တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်ပြန်သွားသည့် ကျေးသီးစစ်ရှောင်ထပ်မံထွက်ပြေးနေရ

သျှမ်းတောင် ကျေးသီးမြို့ အတွင်း တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်ပြန်သွားသည့် စစ်ရှောင် (၃၀၀)ဝန်းကျင် ထပ်မံ စစ်ရှောင်လာရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန် ၈)ရက် မနက် (၉ )နာရီကျော်ဝန်းကျင်တွင် ကျေးသီးမြို့ရှိ စစ်ဘေးရှောင် (၁၀၀၀)ခန့် မှ (၃၀၀) ဝန်းကျင် သည် တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်သို့ပြန်သွားကြသည်။

သို့သော် ကျေးသီးမြို့နယ်အတွင်း သျှမ်းတပ်(၂)တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့သည် ယမန်နေ့ အတွင်း တိုက်ပွဲပြန်ဖြစ်ပွားသဖြင့် စစ်ရှောင်စခန်းသို့ ည(၇)နာရီ ပြန်လည်ရောက်ရှိလာကြောင်း ကျေးသီးမြို့နယ် ဟော်ခမ်း ဘုန်းကြီးကျောင်း မှ ဦးဇင်းတစ်ပါး က သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။

“ ပြည်သူတွေကတော့ အရမ်းငြိမ်းချမ်းချင်နေပြီ၊ မနေ့ မနက်ပိုင်းကတော့ ပစ်ခတ်သံတွေမကြားရလို့ စစ်ဘေးရှောင် တစ်ချို့ ကတော့ ပြန်သွားပါပြီ၊ ဒီကာလမှာ စိုက်ပျိုးရေးကာဆိုတော့လည်း ပူရတယ်ဆိုတော့ ပြန်သွားကြတာ၊ညနေပိုင်းမှာ သေနတ် သံတွေပြန် ကြားရင်တော့ ပြန်လာကြရတယ်” ဟု ဦးဇင်းက မိန့်သည်။

လက်ရှိတွင် ကျေးသီးမြို့ပေါ်ရှိ နေရပ်မပြန်ရသေးသည့် စစ်ဘေးရှာင်များသည် နောင်ဆွမ်းဘုန်းတော်ကြီး ကျောင်းမှ (၇၀၀) ကျော်၊ ကမ္မထမ်းကျောင်းမှ ( ၇၄ ) ဦး၊ ဘောင်အုတ်ဘုန်းတော်ကြီးကျောင်းမှ ( ၃၃) ဦး နှင့် သုဝန္နသီရိ ဘုန်းတော်ကြီး ကျောင်း မှ ( ၁၅၅) ဦး တို့ဖြစ်ကြောင်းသိရသည်။

“ကျန်နေသေးတဲ့ စစ်ဘေးရှောင်တွေကတော့ အခြေအနေကို ကြည့်ရအုံးမယ်၊ မနေ့က အစောပိုင်းမှာ ပစ်ခတ်သံတွေ မကြား ရလို့ ပြန်တဲ့သူတချို့ကတော့ ညနေပိုင်း ပစ်ခတ်သံတွေ ပြန်ကြားရလို့ ပြန်ရောက်လာကြတယ်၊ အခုထိ နှစ်ဖက်စလုံး စစ်ရေးတင်းမာမှုက ရှိနေသေးတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးသီးမြို့နယ် လွယ်ဟွန်းတောင် ကြောတွင် ဇွန်လ ၁ ရက်နေ့မှ စတင်ခဲ့သည့် RCSS နှင့် SSPP တို့သည် အပြန်အလှန် နယ်မြေကျူးကျော်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် တိုက်ပွဲဖြစ်ပွားကာ စစ်ဘေးရှောင် (၁၀၀၀ )ဝန်းကျင် ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...