ပန်ဆိုင်းမြို့တွင်းသို့ SSPP နှင့် KIA တပ်သားများ လက်နက်ကိုင်ဆောင်ပြီး ဝင်ခွင့်မပြု

သျှမ်းပြည် မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင်းသို့ SSPP နှင့် KIA တပ်သားများကို စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင်လာလျှင် ဝင်ခွင့်မပြုရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) နံနက် ၉ နာရီခွဲခန့်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ ဒေသခံများကို အစည်းအဝေးခေါ်ယူကာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သားများကို စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင်လာလျှင် မြို့တွင်းသို့ ဝင်ခွင့်မပြုရန် အပါအဝင် အရေးကြီးအချက် (၅)ချက်ကို အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“KIA နဲ့ SSPP တပ်သားတွေ အရပ်ဝတ်နဲ့ မြို့ထဲဝင်ရင်တော့ ရတယ်၊ စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ပြီး ဝင်လာရင်တော့ အရေးယူမယ်ပြောတယ်။ နောက်ပြီး မြို့ထဲက သေနတ်ရှိတဲ့ အိမ်တွေလည်း မြန်မြန်လာအပ်ဖို့ ပြောတယ်။ သူတို့ တစ်အိမ်တက်ဆင်း လိုက်စစ်လို့မှ တွေ့ရင် ပြင်းပြင်းထန်ထန် ဒဏ်ပေးခံရမယ်”ဟု ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူနှင့် နီးစပ်သည့် ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က အစည်းအဝေးတွင် အမိန့်ပေးညွှန်ကြားခဲ့သည်ဆိုသည့် အချက်(၅)ချက်မှာ (၁) အစည်းအဝေးတွင်ဖြစ်စေ ကိုးကန့်တပ်ဖွဲ့၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းယူပြီး အွန်လိုင်းပေါ် မတင်ရန်၊ (၂) KIA နှင့် SSPP တပ်သားများကို စစ်ဝတ်စုံနှင့် လက်နက်ကိုင်ဆောင်လာပါက မြို့တွင်းသို့ ပေးမဝင်ရန်၊ (၃) မိမိနေအိမ်ရှိ သေနတ်များကို အမြန်ဆုံး အပ်နှံရန်၊ (၄) တစ်အိမ်တစ်ယောက် ကိုးကန့်တပ်ဖွဲ့ထံ စစ်မှုထမ်းရန် နှင့် (၅) မြို့အဝင်အထွက်နှင့် အုပ်ချုပ်ရေးရုံးတို့တွင် ကင်းစောင့်ပေးရန်တို့ ဖြစ်ကြောင်း ပန်ဆိုင်းဒေသခံများထံမှ သိရသည်။

“အရင်က သူတို့ကို ထမင်းဟင်းချက်ပေးရတာ၊ အခု မချက်ပေးချင်ရင် တစ်ပတ်ကို တရုတ်ယွမ် ၁၀၀ ၊ မြန်မာငွေနဲ့ဆို ငါးသောင်းလောက်ရှိတယ် အဲ့တာပေးရမယ်။ မြို့အဝင်အထွက် ၃ နေရာမှာလည်း သူတို့စစ်သားနဲ့ ကင်းလိုက်စောင့်ပေးရမယ်၊ အုပ်ချုပ်ရေးရုံးနဲ့ဆို ၄ နေရာ။ တစ်နေရာကို ၃ ယောက်စီ အလှည့်ကျ စောင့်ပေးရမယ်”ဟု ပန်ဆိုင်းမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြည်သူများထံသို့ ယခုပြောဆိုချက်နှင့် ပတ်သက်ပြီး MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း ထံသို့လည်းကောင်း၊ ကချင်လွတ်မြောက်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူနှင့် သျှမ်းတပ် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

“တစ်အိမ်တစ်ယောက်ဆိုတော့ အိမ်မှာ သွားမယ့်လူမရှိရင် ရှိတဲ့အလုပ်တွေ အကုန်ထားပြီး သွားကြရတာ။ စိတ်ပူတာကတော့ တချို့ကလည်း စစ်သွားတိုက်ရမှာ ကြောက်တာပေါ့။ မသွားချင်ဘဲနဲ့လည်း မလွန်ဆန်နိုင်တော့ သွားနေရတာမျိုးပေါ့။ ပြည်သူတွေက အားကိုးစရာ မရှိတော့ ငြီးတွားရင်းနဲ့ပဲ သွားလုပ်ပေးနေရတာ”ဟု ပန်ဆိုင်းမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် SSPP တပ်ဖွဲ့မှ စစ်ဝတ်စုံအပြည့်ဖြင့် သေနတ်ကိုင်ဆောင်ပြီး ပန်ဆိုင်းမြို့မဈေးသို့ ဝင်ရောက်စစ်ဆေးပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပန်ဆိုင်းဒေသခံများအား အစည်းအဝေးခေါ်ယူကာ SSPP နှင့် KIA တပ်သားများကို မြို့တွင်းသို့ ဝင်ခွင့်မပေးရန် ညွှန်ကြားလာခြင်း ဖြစ်နိုင်ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

မူဆယ်မြို့နယ်အတွင်းရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က နိုဝင်ဘာ ၂ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီး ၎င်းနယ်မြေတွင် ကချင်လွတ်မြောက်ရေးတပ် KIA နှင့် သျှမ်းတပ် SSPP/SSA တို့လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...