PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့အထိ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ပွန်ချောင်း အနောက်ဘက်ခြမ်းမှနေ၍ အရှေ့ဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဆိုသည်။

“အခုစစ်ရေးအခြေအနေကတော့ မနေ့က ပွန်ချောင်းရဲ့ အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ခြမ်းကို လက်နက်ကြီး ၂ လုံး ပစ်လာတာရှိပါတယ်။ တောင်ယာသွားတဲ့ ပြည်သူတွေရဲ့ခြံထဲကို ကျတာပေါ့။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူး” ဟု ခွန်ရိန်းယံက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ၇ ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်လာသော ရွာသား ၂ ဦးကိုလည်း PNLA တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း ခွန်ရိန်းယံက ပြောသည်။

ကဒူးကြီးဒေသတွင် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အပြင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) လည်း လှုပ်ရှားနေသည်။

လက်ရှိ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် PNLA ဌာနချုပ်တည်ရှိရာ ကဒူးကြီးဒေသမှ ကရင်နီ (ကယား) ပြည် ရှားတောဒေသထိ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိထားသည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆက်ပြောသည်။

“ဒေသခံတွေကို ထိုးစစ်တဲ့နေရာမှာလိုက်ပါကူညီဖို့ စည်းရုံးတဲ့အချိန်မှာ သူတို့ပြောတာကတော့ ကဒူးကြီးဒေသကနေ ရှားတောကို သွားမယ်။ ဒီကဒူးကြီးဒေသကို ရပြီးရင်လည်း သံလွင်မြစ်ရဲ့ အရှေ့ဘက်ခြမ်းကိုကူးပြီးတော့ ထိုင်းနယ်စပ်အထိ လုပ်မယ်။ ပြီးရင်ထိုင်းနိုင်ငံရောက်တဲ့အထိ လမ်းဖောက်ပေးမယ်။ အဲ့ဒါကြောင့် သူတို့ထိုးစစ်ကို ထောက်ခံကြပါဆိုပြီး ဒေသခံတွေကို လိုက်လံစည်းရုံးနေတာရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါကဒူးကြီးဒေသကို သိမ်းပိုက်ပြီးလျှင် သံလွင်မြစ် အရှေ့ဘက်ကိုကူးကာ ထိုင်းနယ်စပ်နှင့် တောင်ဘက် ကရင်နီ (ကယား) ရှားတောဒေသအထိ ထိုးစစ်ဆင်သိမ်းပိုက်မည်ဟုလည်း ပအိုဝ်းပြည်သူ့စစ် PNO ဝါဒဖြန့်ချိရေး အကောင့်များကလည်း ဖြန့်ဝေထားကြသည်။

“သူတို့ရဲ့ ဒီလိုလုပ်ရပ်တွေကတော့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်အပေါ်မှာ ပြည်သူလူထုရဲ့ အသက်တွေကို စတေးဖို့လုပ်တာလို့ပဲ မြင်ပါတယ်” ဟု ခွန်ရိန်းယံက ထပ်လောင်းပြောသည်။

မြေပြင်အခြေအနေကို သိရှိသူတစ်ဦး၏ ပြောပြချက်အရ ကဒူးကြီးဒေသမှ သံလွင်မြစ် အရှေ့ဘက်ခြမ်းကို ကူးသွားလျှင် ယခင်က ကျွဲ၊ နွားများ သွားရာလမ်းရှိသဖြင့် အဆိုပါလမ်းကို ဖောက်ရန်ဖြစ်နိုင်ကြောင်း ပြောသည်။

“အရင်ကကြားဖူးတာကတော့ ကဒူးကြီးဒေသကနေ သံလွင်မြစ်အရှေ့ဘက်ကို ကူးလိုက်မယ်ဆိုရင် အရင်တုန်းက နွားတွေ၊ ကျွဲတွေ သွားတဲ့လမ်းကြောင်းတွေရှိတယ်လို့ ပြောတယ်။ အဲ့ဒီလမ်းကြောင်း ဟောင်းတွေကို ပြောတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ရွာတွေ၊ လူတွေတော့ မရှိဘူး၊ တောအုပ်တွေ ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း၌ ဆီဆိုင်မြို့ကို PNLA နှင့် ကရင်နီ ပူးပေါင်းတပ်များတိုက်ခိုက်၍ ဆီဆိုင်မြို့ရှိ ခလရ ၄၂၄ တပ်ရင်းနှင့် မြို့ပေါ်နေရာတချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကော်မရှင်တပ်နှင့် PNO တို့က အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ် မတ်လအတွင်း၌ ဆီဆိုင်မြို့မှ ဆုတ်ခွာပေးခဲ့ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...