Tuesday, January 27, 2026

နမ့်လန်မြို့ရှိ ကျေးရွာပြည်သူ ၄ ဦးကို SSPP/SSA မှ ဖမ်းဆီးသွား

သျှမ်ပြည် မြောက်ပိုင်း နမ့်လန်မြို့ရှိ မန်လီကျေးရွာအုပ်စုတွင်နေထိုင်သည့် ပြည်သူ (၄) ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) မှ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ SSPP/SSA မှ ဖမ်းဆီးသွားသည့် ပြည်သူများမှာ နမ့်လန်မြို့ မှ မန်လီကျေးရွာ ပြည်သူ ( ၃) ဦးနှင့် ခဲမွန်ကျေးရွာ ပြည်သူ ( ၁ )ဦး တို့ကို ယမန့် ဇွန် (၈) ရက်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ ဘာကြောင့်လာဖမ်းသွားလဲတော့မသိဘူး။ ခဲမွန်က (၁) ယောက် နဲ့ မန်လီကျေးရွာ က( ၃) ယောက်ခေါ်သွားတယ်။” ဟုနမ့်လန်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအချိန်ထိ သျှမ်းတပ် ၂ တပ်တွင် ဆွေနွေးရန်အဆင်မပြေသေးကြောင်း၊ ပြည်သူများလည် ဟိုဖက်ဒီဖက် ဖြစ်နေသောကြောင့် တစ်ချို့ပြည်သူများကို ဖမ်းဆီးထိန်သိမ်းသွားမည်ဟု SSPP/SSA အရာရှိဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

“ ကျနော်တို့ တပ် ၂ တပ်က ဆွေးနွေးဖို့ကမဖြစ်နိုင်သေးဘူး။ ပြီးတော့ ကျနော်တို့ပြည်သူတွေက တစ်ဖက်စောင်း တာတွေဖြစ်နေတယ်။ ခုတလော နိုင်ငံရေးမငြိမ်သေးတဲ့အချိန်မှာတော့ ကျနော်တို့ဆက်ပြီး ထိန်းသိမ်းသွားမယ်” ဟု SSPP/SSA အရာရှိဗိုလ်ကြီး တစ်ဦးကပြောသည်။

SSPP/SSA အနေဖြင့် ဖမ်းဆီးထားသူများကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး နိုင်ငံရေးအခြေနေတည်ငြိမ်သွားမှ ပြန်လှည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ အခုက ယာယီ ထိန်းသိမ်းသွားမယ်။ နိုင်ငံရေးခြေနေကောင်းရင် ပြီးတော့ သူတို့ကကောင်းကောင်း နေထိုင်သွားမယ်ဆိုရင် ကျနော်တို့လည် ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးမယ်။ ခုလို စစ်ဖြစ်နေတဲ့ချိန်မှ ထွက်ပြေး သွားရင် အရေးယူသွားဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ဇွန် (၇) ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာ ပြည်သူတစ်ဦးကိုလည်း SSPP/SSA ကဖမ်းဆီးခေါ်ဆောင် သွားပြီး ၎င်းကို SSPP/SSA ဌာနချုပ် ဝမ်းဟိုင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် သျှမ်းတပ် ၂တပ်သည် ကျေးသီးမြို့နယ်တွင် စစ်ဖြစ်ပွားနေလျက်ရှိ နေသေးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။