မိုင်းရှူးမြို့နယ်ထဲ အချိန်အခါမဟုတ် မိုးသီးကြွေကျခြင်းကြောင့် ဖရဲစိုက်ခင်း ဧကများစွာပျက်စီး

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီး ကြွေကျခဲ့ခြင်းကြောင့် ဖရဲစိုက်ခင်း ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းရှူးမြို့နယ်ရှိ နားစံကျေးရွာနှင့် ပန်စွဲကျေးရွာဘက်တွင် နှစ်စဉ်ပုံမှန် ဆောင်းသီးနှံ ရာသီစာဖြစ်သည့် ဖရဲသီးများကို စိုက်ပျိုးလေ့ရှိကြပြီး၊ ဒေသခံအချို့သည် ခြံစိုက်ခင်းများကို ငှားရမ်းကာ ဖရဲသီးများကို စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ဒုတိယပတ်အတွင်း မိုင်းရှူးမြို့နယ်တွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးကြွေကျခဲ့ခြင်းကြောင့် ဖရဲစိုက်ခင်း ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မိုင်းရှူးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဧကနဲ့ဆို ဘယ်လောက် ရှိမလဲတော့ မသိဘူး။ ဒီချိန်မှာ ဖရဲသီးထွက်တဲ့ အချိန်ဆိုတော့လေ မိုင်းရှူးမြို့ အထွက်က ဖရဲခြံတွေ မိုးသီးကြောင့် ထိခိုက်ပျက်စီးတာတွေ များတယ်။ အဲ့ဒီ မြို့အထွက်ဘက်က ဖရဲသီးစိုက်နေတဲ့ ပိုင်ရှင် လေးငါးယောက်ထပ် မနည်းကတော့ ဆုံးရှုံးမှု များတယ် သိရတယ်။ ကောင်းတဲ့ အလုံး မရှိလောက်အောင် ပျက်စီးသွားတာ”ဟု မိုင်းရှူးမြို့နယ်မှ အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။

မိုင်းရှူးမြို့နယ်တွင် ဖရဲသီး စိုက်ပျိုးထားသည့် ဒေသခံများသည် ယခုနှစ်တွင် မိုးသီးကြွေကျခြင်းကြောင့် ဖရဲခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီးနောက် လာမည့်နှစ်အတွက် အရင်းစိုက်ထုတ် လုပ်ကိုင်စိုက်ပျိုးရန် ခက်ခဲနိုင်ကြောင်း မိုင်းရှူးမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“တချို့လည်း စိုက်ခင်းတွေ ငှားပြီး လုပ်ထားကြတော့ ဒီနှစ် ဒီလိုကြုံရရင် နောက်နှစ် ပြန်ရင်းနှီးပြီး လုပ်ဖို့ ခက်ခဲနိုင်တယ်။ ဖရဲသီးတွေက ခူးပြီးရောင်းရမယ့်အချိန် ငွေရ ရမယ့် အချိန်လေ၊ မခူးလိုက်ရတဲ့ လူတွေကြတော့ ဆုံးရှုံးမှု တော်တော်များမယ်။ သဘာဝတရား ဆိုတော့ တကယ် ဘာမှကို မတတ်နိုင်ကြဘူးလေ” ဟု မိုင်းရှူးမြို့နယ်ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

မိုင်းရှူးမြို့နယ် နားစံကျေးရွာ၊ ဝမ်ဆော့ကျေးရွာနှင့် မိုင်းအပ်ကျေးရွာတို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီးကြွေကျခြင်းကြောင့် နေအိမ်များစွာနှင့် စိုက်ခင်းအချို့ ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ မိုးနဲမြို့နယ်ရှိ ကျိုင်းတောင်းမြို့ပေါ်နှင့် အနီးအနား ကျေးရွာများတွင်လည်း အချိန်အခါ မဟုတ် မိုးရွာသွန်းခဲ့ပြီး မိုးသီးများပါ ကြွေကျခြင်းကြောင့် နေအိမ်များနှင့် စိုက်ခင်းအနည်းငယ် ပျက်စီးခဲ့ကြောင်း ကျိုင်းတောင်းမြို့ ဒေသခံများထံမှ သိရသည်။

ထို့အပြင် တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်ဘက်တွင်လည်း အရွယ်အစား ကြီးမားသည့် မိုးသီးများ ကြွေကျခဲ့ခြင်းကြောင့် ကြက်သွန်ခင်း၊ စတော်ဘယ်ရီခြံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ အပါအဝင် စိုက်ခင်း ဧက ထောင်နှင့်ချီ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။