ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။

ထိုစစ်ကော်မရှင် တပ်သားနှင့် PNO တပ်ဖွဲ့တို့သည် ရွာငံမြို့နယ် ငှက်သောက်ကျေးရွာ၊ ကျောက်ငှက်ကျေးရွာ၊ မင်းပလောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ထိုတပ်သားများကို ဒေသခံများက ထမင်းထုပ်သွားရောက် ပို့ဆောင်ရကြောင်း ရွာငံမြို့နယ် ဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အဲ့တပ်သားတွေက ရွေးကောက်ပွဲ လုံခြုံရေးဆိုပြီး ရောက်လာတာ။ အဲ့ကျေးရွာတစ်ရွာမှာ စစ်သား အယောက် ၂၀ လောက်ရှိတယ်။ ကျေးရွာက အလှည့်ကျပို့ရတာ၊ ကျမတို့က ၃ရက်ပို့ပေးရတယ်။” ဟု ၎င်းအမျိုးသမီးကဆိုသည်။

စစ်ကော်မရှင်တပ်သားနှင့် PNO တပ်သား ကျေးရွာတစ်ရွာလျှင် အယောက် ၂၀ ရှိပြီး၊ ကျေးရွာပေါင်း ၅ရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကာ ၎င်းတပ်သားများကို ထမင်းထုပ်ပို့ပေးရသည့်အပြင် ကျေးရွာအတွင်းရှိ ကြက်များကိုလည်း တောင်ယူ ချက်ပြုတ်စားသုံးကြောင်း ရွာငံဒေသခံများကပြောသည်။

“ ထမင်းထုပ်ပို့တာတဲ့အပြင် ရွာထဲက ကြက်တွေလည်း တောင်းစားတယ်။ မပေးလို့လည်းမရဘူးလေ၊ ကျမတို့ဘာသာ တောင် ထမင်းနပ်မမှန်တာ သူတို့ကိုတော့ ထမင်းရော ကိုယ်ပိုင်တဲ့ကြက်ရောပေးရတယ်” ဟု စစ်သားများကို ထမင်းသွား ပို့သည့် အမျိုးသမီးတစ်ဉီးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ရက်တွင် စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်လည်း ရွာငံမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)တို့ ဝင်ရောက်ယှဉ်ပြိုင်သည်။

ထိုရွာငံမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စုစုပေါင်း မဲရုံ(၄၀)ရုံ ရှိပြီး ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)က အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်၊ လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်နှင့် ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF အပြင် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားသည့်နေရာဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ခုနစ် စက်တင်ဘာ ၁၂ရက်တွင်လည်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စုထဲကို စစ်ကော်မရှင်လက်အောက်ခံ တပ်သည် မြေပြင် အင်အား (၁၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ ခြံသွားလာသည့် ဒေသခံများကိုစစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကော်မရှင်သည် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည် DPLA/DPLF နှင့် DSNDA တို့ ၏ ရန်ကို ကြောက်လန့်သဖြင့် ရွာငံမြို့နယ် အတွင်းမကြာခဏ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ဒေသခံများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။

“ ကျနော်တို့ ကျေးရွာတွေဘက် စစ်တပ်ဝင်လာရင် ကြောက်ရတယ်။ ဒေသခံ အမျိုးသမီးရော၊ အမျိုးသားတွေရော ဖမ်းတာ၊ တော်လှန်ရေးဘက်လည်း ရွာသားတွေကို ဒလန်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းတာတွေ သတ်တာတွေ လုပ်တက်တော့ ကြောက်ရပြန်တယ်” ဟု ရွာငံမြို့နယ် ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကော်မရှင်တပ်သည် ၂၀၂၅ခုနစ် သြဂုတ်လနောက်ဆုံးပတ်မှ စက်တင်ဘာလကုန်အထိ ရွာငံမြို့နယ်အတွင်းရှိ လူနေအိမ်ခြေ ၆၀ နှင့် ကျပ်သိန်း ၁,၅၀၀ တန်ဖိုးရှိ စပါးကျီးအလုံးအရင်း ၉၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က အောက်တိုဘာ ၁၆ရက်တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...