နမ့်ခမ်းမြို့ရှိ မူးယစ်ဆေးဝါး ရောင်းချနေသည့် နေရာကို SSPP ဝင်ရောက်မီးရှို့ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မူးယစ်ဆေးရောင်းချနေသည့်ဆိုင်တန်းများကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၂၀)ရက် မနက် (၁၀) နာရီခွဲ ဝန်းကျင်တွင် နမ့်ခမ်းမြို့ နေဝင်းရီစစ်ဘေးရှောင်စခန်း အနီးရှိ အကာအရံ အပြည့်ဖြင့် တည်ဆောက်ထားသည့် မူးယစ်ဆေးဝါး ရောင်းချနေသည့် နေရာကို (SSPP/SSA) တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ် စီးနင်းကာ မီးရှို့ဖျက်ဆီးလိုက်ပြီး၊၎င်း စခန်းတွင်းမှ လူဦးရေ (၂၀) ထက်မနည်း ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

“SSPP အဖွဲ့ ကား(၄)စီးနဲ့လာတယ်။ ဘိန်းရောင်းတဲ့သူနဲ့ ဘိန်းစားတဲ့သူ စုစုပေါင်း ၂၀ဦးလောက်ဖမ်းခံရတယ်။ အများစု ဖမ်းခံရတာကတော့ ဘိန်းရောင်းတဲ့သူပါ” ဟု နမ့်ခမ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူးယစ်ဆေးဝါးရောင်းချသည့် ပွဲဈေးတန်းကဲ့သို့ ထင်ရလောက်အောင် ဆိုင်ခန်းများ တည်ဆောက် ကာ ခင်းကျင်းထားကြောင်း၊ ထိုမူးယစ်ဆေးဝါးရောင်းချသူများသည် ရဲများဖြင့် ပူးပေါင်းပြီး ရောင်းချနေသည် ဟုလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ ဒီနေရာတော့ ရှင်းပြီးပြီ ဘယ်နေရာ ထပ်ပြီးပြောင်းရောင်းမလဲဆိုတာ မသိသေးဘူး။ ဘိန်းရောင်းတဲ့သူတွေ အမြစ်ပြတ် ဖမ်းနိုင်မှ မူးယစ်ဆေးဝါးကင်းစင်မယ်” ဟု လည်း နမ့်ခမ်းဒေသခတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ ပတ်ပတ်လည်ရှိ မူးယစ်ဆးဝါး ရောင်းချသည့် စခန်းများကို ယခင်ကတည်းက ရဲတပ်ဖွဲ့ နှင့် အခြား သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဖမ်းဆီးနှိမ်နင်းမှုများ ရှိနေသော်လည်း မူးယစ်ဆေးဝါး ဈေးကွက်များက မြို့အနီးထိ ဆက်လက်ကျင်လည် နေသေးကြောင်း နမ့်ခမ်း ဒေသခံများက ပြောသည်။

သျှမ်းမြောက် ရွှေလီမြစ်ဝှမ်း ဒေသ( ထုန့်မောဝ်း) တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊သုံးစွဲမှုများလာသဖြင့် ယခုလဆန်းပိုင်းတွင် ထုန်မောဝ်း ဒေသခံများက မူးယစ်ဆေးဝါးများကို ရှင်းလင်းပေးရန် SSPP/SSA ကို စာရေး တင်ပြခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...