ဘိန်းစိုက်ခွန်ကောက်သည့် စစ်ကော်မရှင်နှင့် PNO ဘိန်းခင်းဟန်ပြထပ်မံဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်နှင့် ဆီဆိုင်မြို့နယ်တို့တွင် နှစ်စဉ် ဘိန်းစိုက်ခွန် ကောက်ခံနေသည့် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က သီးသန့်စိုက်ထားသည့် ဘိန်းခင်းများကို ထပ်မံဟန်ပြ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်တွင် ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု လိုက်ကန်ကျေးရွာ အရှေ့မြောက်ဘက်တွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း ၂၁ ဧကကို စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ အပါအဝင် ၎င်းတို့ နေ့စားခေါ်လာသည့် လူအင်အား (၆၀) ခန့်ဖြင့် လာရောက်ဖျက်ဆီးသွားခဲ့သည်။

ထိုသို့ လာရောက်ဖျက်ဆီးခဲ့သည့် စစ်ကောင်မရှင် လက်အောက်ခံများထဲတွင် PNO တပ်သားဟု ယူဆရသည့် ရဲယူနီဖောင်းဝတ်များလည်း ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။

“ဘိန်းခင်းတော့ လာဖျက်သွားတယ်၊ သူတို့နဲ့ ညှိထားတဲ့ အခင်းတော့ မဖျက်သွားဘူး။ ရဲနဲ့ စစ်သား က အယောက် ၂၀ ပါတယ်၊ ကျန်တဲ့ လူတွေက ဘယ်ဒေသကလည်း မသိဘူး နေ့စားလိုက်သမားတွေ။ တချို့ ရဲယူနီဖောင်းနဲ့လည်း ပအိုဝ်းလိုတွေ ပြောတော့ PNO တပ်ဖွဲ့ကလို့ ယူဆရတယ်”ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဘိန်းစိုက်ခင်းများကို စစ်ကော်မရှင်တပ်နှင့် PNO တပ်သားများထံ ဒေသခံများက ဧကပေါ် မူတည်၍ ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းခန့် စတင်၍ နှစ်စဉ် အခွန်ပေးဆောင်ရပြီး ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ဘိန်းအဓိကထား စိုက်ပျိုးသောကြောင့် အခွန်ပိုဆောင်ရကြောင်း သိရသည်။

စစ်ကော်မရှင်တပ် အာဏာသိမ်းပြီး ငါးနှစ်အကြာတွင် ဟိုပုံးမြို့နယ်တွင် လူငယ်များ ပြည်ပထွက်ကုန်၍ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းကာ ဘိန်းခင်းများသည်လည်း သုံးပုံ နှစ်ပုံလောက်သာ စိုက်ပျိုးကြတော့ကြောင်း ဒေသခံများက ပြောသည်။

“အဓိက နိုင်ငံရေး မကောင်းတာ၊ စစ်မှုထမ်းတွေ ရှိတော့ လူ့အရင်းအမြစ်တွေက ပြည်ပကို ထွက်ကုန်တော့ ဘိန်းစိုက်တာ လျော့နည်းလာတယ်။ ဘိန်းစိုက်ရတဲ့ အကြောင်းကလည်း အဓိက စျေးကောင်းရလို့ရယ်၊ ကျနော်တို့ဘက်က တောင်ကုန်း တောင်တန်းတွေပဲဆိုတော့ ဘိန်းပဲ စိုက်ကြတယ်”ဟု ဘိန်းစိုက်ပျိုးသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုတွင် ဘိန်းအစားထိုး ကော်ဖီစိုက်ပျိုးမှုများ ရှိနေပြီး ဘိန်းစိုက်ပျိုးသူ နည်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့် ရဲတပ်ဖွဲ့က ဘိန်းခင်း ၂၈၆ ဧကကို ဖျက်ဆီးခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း တရားမဝင် ဘိန်းထုတ်လုပ်မှု တန်ချိန် ၁,၀၁၀ အထိရှိခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ဆယ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး (UNODC) က ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမြေသည် ပြီးခဲ့သော ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်း တိုးလာပြီး ၅၃,၁၀၀ ဟက်တာအထိ ရှိလာပြီး အဆိုပါ ဘိန်းစိုက်ပျိုးမှုများအနက် သျှမ်းပြည်သည် တစ်နိုင်ငံလုံး အတိုင်းအတာ၏ ၈၀ ရာခိုင်နှုန်းအထိ ရှိလာကာ အဓိက ဘိန်းစိုက်ပျိုး နယ်မြေတစ်ခု ဖြစ်နေကြောင်း UNODC ဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...