Wednesday, January 28, 2026

ပန်ဆိုင်းမြို့တွင်းသို့ SSPP နှင့် KIA တပ်သားများ လက်နက်ကိုင်ဆောင်ပြီး ဝင်ခွင့်မပြု

သျှမ်းပြည် မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင်းသို့ SSPP နှင့် KIA တပ်သားများကို စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင်လာလျှင် ဝင်ခွင့်မပြုရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) နံနက် ၉ နာရီခွဲခန့်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ ဒေသခံများကို အစည်းအဝေးခေါ်ယူကာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သားများကို စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင်လာလျှင် မြို့တွင်းသို့ ဝင်ခွင့်မပြုရန် အပါအဝင် အရေးကြီးအချက် (၅)ချက်ကို အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“KIA နဲ့ SSPP တပ်သားတွေ အရပ်ဝတ်နဲ့ မြို့ထဲဝင်ရင်တော့ ရတယ်၊ စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ပြီး ဝင်လာရင်တော့ အရေးယူမယ်ပြောတယ်။ နောက်ပြီး မြို့ထဲက သေနတ်ရှိတဲ့ အိမ်တွေလည်း မြန်မြန်လာအပ်ဖို့ ပြောတယ်။ သူတို့ တစ်အိမ်တက်ဆင်း လိုက်စစ်လို့မှ တွေ့ရင် ပြင်းပြင်းထန်ထန် ဒဏ်ပေးခံရမယ်”ဟု ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူနှင့် နီးစပ်သည့် ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က အစည်းအဝေးတွင် အမိန့်ပေးညွှန်ကြားခဲ့သည်ဆိုသည့် အချက်(၅)ချက်မှာ (၁) အစည်းအဝေးတွင်ဖြစ်စေ ကိုးကန့်တပ်ဖွဲ့၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းယူပြီး အွန်လိုင်းပေါ် မတင်ရန်၊ (၂) KIA နှင့် SSPP တပ်သားများကို စစ်ဝတ်စုံနှင့် လက်နက်ကိုင်ဆောင်လာပါက မြို့တွင်းသို့ ပေးမဝင်ရန်၊ (၃) မိမိနေအိမ်ရှိ သေနတ်များကို အမြန်ဆုံး အပ်နှံရန်၊ (၄) တစ်အိမ်တစ်ယောက် ကိုးကန့်တပ်ဖွဲ့ထံ စစ်မှုထမ်းရန် နှင့် (၅) မြို့အဝင်အထွက်နှင့် အုပ်ချုပ်ရေးရုံးတို့တွင် ကင်းစောင့်ပေးရန်တို့ ဖြစ်ကြောင်း ပန်ဆိုင်းဒေသခံများထံမှ သိရသည်။

“အရင်က သူတို့ကို ထမင်းဟင်းချက်ပေးရတာ၊ အခု မချက်ပေးချင်ရင် တစ်ပတ်ကို တရုတ်ယွမ် ၁၀၀ ၊ မြန်မာငွေနဲ့ဆို ငါးသောင်းလောက်ရှိတယ် အဲ့တာပေးရမယ်။ မြို့အဝင်အထွက် ၃ နေရာမှာလည်း သူတို့စစ်သားနဲ့ ကင်းလိုက်စောင့်ပေးရမယ်၊ အုပ်ချုပ်ရေးရုံးနဲ့ဆို ၄ နေရာ။ တစ်နေရာကို ၃ ယောက်စီ အလှည့်ကျ စောင့်ပေးရမယ်”ဟု ပန်ဆိုင်းမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြည်သူများထံသို့ ယခုပြောဆိုချက်နှင့် ပတ်သက်ပြီး MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း ထံသို့လည်းကောင်း၊ ကချင်လွတ်မြောက်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူနှင့် သျှမ်းတပ် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

“တစ်အိမ်တစ်ယောက်ဆိုတော့ အိမ်မှာ သွားမယ့်လူမရှိရင် ရှိတဲ့အလုပ်တွေ အကုန်ထားပြီး သွားကြရတာ။ စိတ်ပူတာကတော့ တချို့ကလည်း စစ်သွားတိုက်ရမှာ ကြောက်တာပေါ့။ မသွားချင်ဘဲနဲ့လည်း မလွန်ဆန်နိုင်တော့ သွားနေရတာမျိုးပေါ့။ ပြည်သူတွေက အားကိုးစရာ မရှိတော့ ငြီးတွားရင်းနဲ့ပဲ သွားလုပ်ပေးနေရတာ”ဟု ပန်ဆိုင်းမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် SSPP တပ်ဖွဲ့မှ စစ်ဝတ်စုံအပြည့်ဖြင့် သေနတ်ကိုင်ဆောင်ပြီး ပန်ဆိုင်းမြို့မဈေးသို့ ဝင်ရောက်စစ်ဆေးပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပန်ဆိုင်းဒေသခံများအား အစည်းအဝေးခေါ်ယူကာ SSPP နှင့် KIA တပ်သားများကို မြို့တွင်းသို့ ဝင်ခွင့်မပေးရန် ညွှန်ကြားလာခြင်း ဖြစ်နိုင်ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

မူဆယ်မြို့နယ်အတွင်းရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က နိုဝင်ဘာ ၂ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီး ၎င်းနယ်မြေတွင် ကချင်လွတ်မြောက်ရေးတပ် KIA နှင့် သျှမ်းတပ် SSPP/SSA တို့လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...