မိုင်းဖုန်းဆရာတော်ထံ စက်လှေ လှူဒါန်းခဲ့သည့် SSPP

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြုသော အရာရှိစစ်သည်များက မိုင်းဖုန်းဆရာတော်ထံသို့ စက်လှေ လှူဒါန်းခဲ့ကြောင်း သတင်းသိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် တာချီလိတ်မြို့နယ် ရွှေတြိဂံနယ်မြေရှိ မိုင်းဖုန်းဆရာတော် စံကျောင်းတွင် SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြု၍ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်နှင့် အရာရှိစစ်သည် မိသားစုများက မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ (ခူးဝါးဝန်းစုမ့်)ထံသို့ စက်လှေနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း SSPP Info က ဖေဖော်ဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် သီပေါမြို့နယ်ရှိ ဆင်ကျော့ကျေးရွာ ဘုန်းကြီးကျောင်းတွင် ပရိယတ္တိ စာမေးပွဲ ဖြေဆိုနေကြသော ရဟန်းသာမ‌ဏေ (၅၂၀)ပါးတို့အား ဆွမ်းနှင့် ခဲဘွယ်ဘောဇဉ်တို့ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ဆိုထားသည်။

SSPP တပ်ဖွဲ့ ထိန်းချုပ်သည့် သျှမ်းမြောက်ရှိ နယ်မြေများတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့၊ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် SSPP/SSA သည် ယနေ့အချိန်ထိ ပါဝင်လာခြင်းမရှိသေးပေ။

ဖေဖော်ဝါရီလ ၁၅-၁၆ ရက်တို့တွင် SSPP/SSA ဌာနချုပ်ရှိရာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမြို့သစ်၌ လားဟူ၊ လီဆူ ယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်နှင့် တွေ့ဆုံဂါရဝပြု အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး လားရှိုး၊ တန့်ယန်း၊ ကျေးသီး၊ ခိုလမ်နှင့် မိုးနဲမြို့နယ်တို့မှ လားဟူနှင့် လီဆူးတိုင်းရင်းသားလူမျိုးများ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းအခမ်းအနားတွင် SSPP/SSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆေထင်မှ ဩဝါဒဆုတောင်းစကား ပြောကြားပြီး SSPP ဗဟိုကော်မတီများနှင့် လားဟူအဖွဲ့ခေါင်းဆောင်များ အပြန်အလှန် မိတ်ဆက်၍ SSPP တပ်ဖွဲ့မှ လားဟူ၊ လီဆူး တိုင်းရင်းသားများအား ငွေကျပ်သိန်းပေါင်း (၇၀၀) ချီးမြှင့်လှူဒါန်းခဲ့ကြောင်း SSPP Info က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ထို့အပြင် SSPP/SSA ၏ ပညာရေးဌာနမှ ဦးဆောင်၍ ပညာရေးညီလာခံကို ပထမဆုံးအကြိမ် ဝမ်ဟိုင်းမြို့သစ်၌ ဖေဖော်ဝါရီလ ၁၅ မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး သျှမ်းပြည်ပညာရေး၊ မိခင်ဘာသာစကား အခြေပြုသင်ကြားရေးနှင့် ဖက်ဒရယ်ပညာရေးစနစ်တို့ကို ဆွေးနွေးခဲ့ကာ ညီလာခံတက်ရောက်သူ ၅၀၀ ကျော်ရှိကြောင်း ပါဝင်တက်ရောက်ခဲ့သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်ကလည်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကချင်လွတ်လပ်ရေးတပ် (KIO/KIA) တို့နှင့် ပူးတွဲ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ ပထမဆုံးအကြိမ် သဝဏ်လွှာ ပေးပို့ခဲ့သည်။

ထိုကဲ့သို့ သဝဏ်လွှာပေးပို့ပြီးနောက် SSPP တပ်ဖွဲ့သည် သျှမ်းပြည်သူများကို ထိုင်းနိုင်ငံသို့ မသွားရန် တားမြစ်ပိတ်ပင်မှုများ ပြုလုပ်နေသည့်အပြင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကို အတည်ပြုလာပြီးနောက်တွင်လည်း စစ်ကောင်စီနှင့် စစ်ရေး မပြုလုပ်သည့် SSPP တပ်ဖွဲ့ကလည်း သျှမ်းလူထုများ သျှမ်းတပ်ထဲသို့ ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်မှု ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...