SSPP/SSA

ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ SSPP/SSA ၊ TNLA နှင့် RCSS/SSA ယမန့်နေ့ (ဇွန် ၂၂) ညနေ ( ၆) နာရီဝန်းကျင်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသည် (၁) နာရီကျော်ကြာပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ...

မိုင်းယော် ဒေသခံ (၂) ဦး ကို SSPP/SSA မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဒေသခံ (၂ )ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) မှ တပ်သားလုပ်ရန်အတွက် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများသတင်းပေးပို့ချက်အရသိရသည်။ မိုင်းယော်တိုက်နယ် တွင် ယမန့်နေ့( ဇွန် ၂၀)ရက် ည( ၉) နာရီဝန်းကျင်တွင်( SSPP/SSA) တပ်သားမှ လူအင်အား...

နမ့်ခမ်းမြို့ရှိ မူးယစ်ဆေးဝါး ရောင်းချနေသည့် နေရာကို SSPP ဝင်ရောက်မီးရှို့ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မူးယစ်ဆေးရောင်းချနေသည့်ဆိုင်တန်းများကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၂၀)ရက် မနက် (၁၀) နာရီခွဲ ဝန်းကျင်တွင် နမ့်ခမ်းမြို့ နေဝင်းရီစစ်ဘေးရှောင်စခန်း အနီးရှိ အကာအရံ အပြည့်ဖြင့် တည်ဆောက်ထားသည့် မူးယစ်ဆေးဝါး ရောင်းချနေသည့် နေရာကို...

သျှမ်းမြောက်အတွင်း တပ်သားသစ်ကောက်ပြီး၊ တိုင်းရင်းသားချင်းတိုက်ပွဲမဖြစ်စေလို

သျှမ်းပြည် မြောက်ပိုင်း အတွင်း တိုင်းရင်းသားလက်နက်ကိုင် တချို့ တပ်သားသစ် စုဆောင်းနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ ကို ပြည်သူများက ရရာလက်နက်ကိုင်စွဲကာ တော်လှန်တိုက်ခိုက်နေချိန် သျှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများက နေရပ်စွန့်ခွာနေရသည့် ဘဝရောက်ရှိနေသည်။ ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ရမည်ကို မလိုလားသည့်အတွက်...

ထုန့်မောဝ်းဒေသ တခြားလက်နက်ကိုင်ဆက်ကြေးကောက်ခံမှု SSPP တားမြစ်ပေးရန် တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသ (ထုန့်မောဝ်း)အတွင်း နေထိုင်သည့် သျှမ်းပြည်သူလူထုမှ နယ်မြေတွင်း ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးပြဿနာများနှင့် လက်နက်ကိုင်တစ်ချို့ ဆက်ကြေးကောက်နေသည့်အပေါ် ဖြေရှင်းပေးရန် SSPP/SSA တပ်ဖွဲ့ကို တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၁၀) ရက် က ထုန့်မောဝ်ဒေသခံများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာနှင့်...

RCSS နှင့် SSPP တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတစ်လျောက်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA) တို့ တိုက်ပွဲသည် ယမန်နေ့ (ဇွန် ၁၀)ရက် ညနေပိုင်းထိ တိုက်ပွဲပြင်းထန်နေသေးကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အပြန်အလှန်နယ်မြေလုသည် ဆိုသည့် အကြောင်းပြချက်ဖြင့်...

နမ့်လန်မြို့ရှိ ကျေးရွာပြည်သူ ၄ ဦးကို SSPP/SSA မှ ဖမ်းဆီးသွား

သျှမ်ပြည် မြောက်ပိုင်း နမ့်လန်မြို့ရှိ မန်လီကျေးရွာအုပ်စုတွင်နေထိုင်သည့် ပြည်သူ (၄) ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) မှ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ SSPP/SSA မှ ဖမ်းဆီးသွားသည့် ပြည်သူများမှာ နမ့်လန်မြို့ မှ မန်လီကျေးရွာ ပြည်သူ ( ၃)...

တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်ပြန်သွားသည့် ကျေးသီးစစ်ရှောင်ထပ်မံထွက်ပြေးနေရ

သျှမ်းတောင် ကျေးသီးမြို့ အတွင်း တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်ပြန်သွားသည့် စစ်ရှောင် (၃၀၀)ဝန်းကျင် ထပ်မံ စစ်ရှောင်လာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန် ၈)ရက် မနက် (၉ )နာရီကျော်ဝန်းကျင်တွင် ကျေးသီးမြို့ရှိ စစ်ဘေးရှောင် (၁၀၀၀)ခန့် မှ (၃၀၀) ဝန်းကျင် သည် တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်သို့ပြန်သွားကြသည်။ သို့သော်...

နမ္မတူမြို့နယ် ပန်လုံးကျေးရွာ ပြည်သူတစ်ဦးကို SSPP/SSA မှ ဖမ်းခေါ်သွား

သျှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံးကျေးရွာမှ ပြည်သူတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA ) က လာရောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိသည်။ ပန်လုံးကျေးရွာ လုံးခေးလိန် ကို ယမန့်နေ့ ဇွန် (၇) ရက် ည ၉ နာရီတွင် နေအိမ်သို့ ကား (၂)...

ကျေးသီးမြို့ နယ် RCSSနှင့် SSPP တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀၀) ကျော်စားဝတ်နေရေးခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ လွယ်ဟွန်းတောင်ကြော တစ်လျှောက်တွင် RCSS နဲ့ SSPP တို့၏ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသေးသဖြင့် စစ်ရှောင် (၁၀၀၀) ကျော် အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး ယနေ့ ၇ ရက်နေ့ထိ သျှမ်းတပ်(၂)တပ်ဖြစ်သည့်...

Latest news