Wednesday, January 28, 2026

မိုင်းယော် ဒေသခံ (၂) ဦး ကို SSPP/SSA မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဒေသခံ (၂ )ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) မှ တပ်သားလုပ်ရန်အတွက် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများသတင်းပေးပို့ချက်အရသိရသည်။

မိုင်းယော်တိုက်နယ် တွင် ယမန့်နေ့( ဇွန် ၂၀)ရက် ည( ၉) နာရီဝန်းကျင်တွင်( SSPP/SSA) တပ်သားမှ လူအင်အား ၅ ယောက်ဖြင့် မိုင်းယော်ဒေသခံ (၂)ဦးကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

“ ညအချိန်မှာ လာရောက်ဖမ်းသွားတာ။ စစ်သားလုပ်ဖို့ဆိုပြီးလာဖမ်းသွားတယ်။ ဖမ်းခံရတဲ့ (၂) ယောက်က အသက်ကြီးပြီး။ သူတို့မှာအိမ်ထောင်ရှိကြတယ်။ ကလေးတွေက တစ်ချို့က ငယ်သေးတယ်။ သူတို့ မိသားစုအတွက် အခက်ခဲတွေ ဖြစ်နေတယ်” ဟု မိုင်းယော်ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

SSPP/SSA မှ ဖမ်းဆီးသွားသည့် အရပ်သား (၂) ဦးသည် အသက် (၅၀) ဝန်းကျင်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါ ဒေသခံ (၂ )ဦး ကို ဖမ်းသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ကို သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

“ အရင်ကတော့ တပ်သားစုဆောင်းဖို့က သူတို့တောင်းတယ်။ လာဖမ်းယူသွားတာတော့ မရှိဘူး။ နောက်ကျရင်တော့ ဘယ်လိုရှိလာမလဲမသိဘူး” ဟု မိုင်ယော်ဒေသခံတစ်ဦးကပြောသည်။

မိုင်းယော်ဒေသသည် လာရှိုးမြို့နယ်တွင်တည်ရှိပြီး ကျေးရွာအုပ်စု ၃၁ ခုရှိပြီး၊ မိုင်းယော်ဒေသတွင် SSPP/SSA အပြင် TNLA၊ MNDAA၊ KIA နှင့် မန်ပန်ပြည်သူ့စစ်တို့လှုပ်ရှားသည့်ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။