နမ့်လန်မြို့ရှိ ကျေးရွာပြည်သူ ၄ ဦးကို SSPP/SSA မှ ဖမ်းဆီးသွား

သျှမ်ပြည် မြောက်ပိုင်း နမ့်လန်မြို့ရှိ မန်လီကျေးရွာအုပ်စုတွင်နေထိုင်သည့် ပြည်သူ (၄) ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) မှ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ SSPP/SSA မှ ဖမ်းဆီးသွားသည့် ပြည်သူများမှာ နမ့်လန်မြို့ မှ မန်လီကျေးရွာ ပြည်သူ ( ၃) ဦးနှင့် ခဲမွန်ကျေးရွာ ပြည်သူ ( ၁ )ဦး တို့ကို ယမန့် ဇွန် (၈) ရက်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ ဘာကြောင့်လာဖမ်းသွားလဲတော့မသိဘူး။ ခဲမွန်က (၁) ယောက် နဲ့ မန်လီကျေးရွာ က( ၃) ယောက်ခေါ်သွားတယ်။” ဟုနမ့်လန်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအချိန်ထိ သျှမ်းတပ် ၂ တပ်တွင် ဆွေနွေးရန်အဆင်မပြေသေးကြောင်း၊ ပြည်သူများလည် ဟိုဖက်ဒီဖက် ဖြစ်နေသောကြောင့် တစ်ချို့ပြည်သူများကို ဖမ်းဆီးထိန်သိမ်းသွားမည်ဟု SSPP/SSA အရာရှိဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

“ ကျနော်တို့ တပ် ၂ တပ်က ဆွေးနွေးဖို့ကမဖြစ်နိုင်သေးဘူး။ ပြီးတော့ ကျနော်တို့ပြည်သူတွေက တစ်ဖက်စောင်း တာတွေဖြစ်နေတယ်။ ခုတလော နိုင်ငံရေးမငြိမ်သေးတဲ့အချိန်မှာတော့ ကျနော်တို့ဆက်ပြီး ထိန်းသိမ်းသွားမယ်” ဟု SSPP/SSA အရာရှိဗိုလ်ကြီး တစ်ဦးကပြောသည်။

SSPP/SSA အနေဖြင့် ဖမ်းဆီးထားသူများကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး နိုင်ငံရေးအခြေနေတည်ငြိမ်သွားမှ ပြန်လှည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ အခုက ယာယီ ထိန်းသိမ်းသွားမယ်။ နိုင်ငံရေးခြေနေကောင်းရင် ပြီးတော့ သူတို့ကကောင်းကောင်း နေထိုင်သွားမယ်ဆိုရင် ကျနော်တို့လည် ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးမယ်။ ခုလို စစ်ဖြစ်နေတဲ့ချိန်မှ ထွက်ပြေး သွားရင် အရေးယူသွားဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ဇွန် (၇) ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာ ပြည်သူတစ်ဦးကိုလည်း SSPP/SSA ကဖမ်းဆီးခေါ်ဆောင် သွားပြီး ၎င်းကို SSPP/SSA ဌာနချုပ် ဝမ်းဟိုင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် သျှမ်းတပ် ၂တပ်သည် ကျေးသီးမြို့နယ်တွင် စစ်ဖြစ်ပွားနေလျက်ရှိ နေသေးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...