နမ္မတူမြို့နယ် ပန်လုံးကျေးရွာ ပြည်သူတစ်ဦးကို SSPP/SSA မှ ဖမ်းခေါ်သွား

သျှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံးကျေးရွာမှ ပြည်သူတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA ) က လာရောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိသည်။

ပန်လုံးကျေးရွာ လုံးခေးလိန် ကို ယမန့်နေ့ ဇွန် (၇) ရက် ည ၉ နာရီတွင် နေအိမ်သို့ ကား (၂) စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း၊ ၎င်းသည့် RCSS/SSA နှင့် စီးပွားပတ်သတ်မှုရှိသောကြောင့် လာရောက်ဖမ်းဆီးသွား ကြောင်းသိရသည်။

“ သူတို့မနေ့ညက လာခေါ်သွားတယ်။ ခေါ်ပြီး စစ်ဆေးမယ်လို့ပဲပြောပါတယ်။ စိတ်မပူနဲ့တဲ့။ ဒီတိုင်းဘဲ စစ်ဆေးဖို့ခေါ်တာဘဲရှိတယ်တဲ့။ ပြည်သူတွေအချင်းချင်းတိုင်းကြားလို့ လာဖမ်းသွားတယ်လို့ပဲ ထင်ပါတယ်။ ကျမလည်းသေချာမသိဘူး” ဟု နမ္မတူမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

လုံးခေးလိန်သည် လက်ရှိလုပ်နေသည့် စီးပွားရေးသည် ၎င်းကိုယ်ပိုင်အဖြစ်လုပ်ကိုင်နေသည်ဖြစ်ကြောင်း ဆရာတော် တစ်ပါးက မိန့်ကြားသည်။

“ သူက ခြံကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ ခေါ်သွားတယ်လို့ပြောတယ်။ အရင်က RCSS နဲ့ ပေါင်းပြီးခြံအတူ လုပ်တယ်လို့ ပြောတယ်။ သူလဲ RCSS ဖက်ကို အကြွေးဆက်ပြီးတော့ လက်ရှိတော့ သူပိုင်တဲ့ဟာဖြစ်သွားပြီးလို့ကြားတယ်။ ခြံက တော့ သူရဲ့ခြံ ဖြစ်တယ်။ ခြံထဲက စိုက်ပျိုးတဲ့ဟာတော့ RCSS ဟာ အဲလိုထင်တယ်” ဟု ကျောင်းထိုင်ဆရာတော်တစ်ပါးက မိန့်သည်။

အဆိုပါ လုံးခေးလိန် သည် RCSS/SSA နှင့် စီးပွားရေးအရ ပတ်သတ်ဆက်နွယ်မှုရှိနေသောကြောင့် ၎င်းကို စစ်ဆေးရန် အတွက် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင်က‌ ပြောသည်။

“ ဟုတ်ပါတယ်။ ကျနော်တို့ ကောင်းကောင်းဘဲခေါ်လာတာ။ ကျနော်တို့စစ်ဆေးပြီးတော့ ပြန်လွတ်ပေးမှာပါ။ သူတို့ သားဖက RCSS ရဲ့ စီးပွားရေးတာဝန်ခံဖြစ်တယ်။ ကျနော်တို့မေးတာတော့ မဖြေဘူး။ ပြည်သူတွေ သူတို့ရဲ့ ဒဏ်ကိုခံ နေရလို့ပြောပြတာ။ ပြည်သူပိုင်မြေယာကိုလည်း သူတို့က အတင်းဝယ်ယူပြီးတော့ စီးပွားရေးလုပ်တယ်” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင် က ပြောသည်။
လက်ရှိတွင် နိုင်ငံရေးအခြေနေမတည်ငြိမ်ချိန်တွင် သျှမ်းစစ်တပ် ၂ တပ် ဆွေးနွေရန်အဆင်မပြေသေးကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းသန်းအောင်က ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အရပ်သား (၅)ဦးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဖမ်းဆီးသွားပြီး၊ ၂လကျော်ကြာထိ ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

ထိုဒေသတွင် နေထိုင်သည့် ပြည်သူများ တိုင်းရင်းသားလက်နက်ကိုင်များဖမ်းဆီးမှု မကြာခဏရှိနေသဖြင့် စိုးရိမ်မှုများစွာဖြင့်နေထိုင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...