ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။

မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့် ကလောမြို့နယ် တွင် အဓိက အားဖြင့် ဓနုပါတီ၊ PNO ပြည်သူ့စစ် ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ဓနုပါတီက PNO ကို မဲပေးဖို့ ပြောနေတယ်လည်း ကြားတယ်။ အဲလိုဆို PNO နိုင်ရင် စစ်ကြေး (ဆက်ကြေး) ကောက်မှာ၊ စစ်သား ကောက်မှာပေါ့။ အရင်က တခါနှစ်ခါ လာကောက်ဖူးတာရှိတယ်။ အရင်လကတေ့ နောင်ကား ဘောလုံးပွဲကြေး ဆိုပြီး လာကောက်တာရှိတယ်” ဟု လမိုင်းကျေးရွာနေ ဒေသခံ ပအိုဝ်း အမျိုးသား တဉီးက ဆိုသည်။

ကလော လမ်းခွဲမှ ပင်လောင်းမြို့ဘက် သွားရာ လမ်းဘက်တွင် ပအိုဝ်းကျေးရွာ အများအပြားရှိ သဖြင့် PNO သည် ပအိုဝ်းအမျိုးသားရေး ကိုယ်စားပြုသယောင် မဲဆွယ် စည်းရုံးနေသဖြင့် ဒေသခံများ နားယာင်မည်ကို စိုးရိမ်ကြောင်း အောင်ပန်းမြို့ ဒေသခံ နိုင်ငံရေးနှင့် နီးစပ်သည့် ပအိုဝ်း အမျိုးသား တဥ◌ီးက ဆိုသည်။

“အမျိုးသားရေး ဆိုပြီး မဲဆွယ်နေတာ။ ပအမဖ (ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ) က ဝင်မပြိုင်တော့ သူတို့ (PNO) က ပအိုဝ်း လူမျိုးတွေကို ကိုယ်စားပြုသလို ပြောနေတာ။ ကျနော်လည်း ပအိုဝ်းပဲ။ ဒါပေမဲ့ PNO လုပ်တာတွေကို ရွံတယ်။ ဒီ အောင်ပန်းမြို့ပေါ်မှာတောင် လူတွေကို အနိုင်ကျင့်တယ်၊ ဆေးရောင်းတယ်၊ လောင်းကစားဝိုင်း ထောင်တယ်။ ငွေရမယ်ဆို အကုန်လုပ်တယ်။ အဲလို အဖွဲ့အစည်းက အမျိုးသားရေး လုပ်တယ် ပြောတော့ လူမျိုး အတွက် ရှက်တယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် PNO သည် ရပ်စောက်၊ တောင်ကြီး၊ ကလော၊ ညောင်ရွှေ စသည့် သျှမ်းတောင် ဒေသတွင် မူးယစ်ဆေး ရောင်းချခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ မြေယာများ အဓမ္မ သိမ်းစည်းခြင်း စသည်တို့ဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အဖွဲ့ ဖြစ်သည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အတွင်း ပြည်သူ ၅၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အင်းလေး အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။

သျှမ်းတောင် စစ်ကောင်စီ ရွေးကောက်ပွဲ ပထမပိုင်းတွင် PNO ပြည်သူ့စစ်ပါတီက တောင်ကြီး၊ လွိုင်လင်၊ ဟိုပုန်း တို့တွင် အနိုင်ရရှိထားရာ လွိုင်လင်မြို့နယ် ကျေးရွာများတွင် PNO ပြည်သူ့စစ်က ဒေသခံများကို ခြိမ်းခြောက် မဲထည့်ခိုင်းခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...