တောင်ကြီး မြို့ပေါ် စစ်ကော်မရှင်နှင့် PNO စစ်ဆေးရေးတင်းကြပ်၊ လူငယ်များပျောက်ဆုံးမှုရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးမှုတင်းကြပ်နေပြီး၊ ယခုရက်ပိုင်း လူငယ်များလည်း ပျောက်ဆုံးမှုရှိလာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ တတိတယ ပတ်မှစပြီး တောင်ကြီးမြို့တွင် ည (၇)နာရီနောက်ပိုင်းတွင် စစ်ကော်မရှင်နှင့် ၎င်း၏လက်အောက်ခံ PNOတို့က ယူနီဖောင်းအပြည့်စုံ ဝတ်ပြီး ကား(၈)စီးခန့်ဖြင့် အရှေ့မြို့ပတ်လမ်း မီးပွိုင့်များ အနောက်မြို့ပတ်လမ်းတွင် လှည့်လည်စောင့်ကြည့် စစ်ဆေးနေကြောင်း သိရသည်။

ထိုသို့ စစ်ကော်မရှင်တပ် မြို့တွင်းလုံခြုံရေး တင်းကြပ်ပြီးနောက်ပိုင်း တောင်ကြီးမြို့ ရွေတောင်ရပ်ကွက်၊ ကံသာရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်နှင့် ဖရဲရပ်ကွက်မှ ညဆိုင်းအလုပ်လုပ်သူ သက်လတ်ပိုင်းအရွယ် (၃) ဦးနှင့် လူငယ် (၂)ဦး တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပျောက်ဆုံးသွားကြောင်း သိရသည်။

“လူငယ်တွေတော့ ပျောက်နေတာ ကြားတယ်၊ အသိထဲက အထက်တန်းကျောင်းသား ဆိုလည်း အပြင်သွားမယ်ဆိုပြီး ဒီဇင်ဘာ ၂၄ ရက်က ထွက်သွားတာ ခုထိအဆက်သွယ်လည်းမရ ၊ပြန်လည်း မလာဘူး။ ပေါ်တာများဆွဲခံလိုက်ရတာလား မသိဘူး။ တစ်ခုခုဖြစ်သွားမှာ စိတ်ပူနေကြတာ။”ဟု တောင်ကြီးမြို့ခံ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပျောက်ဆုံးသွားသော လူငယ်များထဲတွင် စစ်ရှောင်အမျိုးသားတစ်ဦးလည်း ပါဝင်ပြီး ယနေ့အထိ အဆက်သွယ်ပြန်မရသေးသောကြောင့် မိသားစုဝင်များ စိတ်ပူနေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်တပ် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် သျှမ်းပြည်နယ်၌ မြို့နယ် (၁၂)ခုတွင် ကျင်းပမည်ဖြစ်သောကြောင့် လုံခြုံရေးတင်းကြပ်လာပြီး ပြည်သူများ ညဘက် အသွားအလာ ဂရုစိုက်ကြရန် တောင်ကြီးမြို့ခံများက အကြံပြုပြောထားသည်။

“ရွေးကောက်ပွဲနီးလို့ ထင်တယ် စစ်ကားတွေ မီးပွိုင့်ဖက်မှာ တွေ့တယ်။လမ်းသွားလမ်းလာတွေကို စစ်တယ်၊ ည ၉နာရီနောက်ပိုင်းဆို ပိုစစ်တယ်၊ ဘယ်သွားလဲ ဘယ်လာလဲနဲ့ စစ်တာ၊ ညဖက်ကို ဘယ်မှမသွားတာ အကောင်းဆုံး၊ ညဆိုင်း အလုပ်သွားရင်လည်း စောစောပြန်တာပိုကောင်းတယ်။”ဟု တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကော်မရှင်က စစ်ယူနီဖောင်းအပြည့် ဝတ်ပြီး ကားများနှင့် တောင်ကြီးမြို့ကို လှည့်ပတ်စောင့်ကြည့်ခဲ့သည့်မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ခုနှစ် တွင်သာရှိခဲ့ပြီး ယခု ၂၀၂၅ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံတွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၉ရက် မနက်ပိုင်းတွင် ကိုအောင်ကိုကို(ခ) ဖိုးနီသည် ဇနီးနှင့် ကလေး ၂ယောက်ရှိရာ စစ်ဘေးရှောင်နေရာသို့ ပြန်လာရာလမ်းတွင် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရာမှ ယနေ့(ဒီဇင်ဘာ ၂၃)ရက်ထိ မတွေ့ရှိသေးကာ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် စစ်ကော်မရှင်မှ ညဘက် ကင်းလှည့် စစ်ဆေးနေချိန်တွင် လမ်းသွားလမ်းလာ များအပါအဝင် လိုင်စင်မဲ့ကား များကိုဖမ်းဆီးပြီး အဆိုပါ ဖမ်းခံရသည့်ကားများကို ငွေဖြင့် ပြန်ရွေးလျှင် လူပါ ဖမ်းဆီးခံရမည်ဟု စစ်ကော်မရှင်က ခြိမ်းခြောက်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...