ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ SSPP/SSA ၊ TNLA နှင့် RCSS/SSA ယမန့်နေ့ (ဇွန် ၂၂) ညနေ ( ၆) နာရီဝန်းကျင်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသည် (၁) နာရီကျော်ကြာပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ အနီးတဝှိက်တွင်နေထိုင်သည့် ပြည်သူတစ်ချို့ထွက်ပြေးတိတ်ရှောင်းခဲ့ရကြောင်း ဒေသခံများကပြောသည်။

“ ကျောက်မဲမှာက တိုက်ပွဲခဏခဏဖြစ်တယ်။ မနေ့ညတော့ ၁ နာရီကြာပစ်ခတ်မှုခဲ့တယ်။ ဒီနေ့က တော့ မကြားရသေးဘူး။ အခြေနေကတော့ နမ္မတူတို့ဘက်လောက်မဆိုးဘူးပေါ့ ” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့သည် တိုက်ပွဲဖြစ်ပွားလာခဲ့သည့် မှာ (၆)လတာ ကြာခဲ့ပြီဖြစ်ပြီး လက်ရှိ အချိန်ထိ စစ်ရေး တင်းမာနေဆဲဖြစ်ပြီး၊ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်သည်။

ထို့တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများလည်း စစ်ဘေးရှောင်နေရသည်မှာ (၆) လကြာ ရှိလာပြီး၊ ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

“ တိုက်ပွဲက မနေ့က ထိဖြစ်တယ်။ ဘယ်ချိန်ထိ ဆက်ဖြစ်နေမလဲမသိဘူး။ စစ်ရှောင်တွေကတော့ ထွက်ပြေးနေရတာ (၆)လကြာပြီ။ နေရပ်မပြန်ရဲသေးဘူး” ဟု စစ်ဘေးရှောင်ကိုကူညီပေးနေသည့် သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ ကျေးရွာအတွင်း အသက်ကြီးသည့်သူများသာကျန်နေပြီး လူငယ်များသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ တပ်သားသစ်စုဆောင်းမည်ကို လည်းကြောက်နေသဖြင့် နေရပ်ကို မပြန်ရဲကြောင်း သိရသည်။

“ ကျေးရွာမှာက လူတွေသိပ်မရှိတော့ဘူး။ လူကြီးပိုင်းတွေပဲရှိတော့တယ်။ လူငယ်တွေအများစုက ထွက်ပြေးသွားပြီး။ တပ်သားသစ်ကောက်မှာဆိုလို့ သူတို့ထွက်ပြေးကြတာ။ တစ်ခြားမြို့မှာသွားပြီး အလုပ်လုပ်ကြရတယ်။ ဘယ်တပ်က ကောက်တာလဲမသိဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားသည့်နေရာဖြစ်ပြီး၊ စစ်ဘေးရှောင်များ (၆)လသာ ရက်ရှည်လာသည့်အတွက်မည်သည့် အလှူရှင်မှ လာရောက်ပြီး လှူဒါန်းခြင်းမရှိတော့ကြောင်းလည်း စစ်ဘေးရှောင်ကူညီသည့် သူတစ်ဦးက ပြောပြသည်။

“ ရက်ရှည်လာတော့ အလှူရှင်လည်း မရှိတော့ စားဝတ်နေရေးခက်ခဲလာတယ်။ စစ်ရှောင်များစုက ဝမ်းရေးအတွက် တခြားနေရာပြောင်းပြီး အလုပ်သွားရှာကြတယ်။ စစ်ရှောင်နေရာကလည်း အဆင်မပြေတော့ဘူး” ဟု ၎င်းက ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားနေလျက်ရှိပြီး တိုက်ပွဲများကို အမြန်ဆုံးရပ်တန်ပေးရန်အတွက် သံဃာများ၊ ပြည်သူများက တောင်းဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...