နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု ကုန်သာကျေးရွာသို့ပြန်လာပြီး အဒေါ်အိမ်တွင် ညအိပ်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၉ရက် မနက်ပိုင်းတွင် ကိုအောင်ကိုကို(ခ) ဖိုးနီသည် ဇနီးနှင့် ကလေး ၂ယောက်ရှိရာ စစ်ဘေးရှောင်နေရာသို့ ပြန်လာရာလမ်းတွင် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရာမှ ယနေ့(ဒီဇင်ဘာ ၂၃)ရက်ထိ မတွေ့ရှိသေးကာ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

“ပျောက်နေတာက ၄ ရက်လောက်ရှိပြီ၊ခုထိ အဆက်သွယ် စကားမပြောရသေးဘူး။ ပျောက်သွားတော့ စိတ်ပူတာပေါ့ တစ်ခုခုများ ဖြစ်နေမလား မသိဘူး၊ သွားတုန်းကတော့ သူ့သူငယ်ချင်းတွေပါတယ် ပြန်လာတော့ မပါဘူး တစ်ယောက်တည်းလို့ ပြောတယ်။ တစ်ခုခု မဖြစ်နေဖို့ပဲ ဆုတောင်းနေရတယ်။”ဟု အောက်ကိုကို၏ မိသားစုဝင် တစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

ကိုအောင်ကိုကိုတို့မိသားစုသည် ၂၀၂၃ခုနစ် နိုဝင်ဘာ ၁၁ရက်တွင် သျှမ်း-ကရင်နီနယ်စပ် ၌ စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အင်းလေးဒေသသို့ ထွက်ပြေး တိမ်းရှောင်လာကြသူများ ဖြစ်သည်။

ထိုအချိန်မှစပြီး ယနေ့ထိတိုင် ကိုအောင်ကိုကိုတို့ မိသားစုသည် နေရပ်ပြန်နိုင်ခြင်းမရှိပေ။ သို့သော်လည်း ဝမ်းရေးအတွက် ပြောင်းချိုးရန်အတွက် သွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ကိုအောင်ကိုကို ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များလည်း လူမှုကွန်ရက်စာမျက်နှာပေါ် လူပျောက် ကြေညာခဲ့သည်။

ထို့နောက် အမည်မသိ အမျိုးသားတစ်ဉီးက ဖုန်းခေါ်ဆိုလာပြီး ကိုအောင်ကိုကိုသည် မိတ္ထီလာမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ငွေကျပ်(၇)သိန်းဖြင့် လာရောက် ညှိနှိုင်းရန်ပြောဆိုလာသေးသည်။

“မိတ္ထီလာမှာ ဖမ်းထားတယ်ဆိုပြီး ဖုန်းခေါ်လာတာ၊ ဖုန်းခေါ်တဲ့ သူက သူ့ကိုယ်သူ ဗိုလ်မှူးလို့ပြောတယ်။ ပိုက်ဆံ ငွေကျပ် (၇)သိန်းနဲ့ လာညှိနိူင်းလို့ရတယ်ပြောတယ်။ အဲဒါနဲ့ ဒီဖက်ကလည်း သေချာအောင် စုံစမ်းပြီး လိုက်သွားဖို့ ပြင်ဆင်နေတယ်။”ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

သို့သော်လည်း ငွေလိမ်လည်မှုဖြစ်မည်ကို စိုးရိမ်နေရသဖြင့် သေချာအောင်စုံစမ်းနေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၂) ရက်နေ့တွင် တောင်ကြီးမြို့နယ် ကျောင်းကြီးစုရပ်ကွက်တွင် နေထိုသည့် အသက် (၂၈)နှစ်အရွယ် ကိုရဲသီဟအောင် သည် နေအိမ်အပြင် ခဏသွားမည်ဟုဆို၍ ပျောက်ဆုံးသွားသည်မှာ နှစ်လရှိပြီ ဖြစ်ပြီး ယနေ့အထိ မတွေ့သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...