Wednesday, January 28, 2026

နမ့်ခမ်းမြို့ရှိ မူးယစ်ဆေးဝါး ရောင်းချနေသည့် နေရာကို SSPP ဝင်ရောက်မီးရှို့ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မူးယစ်ဆေးရောင်းချနေသည့်ဆိုင်တန်းများကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၂၀)ရက် မနက် (၁၀) နာရီခွဲ ဝန်းကျင်တွင် နမ့်ခမ်းမြို့ နေဝင်းရီစစ်ဘေးရှောင်စခန်း အနီးရှိ အကာအရံ အပြည့်ဖြင့် တည်ဆောက်ထားသည့် မူးယစ်ဆေးဝါး ရောင်းချနေသည့် နေရာကို (SSPP/SSA) တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ် စီးနင်းကာ မီးရှို့ဖျက်ဆီးလိုက်ပြီး၊၎င်း စခန်းတွင်းမှ လူဦးရေ (၂၀) ထက်မနည်း ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

“SSPP အဖွဲ့ ကား(၄)စီးနဲ့လာတယ်။ ဘိန်းရောင်းတဲ့သူနဲ့ ဘိန်းစားတဲ့သူ စုစုပေါင်း ၂၀ဦးလောက်ဖမ်းခံရတယ်။ အများစု ဖမ်းခံရတာကတော့ ဘိန်းရောင်းတဲ့သူပါ” ဟု နမ့်ခမ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူးယစ်ဆေးဝါးရောင်းချသည့် ပွဲဈေးတန်းကဲ့သို့ ထင်ရလောက်အောင် ဆိုင်ခန်းများ တည်ဆောက် ကာ ခင်းကျင်းထားကြောင်း၊ ထိုမူးယစ်ဆေးဝါးရောင်းချသူများသည် ရဲများဖြင့် ပူးပေါင်းပြီး ရောင်းချနေသည် ဟုလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ ဒီနေရာတော့ ရှင်းပြီးပြီ ဘယ်နေရာ ထပ်ပြီးပြောင်းရောင်းမလဲဆိုတာ မသိသေးဘူး။ ဘိန်းရောင်းတဲ့သူတွေ အမြစ်ပြတ် ဖမ်းနိုင်မှ မူးယစ်ဆေးဝါးကင်းစင်မယ်” ဟု လည်း နမ့်ခမ်းဒေသခတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ ပတ်ပတ်လည်ရှိ မူးယစ်ဆးဝါး ရောင်းချသည့် စခန်းများကို ယခင်ကတည်းက ရဲတပ်ဖွဲ့ နှင့် အခြား သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဖမ်းဆီးနှိမ်နင်းမှုများ ရှိနေသော်လည်း မူးယစ်ဆေးဝါး ဈေးကွက်များက မြို့အနီးထိ ဆက်လက်ကျင်လည် နေသေးကြောင်း နမ့်ခမ်း ဒေသခံများက ပြောသည်။

သျှမ်းမြောက် ရွှေလီမြစ်ဝှမ်း ဒေသ( ထုန့်မောဝ်း) တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊သုံးစွဲမှုများလာသဖြင့် ယခုလဆန်းပိုင်းတွင် ထုန်မောဝ်း ဒေသခံများက မူးယစ်ဆေးဝါးများကို ရှင်းလင်းပေးရန် SSPP/SSA ကို စာရေး တင်ပြခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...