Tuesday, January 27, 2026

PNO

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...

တောင်ကြီးမြို့ပေါ် PNO ပြည်သူ့စစ်အယောင်ဆောင် အုပ်စုဖွဲ့ပြီး အမျိုးသားတစ်ဦးကို ချောင်ပိတ်ရိုက်နှက်

သျှမ်းပြည် တောင်ကြီးမြို့တွင် လူတစ်စုက ရွှေဘုန်းပွင့်ဘုရားဖူးပြီး ပြန်လာသည့် ‌ကားရှေ့တွင် ပိတ်ရပ်ပြီး ယာဉ်မောင်းသူ အမျိုးသားကို ချောင်ပိတ် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ မြစိမ်းတောင်ပေါ်ရှိ ရွှေဘုန်းပွင့်ဘုရားသွားဖူးပြီး ပြန်လာသည့် မိသားစု၏ ကားတစ်စီး...

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ...

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။

ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကော်မရှင်နှင့် PNO  ပြည်သူနေအိမ်များကို မီးရှို့ဟု PNLA ထုတ်ပြန်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် ပြည်သူနေအိမ်များကို မီးရှို့နေကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ (ဩဂုတ်လ ၁၈ ) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ စစ်ကော်မရှင်နှင့် PNOတို့သည်  ဆီဆိုင်မြို့နယ် နောင်ထောဝ် ကယန်းပိုင်းကျေးရွာနှင့် နောင်ဗိုကျေးရွာကို ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်မှ ၁၇ရက်နေ့အထိ မီးရှို့ဖျက်ဆီးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်လာသည်။ နောင်ဗိုကျေးရွာရှိ နေအိမ် ၂၀ ထက်မနည်း ပျက်စီးသွားခဲ့ပြီး နောင်ထောဝ်ကယန်းပိုင်း ကျေးရွာမှားတွင် နေအိမ် ၁၀၀ နီးပါး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။ “PNOပြည်သူ့စစ်က စစ်ကော်မရှင်ကိုခေါ်ပြီး ပအိုဝ်းပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ။ သူတို့မီးရှို့နေတာက ပအိုဝ်းလူမျိုးနေအိမ်တွေများတယ်.။PNOက ကိုယ့်လူမျိုးနေအိမ်ကို ကိုယ်တိုင်မီးရှို့နေတာ။PNOအနေနဲ့ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ပအိုဝ်းလူမျိုးအသက်တွေနဲ့ ကာကွယ်ပေးနေရတယ်ဆိုတာ အမြင်မှန်ရသင့်ပြီ”ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင်  ဆီဆိုင်မြို့နယ် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က မီးရှိုဖျက်ဆီးခဲ့သောကြောင့်  နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်တွင်လည်း  ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း(၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ထိုကျေးရွာမှ ပြည်သူများသည် ဆီဆိုင်မြို့ပေါ်နှင့် ဘုရားဖြူကျေးရွာရှိ ဓမ္မာရုံတို့တွင် ခိုလှုံနေရပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များလိုအပ်နေကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် စစ်ကောင်စီနှင့် PNO အရပ်သားနေအိမ်မီးရှို့ဟု PNLAပြော

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA ပြောရေးဆိုခွင့်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဩဂုတ်လ (၅)ရက်နေ့မှ စပြီး PNOနှင့် စစ်ကောင်စီ တပ်သားများက အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ အုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်...

ညောင်ရွှေမြို့နယ် PNO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူများ စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှိ ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သည့်နယ်မြေ အတွင်းနေထိုင်သော ပြည်သူများကို စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ လယ်မှစပြီး ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာနှင့် လွယ်နွဲ့ကျေးရွာတွင် စစ်ကောင်စီနှင့် PNOက နေရပ်ပြန်ခိုင်းပြီးကျေးရွာအတွင်း ငွေကောက်ခြင်း၊ ငွေမထည့်နိုင်သူများက်ု PNOယူနီဖောင်း ဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းကြောင်း...

ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ စစ်ကောင်စီ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့ပြင်မှနေရ၍ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေစဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ စပြီး ယနေ့ ( ဩဂုတ်လ ၈ )ရက်အထိ နေ့စဉ် စစ်ကောင်စီတပ်သားများသည် ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြေောင်း၊...

ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များ PNO ထံ တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးဆောင်ရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် နေရပ်သို့ ပြန်လာသည့် စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) က တစ်အိမ်လျှင် ငွေကျပ် ၅ သိန်းစီ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းတုတ်ကျေးရွာသို့...

Latest news