစ်သည်များက မိုင်းဖုန်းဆရာတော်ထံသို့ စက်လှေ လှူဒါန်းခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်တွင် တာချီလိတ်မြို့နယ် ရွှေတြိဂံနယ်မြေရှိ မိုင်းဖုန်းဆရာတော် စံကျောင်းတွင် SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြု၍ SSPP ပြောရေးဆိုခွင့်ရှိသူ...
ပန်ဆိုင်းမြို့တွင်းသို့ SSPP နှင့် KIA တပ်သားများ လက်နက်ကိုင်ဆောင်ပြီး ဝင်ခွင့်မပြု
သျှမ်းပြည် မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင်းသို့ SSPP နှင့် KIA တပ်သားများကို စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင်လာလျှင် ဝင်ခွင့်မပြုရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) နံနက် ၉ နာရီခွဲခန့်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA...
ထိုင်းနိုင်ငံသွားမည့်သူများကို SSPP မှ ပိတ်ပင်ဖမ်းဆီးနေ ဟုဆို
သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပိတ်ပင် ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၂)ရက် မှစတင်ကာ ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု...
ကံဆိုးမိုးမှောင်ကျစေသည့် ပင်လုံစာချုပ်နှင့် လမ်းပျောက်နေသည့် သျှမ်းလူထု
SHAN -
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသည်ဟု ကြွေးကြော်သည့် မြန်မာ စစ်တပ်သည် ဒေသခံများ အထွဋ်အမြတ်ထားသည့်ဘုရားကျောင်းကန်များကို လက်နက်ကြီးသာမက လေကြောင်းကပါ ပစ်ခတ်ဖျက်ဆီး၍ ၄င်းတို့၏ အမျက်ဒေါသကို ဖော်ပြနေသည်။





