Tuesday, January 27, 2026

SSPP လှုပ်ရှားနယ်မြေဆီသို့ စစ်ကောင်စီတပ်မှ အင်းအား အလုံးအရင်း ဖြန့်ကျက်နေ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေဆီသို့ ဦးတည်ပြီး စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။

SSPP တပ်သားများ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ စစ်အင်အားများသည် ယမန်နေ့ (မတ်လ ၇ ရက်) ညနေပိုင်းတွင် SSPP/SSA လှုပ်ရှားနယ်မြေ မိုင်းနောင်-မိုင်းရယ်ဘက်သို့ ဦးတည်ပြီး အလုံးအရင်း အင်အားဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ခိုလမ်ကနေ စစ်ကောင်စီတပ် ကား ၁၆စီး၊ အဲ့ထဲမှာ တပ်သားတွေလည်း ပါတယ်။ မိုင်းနောင်ဘက်ကို သွားတယ်။ မိုင်းရယ်ဘက်ကို ဆက်သွားမယ်လို့ သိရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အလားတူ သျှမ်းပြည် တောင်ကြီးမြို့တွင် ယမန်နေ့ (မတ် ၇ ရက်) နေ့လည် ၁နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်မှ စစ်ကား အလုံးအရင်းသည် ဟိုပုံးမြို့နယ်ဘက်သို့ ဦးတည်ပြီး သွားနေကြောင်း သိရသည်။

တောင်ကြီးမြို့မှ ဟိုပုံးမြို့ဘက်သို့ ဦးတည်သွားနေသည့် စစ်ကောင်စီတပ် ကားများမှာ တပ်သားအပြည့် တင်ဆောင်လာသည့် ကား (၂၂)စီး၊ ရိက္ခာတင်ကား (၆)စီး၊ ကားအလွတ် (၆)စီး ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က တောင်ကြီးကနေ ဟိုပုံးဘက်ကို ဦးတည်ပြီး သွားတဲ့ကားတွေ အများကြီးတွေ့တယ်။ ကားပေါ်မှာ တပ်သားတွေရာ ရိက္ခာတွေ သယ်တာရော အများကြီးပဲ။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာဘက်ကို အင်အားသွားဖြည့်နေလား မသိဘူး” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် မတ် (၆)ရက်တွင် စစ်ကောင်စီမှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့ထံ လက်နက်ခဲယမ်း မသယ်ဆောင်ပေးရန် သတိပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ရေးသားထားသည်။

လက်ရှိမှာ ဆီဆိုင်မြို့နယ်အတွင်း PNLA ၊KNDFပူးပေါင်းနှင့် စစ်ကောင်စီတို့သည် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လတွင်လည်း စစ်ကောင်စီသည် လဲချားမြို့နယ် အတွင်းရှိ SSPP/SSA တပ်စခန်း (၁၀)နေရာကို ဆုတ်ခွာပေးရန် တွန်းအားပေးခဲ့ဖူးသည်။

စစ်ကောင်စီတပ်မှ ဆုတ်ခိုင်းနေသည့် လဲချားမြို့ရဲ့ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီ တပ်စခန်း ၁၀ ခုသည် ခိုလမ် ရပခ တိုင်းစစ်ဌာန၏ လုံခြုံရေးအတွက် အဓိက ကျသည့် နေရာများ ဖြစ်သလို SSPP/SSA ဌာနချုပ်၏ လုံခြုံရေးအတွက်လည်း အဓိက ကျသည့် နေရာများဖြစ်ကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲထားသည့် သျှမ်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များ အပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ အပြိုင်အဆိုင် စစ်ပြင်ဆင်နေကြကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...