ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ အရပ်သား ၃၀၀၀ ကျော်သည် ပင်လောင်းမြို့နယ်အတွင်းရှိ ပင်ခွန်ကျေးရွာ ၊ မန်းထားကျေးရွာ အနီးတဝိုက် ကျေးရွာများနှင့် ပင်လောင်းမြို့ပေါ်တို့ တွင် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ထိုသို့ ၂ နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်ပြီးနောက် ယခုနှစ် ၂၀၂၅ အောက်တိုဘာလမှ စ၍ နေရပ်သို့ ပြန်လာကြသော နန်းနိမ့်ဒေသခံများသည် စစ်ကော်မရှင် လက်နက်ကြီးကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း ‌ဒေသခံများက ပြောသည်။

“အကုန်လုံးတော့ မပြန်လာကြသေးဘူး၊ သုံးပုံ တစ်ပုံခွဲတော့ ပြန်လာကြတယ်။ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးတဲ့အတိုင်းပဲ ပြန်မပြင်နိုင်ကြသေးဘူး။ အိမ်တွေလည်း မပြင်နိုင်ကြသေးဘူး၊ စစ်ရှောင်နေရာကနေ ပြန်လာတော့ ဘာမှကို မရှိတာ စားဖို့တောင် အနိုင်နိုင်ပဲ။ ဘုန်းကြီးကျောင်းပြင်ရင် ပိုက်ဆံထည့်ဖို့တောင် မရှိသေးဘူး”ဟု နန်းနိမ့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့သို့ နေရပ်ပြန်လာကြသော်လည်း တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်နေရသေးကြောင်း၊ အလုပ်လုပ်နိုင်သူများသာ နေအိမ်သို့ ပြန်လာကြပြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်များမှာ နေရပ်မပြန်လာကြသေးကြောင်း ၎င်းက ဆက်ပြောသည်။

ပအိုဝ်းပြည်သူ့စစ် PNA များက ကျေးရွာအတွင်း မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးသည်ဟု ဆိုသော်လည်း တောင်ယာနှင့် ခြံများတွင် ရှင်းလင်းထားခြင်း မရှိသေးသောကြောင့် စိတ်လုံခြုံမှု မရသေးကြောင်း နေရပ်ပြန် စစ်ရှောင်တစ်ဦးက ပြောသည်။

“PNA က မြေမြှုပ်မိုင်း ရှင်းပေးထားတယ်ဆိုလို့ ပြန်လာတယ်။ ခြံတွေ ဘာတွေတော့ သိပ်မသွားရဲသေးဘူး၊ မြေမြှုပ်မိုင်း ကြောက်နေရသေးတယ်။ သူတို့က ရွာထဲပဲ ရှင်းထားတယ် ထင်တယ်၊ ခြံတွေတော့ သွားတဲ့သူ မရှိဘူး။ စစ်ရဲ့ နောက်ဆက်တွဲကို ဒေသခံတွေပဲ ခံရတော့ အရာရာ သတိရှိမှ ကောင်းတာ”ဟု အဆိုပါ နေရပ်ပြန် စစ်ရှောင်အမျိုးသားက ထပ်လောင်းပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဒေသခံများ၏ ‌တောင်ယာခြံနှင့် တောင်ယာသွားလမ်းတွင် မြေမြှုပ်မိုင်းများကို သေချာရှင်းလင်း ပေးစေလိုကြောင်းနှင့် မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေးများကိုလည်း လုပ်ဆောင်စေလိုကြောင်း ၎င်းက ဆက်ပြောသည်။

ပင်လောင်းမြို့နှင့် နန်းနိမ့်ကျေးရွာကို ဆိုင်ကယ်ဖြင့် တစ်နာရီနီးပါး သွားလာရပြီး လမ်းတစ်လျှောက်တွင်လည်း PNA ပြည်သူ့စစ် ဂိတ်များက စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ပင်လောင်း- ဖယ်ခုံမြို့နယ်စပ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်း စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ (၁၀) ရွာမှ ဒေသခံ ၅၀၀၀ ဝန်းကျင် နီးစပ်ရာ ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...