ထိုင်းနိုင်ငံသွားမည့်သူများကို SSPP မှ ပိတ်ပင်ဖမ်းဆီးနေ ဟုဆို

သျှမ်းပြည်‌ ကျေးသီးမြို့နယ်ရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပိတ်ပင် ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

SSPP တပ်သားများ

ကျေးသီးမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၂)ရက် မှစတင်ကာ ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု SSPP က ထုတ်ပြန်ကြေညာထားသည်။

“သူတို့တွေက ထိုင်း ကိုမသွားဖို့တားတာပေါ့။ ကျေးသီးမှမဟုတ်ဘူး သူတို့နယ်မြေထဲက ဟာတွေအကုန်ပါတာပေါ့။ ကုန်ပစ္စည်းတွေပဲတင်လို့ရမှာ။ ကျနော်က ဒီနေ့ (ဖေဖော်ဝါရီလ ၁၂) ကထွက်ခဲ့တာ SSPP နဲ့တွေ့တော့ ပါလာတဲ့လူတွေကို ထားခိုင်းပြီး သူတို့မိဘတွေ အမျိုးတွေကို ဖုန်းဆက်လိုက်မယ်။ မင်းတို့ကားသမားကတော့ ပြန်တော့လို့ပဲပြောတော့ ကျနော်လည်း ချက်ချင်း ထွက်လာခဲ့ရတာပေါ့။ ပါလာတဲ့ ခရီသည်ကိုတော့ SSPP ကခေါ်ထားတယ်။”ဟု အသက်၅၀ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

SSPP ထုတ်ပြန်ချက်

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် SSPP က မိုင်းရှူးမြို့နယ် ပန်ငရွာလမ်းခွဲအနီးတွင် စောင့်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ပြောသည်။

“ပန်ငက မိုင်းရှူး‌ရေကျော်တံတား နားက လေ။အဲ့နားမှာ အရင်ကတည်းကလည်း SSPP ဂိတ်မရှိပါဘူး။ သူတို့ ကလမ်းမှာစောင့်ပြီးစစ်တာ။ကားသမားတွေကို ပြန်လွတ်ပြီးပါလာတဲ့ ခရီးသည်ကိုခေါ်ထားတာကလည်း အဲ့နားကပဲဖြစ်တာ။ ဒီနေ့လဲ အဝင်အထွက်ကားတွေမရှိဘူး”ဟု အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ကထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ယမနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင်လည်း မိုင်းရှူးမြို့ ရပ်ကွက် ၄ နှင့် ပန်စွဲကျေးရွာကို ရ (SSPP/SSA) က ဝင်ရောက်ကာ စစ်သားကောက်ယူမှုများပြုလုပ်နေပြီး ပြည်သူလူထုများ ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ SSPP က ထိုင်းနိုင်ငံသို့ မသွားရန်ပိတ်ပင်ထားသော ထုတ်ပြန်ချက်သည် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေပြီဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ရေး အဖက်ဖက်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံး တော့မည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၃၅နှစ် မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးများဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၂၇နှစ်မပြည့်ခင်အထိ သတ်မှတ်ထားသည်။ ထို့အပြင် အတတ်ပညာ အသက်မွေးဝမ်းကျောင်း ပြုသည့် ကျွမ်းကျင်သူများဖြစ်ပါက အမျိုးသား အသက် ၁၈နှစ် မှ ၄၅နှစ် အမျိုးသမီး အသက် ၁၈နှစ်မှ ၃၅နှစ်ထိသတ်မှတ်ထားသည်။

ထိုစစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများသည် နီးစပ်ရာ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြသည်။

တဖက်တွင်လည်း စစ်အာဏာသိမ်းသည့်စစ်ကောင်စီနှင့် တိုက်ပွဲမဖြစ်ပွားသည့် SSPPအပါအဝင် စစ်ကောင်စီနှင့် စစ်ရေး ပြင်းထန်နေသည့် အဖွဲ့ ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကချင်လွတ်လပ်ရေးတပ် (KIO/KIA) တို့ သည် ယနေ့ (ဖေဖော်ဝါရီ ၁၂)ရက်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG )ထံ (၇၇)ပြည်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာပေးပို့ခဲ့သည်။

ထို့အပြင် SSPP သည် NUG ထံ သဝဏ်လွှာပေးပို့မှုရှိသကဲ့သို့ တဖက်တွင်လည်း ထိုင်းနိုင်ငံသို့ မထွက်ခွာရန် ထုတ်ပြန်လာသည့် အပေါ် သျှမ်းလူထုများက SSPP နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်လာတော့မည်လား ဆိုသည့် စိုးရိမ်စိတ်များဖြစ်နေကြသည်။

SHANBumrese

Shannews

သျှမ်းသံတော်ဆင့်

ရှေ့တန်းမသွားသည့်ဆေးဖြတ်သူ #စစ်ကောင်စီ #ပစ်သတ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင် ကျောင်းသား/သူ များကို “အချိန်ပို” ဟုခေါ်ဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း စုံစမ်းသိရပါသည်။ ယခု  ၂၀၂၆ - ၂၇ ပညာသင်နှစ် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ဖာယကျေးရွာ အခြေခံပညာ...