သျှမ်းမြောက်အတွင်း တပ်သားသစ်ကောက်ပြီး၊ တိုင်းရင်းသားချင်းတိုက်ပွဲမဖြစ်စေလို

သျှမ်းပြည် မြောက်ပိုင်း အတွင်း တိုင်းရင်းသားလက်နက်ကိုင် တချို့ တပ်သားသစ် စုဆောင်းနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ ကို ပြည်သူများက ရရာလက်နက်ကိုင်စွဲကာ တော်လှန်တိုက်ခိုက်နေချိန် သျှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများက နေရပ်စွန့်ခွာနေရသည့် ဘဝရောက်ရှိနေသည်။

ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ရမည်ကို မလိုလားသည့်အတွက် သျှမ်းပြည်သားများက တိုင်းရင်းသားလက်နက်ကိုင် တပ်ထဲ မဝင်လိုသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

သျှမ်းမြောက်ဒေသအတွင်း မေလနောက်ဆုံးပတ်မှ စတင်ပြီး မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဝင် များဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပြည်သူ့စစ်များပါ တပ်သားသစ် စုဆောင်ေးနကြောင်း ဒေသခံများ သတင်းပေးပို့ချက် အရသိရသည်။

ထိုထဲတွင် (SSPP/SSA)သည် မိုင်းရယ်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ နမ္မတူမြို့ နှင့် သီပေါမြို့နယ် အတွင်းစစ်သားကောက်ခံမှု ပြုလုပ်နေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့် ကို အတည်ပြုပြောဆိုခဲ့သည်။

“ ကျနော်တို့ သျှမ်းတပ်မှာ အလုပ်မလုပ်ချင်တာ မဟုတ်ဘူး။ ကိုယ့်လူမျိုးတပ်ပဲ ဘယ်သူမဆို လုပ်ချင်တယ်။ ဒါပေမယ့် ကိုယ့်လူမျိုးအချင်းချင်း တိုက်နေရမယ်ဆိုရင် မလုပ်ချင်ဘူး။ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်နေရမယ်ဆိုရင် မလုပ်ချင်ဘူး” ဟု တန့်ယန်းဒေသခံ လူငယ် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းလက်နက်ကိုင် အချင်းချင်းတိုက်ခိုက်နေမှုကြောင့် မိဘများလည်း သား၊သမီးများ သျှမ်းတပ်ထဲ မပို့ချင်တော့သကဲ့သို့ လူငယ်များလည်း သျှမ်းတပ်(၂)တပ်ထံ သွားရောက်အလုပ်လုပ်ရန် တွန့်ဆုတ်လာကြောင်း တန့်ယန်းလူငယ် က ပြောသည်။

“ ကိုယ့်လူမျိုးကို ကာကွယ်တဲ့ တပ်မှာ လုပ်ဖို့ ဆုံးဖြတ်ပေမယ့် ကိုယ့်လူမျိုးအချင်းချင်း တိုက်နေတဲ့နေရာတော့ မလုပ်ချင်ဘူး။ ဟိုဘက် ဒီဘက်ဆိုတာ မဖြစ်ချင်ဘူး။ ဘယ်တပ်ပဲဖြစ်ဖြစ် စစ်ကောင်စီ ကို အမြစ်ပြတ်တိုက်တဲ့ တပ်ဖြစ်စေချင်တယ်” ဟု ၎င်း လူငယ် ကတောင်းဆိုလိုက်သည်။

သျှမ်းပြည်အတွင်း တပ်သားသစ်စုဆောင်းမှုသည် လက်နက်ကိုင်တပ်ဖွဲ့တိုင်း၏ ပေါ်လစီဖြစ်သည်ကို လက်ခံကြောင်း၊ သို့သော် ယခုနှစ် လက်နက်ကိုင်တပ်ဖွဲ့များ ယခင်ကထက် တပ်သားသစ်ပိုတောင်းခံလာကြောင်း နမ္မတူမြို့နယ် ရှိ သျှမ်းလူငယ် စိုင်းဖ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“လူသစ်တောင်းတာက နှစ်တိုင်းရှိနေပါတယ်၊ကျနော်တို့ ဖက်မှာဆိုလည်း အဖွဲ့အစည်းကလည်းစုံတော့ လုပ်ရမည့်အတူတူ ကိုယ့်လူမျိုးအတွက်ပဲလုပ်မယ်ဆိုပြီး သူတို့ သတ်မှတ်ထားတဲ့ အရေအတွက် နှစ်စဉ်ပို့ဆောင်ပေးတယ်၊ ဒါပေမယ် ဒီနှစ်တော့ ခါတိုင်း နှစ်ထက် ပိုလာလို့ ဒုက္ခရောက်ရတယ်”ဟု စိုင်းဖ က ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း သန္နီ၊ လားရှိုး ၊ ကွတ်ခိုင်မြို့နယ်အတွင်း ကချင်တပ် KIA နှင့် ကိုးကန့် MNDAA တပ်တို့လည်း တပ်သားသစ်စုဆောင်းနေပါသည်။

“ခုလက်ရှိ ကျနော်တို့ဖက်မှာ လူသစ်စုဆောင်းတာက ပလောင် နဲ့ ကိုးကန့်၊ သျှမ်းတပ်တွေလည်း ကောက်တယ်၊ အဲ့ထက်ဆိုးတာက ပြည်သူ့စစ်ကပါ တပ်သားတောင်းနေကြတော့ ဒေသခံတွေတော့ ထွက်ပြေးသူကပြေးနဲ့ ကျနော်တို့မှာ တော်တော်ဒုက္ခရောက်ရတယ်” ဟု တန့်ယန်းမြို့ဒေခံ တစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

သျှမ်းပြည်အတွင်းနေထိုင်ကြသည့် သျှမ်းလူမျိုးများဖြစ်ကြသည့် အတွက် သျှမ်းတပ်ထဲသို့ ဝင် ရောက်တာဝန် ထမ်းဆောင်ရန် ဝန်မလေးသော်လည်း သျှမ်းလက်နက်ကိုင် (၂)တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် သျှမ်းတပ်ထဲဝင်ရမှာ စိုးထိတ်ခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူ အများစုက ပြောဆိုကြသည်။

သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နရသည့် သျှမ်းလူငယ် ရွာသားတစ်ဦးက “သျှမ်းလူမျိုး ဖြစ်လို့ သျှမ်းစစ်သားလုပ်ရမယ်ဆိုတာ ဖြစ်သင့်ပါတယ်၊ ဒါပေမယ့် သျှမ်းစစ်သားလုပ်ရင်လည်း ကိုယ့်လူမျိုး အချင်းချင်း ပြန်ပစ်ရမှာ မလိုလားဘူး၊ အဲ့ကြောင့် ထွက်ပြေးနေရတယ်” ဟုသျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ SSPP တပ်သားသစ် စုဆောင်းသည့် ကိစ္စသည် တပ်ဖွဲ့မှ သတ်မှတ်ထားသည့် မူအတိုင်းသာ လုပ်ဆောင် ခြင်းဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဘုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“SSPP စစ်သားကောက်လွန်းလို့ ထွက်ပြေးရတယ်ဆိုတာ တခြားတပ်က မနာလို ဝါဒဖြန့်တဲ့ စကားတွေပါ။ စစ်သားကောက် တယ်ဆိုတာ စစ်တပ်တိုင်းမှာ ရှိပါတယ်၊ နည်းတယ်။များတယ်ဆိုတာတော့ ကျနော်တို့လည်း ကျနော်တို့ မူအတိုင်းဘဲ၊ အဲ့ထက်ပိုပြီးတော့လည်း မလုပ်ဘူး ” ဟု ၎င်းက ပြောသည်။

တပ်သားသစ် နှစ်စဉ် ပို့ဆောင်ရေးသည် လက်နက်ကိုင်တပ်တိုင်းပေါ်လစီ ရှိသော်လည်း တခြားလက်နက်ကိုင်တပ်ဖွဲ့ကို အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးသည် မိမိတို့တပ်အင်အား တောင့်တင်းဖို့အတွက် စစ်သားကောက်ယူမှုများ ရှိနေကြရာ အချို့သော ဒေသခံလူငယ်လူရွယ်များက မိမိတို့ သဘော ဆန္ဒအလျှောက် စစ်တပ်ထဲ ဝင်သူများ ရှိသလို စစ်သားမလုပ်ချင်သောကြောင့် မိသားစုလိုက်ထွက်ပြေး တိမ်းရှောင်နေရသူ များလည်း ရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။