“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။ 

ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က ဇန်နဝါရီလ (၅) ရက်တွင် ပြန်လည်တုံ့ပြန်ထားသည်။ 

သျှမ်းပြည်တောင်ပိုင်း တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေဖြင့် ရွေးကောက်ပွဲ ပထမပိုင်း​တွင် တောင်ကြီး၊ ဟိုပုံးနှင့် လွိုင်လင် မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးနေရာ အနိုင်ရရှိခဲ့သည်။ 

လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းမှာလည်း ကလော၊ ရပ်စောက်၊ ဆီဆိုင်နှင့် မောက်မယ် မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲ ပထမပိုင်းတွင် နိုင်ငံရေးပါတီများက ထောက်ပြနေကြသည့် ကြိုတင်မဲကိစ္စ၊ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု အခြေအနေနှင့် စစ်ကော်မရှင်က ဦးဆောင်ကျင်းပနေသည့် ရွေးကောက်ပွဲအပေါ် မည်သို့ မျှော်လင့်ထားသည်ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၏ အထွေထွေအတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းထံ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ဆက်သွယ်မေးမြန်းထားသည်။ 

မေး။ ။UEC ရဲ့ ကြေညာချက်အရ သျှမ်းပြည်တောင်ပိုင်းမှာဆိုရင် PNO ပါတီအနေနဲ့ တောင်ကြီး၊ ဟိုပုံးနဲ့ လွိုင်လင် မြို့နယ်အတွက် ပြည်သူ့လွှတ်တော်မှာ အနိုင်ရတယ်။ လာမယ့် ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေမှာရော အနိုင်ရဖို့ ဘယ်လောက်ထိ မျှော်လင့်ထားလဲ။ 

ဖြေ။ ။ကျနော်တို့ကတော့ မှန်းတော့ မမှန်းထားဘူး။ အဓိကတော့ ကျနော်တို့ စည်းရုံးရေးတွေမှာတော့ မြို့နယ်တွေအားလုံး၊ လာမယ့် ရွေးကောက်ပွဲ အပိုင်း (၂)​ မှာ ၄ မြို့နယ်ပါတယ်။ ကလောရယ်၊ ရပ်စောက်ရယ်၊ ဆီဆိုင်ရယ်၊ မောက်မယ်ရယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ကတော့ ရသလောက် လူထုတွေကို စည်းရုံးထားတယ်။ ခန့်မှန်းမယ်ဆိုရင်တော့ ကျနော်တို့ မခန့်မှန်းဘူး။ အဓိကတော့ လူထုရဲ့ ကြိုက်နှစ်သက်မှုအပေါ် မူတည်တယ်။ ကျနော်တို့က စည်းရုံးထားပြီဆိုတော့ ကျနော်တို့ ပါတီကို သဘောကျရင် ဆက်ပေးမှာပေါ့။

မေး။ ။အခုစစ်ကော်မရှင်က ဦးဆောင်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲကရော ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ခံစားမိလား။ 

ဖြေ။ ။ပွင့်လင်းမြင်သာမှုရှိတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် တချို့ဒေသကတော့ နိုင်ငံရေးပါတီက Complaint (တိုင်းကြားချက်) တက်တာတော့ ရှိတယ်။ အဓိကတော့ ကျနော်တို့အမြင်ကတော့ မဲပေးတဲ့မဲရုံမှာ ကျနော်တို့ ကိုယ်စားလှယ်တွေရှိဖို့ လိုတယ်။ ကိုယ်စားလှယ်တွေထားနိုင်ရင် ပြဿနာ မရှိဘူး၊ ပြောစရာမရှိဘူး။ တကယ်လို့ ကျနော်တို့ ကိုယ်စားလှယ်တွေ မထားနိုင်ရင်ဘူးဆိုရင် ပြောစရာဖြစ်တယ်။ တချို့ လူမှုကွန်ရက် မှာလည်း ဝေဖန်တာတွေတော့ ရှိတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်စားလှယ်ရှိလာရင်တော့ မဲမသမာမှုလုပ်တာ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ကတော့ မြင်တယ်။ နောက်ပြီးခဲ့တဲ့ ကျနော်တို့ နိုင်ငံရေးပါတီနဲ့ UEC ဥက္ကဋ္ဌ တွေ့ဆုံတဲ့အခါမှာလည်း ဒီနိုင်ငံရေးပါတီ ခေါင်းဆောင်တွေအနေနဲ့ အကြံပြုဆွေးနွေးတဲ့အရာတွေကို အားလုံးစနစ်တကျ ညွှန်ကြားတာ ရှိတယ်။ လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ်ညွှန်ကြားထားတာရှိတယ်။

မေး။ ။ဒါဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ အားနည်းချက်တွေရှိခဲ့တယ်လို့ ပြောချင်တာလား။

ဖြေ။ ။ကျနော်တို့ အနေနဲ့ကတော့ မမြင်ဘူး။ ဒါပေမယ့် တချို့နိုင်ငံရေးပါတီ၊ တချို့နေရာတွေ၊ တချို့မြို့နယ်တွေ မှာတော့ ပြောဆိုဆွေးနွေးမှုတွေရှိတယ်။

မေး။ ။PNO ပါတီအနေနဲ့ ဝင်ပြိုင်ခဲ့တဲ့ မြို့နယ်တွေမှာကော အခြားမြို့နယ်တွေလို အားနည်းချက်တွေရှိတာ တွေ့ရလား။ 

ဖြေ။ ။လောလောဆယ်ကတော့ ကျနော်တို့ မနက်ဖြန်၊ တစ်ဘက်ခါမှာ ကြိုတင်မဲပေးဖို့ရှိတော့ ညနေ ၆ နာရီ မတိုင်ခင်၊ ကြိုတင်မဲ မပေးခင် အားလုံး မဲရုံရောက်ဖို့ လိုတယ်။ ကျနော်တို့ မြင်တာတော့ မဲရုံမှာ ကျနော်တို့ ကိုယ်စားလှယ်တွေ အကုန်လုံး ထားထားတယ်။ 

မေး။ ။အခု ရွေးကောက်ပွဲ ပထမအပိုင်းက ပြီးသွားပြီဆိုတော့ ကျန်တဲ့ ဒုတိယပိုင်း၊ တတိယပိုင်းအတွက် ကြိုတင်မဲ အခြေအနေက ဘယ်လိုလဲ။ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်လို့ရော မြင်မိလား။

ဖြေ။ ။ကျနော်တို့ လာမယ့် အပိုင်း (၂) ရော၊ အပိုင်း (၃) ရော ကြိုတင်မဲတွေအတွက် အားလုံး ပြောထားတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရော၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်ကအစပေါ့။ ကြိုတင်မဲ ပေးတော့မယ်ဆိုရင် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေအားလုံးကို အကြောင်းကြားဖို့ပေါ့။ ဆိုတော့ သူတို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲ ကော်မရှင်က သူတို့ကို အကြောင်းကြားလိ့မ်မယ်။ အကြောင်းကြားရင်တော့ ကျနော်တို့ သွားကြည့်တယ်။ ကြိုတင်မဲတွေကို လေ့လာလို့ရအောင်ပေါ့နော်။ အကြောင်းကြားရင်တော့ အားလုံးအဆင်ပြေမယ်လို့ ထင်တယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ​ အပိုင်း (၁) တုန်းကတော့ တချို့ကပြောတယ်၊ နိုင်ငံရေးပါတီတွေကို အကြောင်းမကြားတာ ရှိတယ်။ ထားပါတော့ သူတို့ အကြောင်းမကြားတာရှိတယ်။ တချို့နေရာတွေက ကိုယ်စားလှယ်တွေကိုယ်တိုင် မသွားနိုင်တာလည်း ရှိတယ်။ အဓိကတော့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပွင့်လင်းမြင်သာမှုရှိအောင် ကြိုးစားပြီး လုပ်နေတယ်။ ပြီးတော့ ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်နေရာမှာ ကြိုတင်မဲပေးတာဖြစ်ဖြစ် သူတို့ခေါ်တဲ့အခါမှာ သွားနိုင်ဖို့ အရေးကြီးတယ်။ ကျနော်တို့ သွားနိုင်ရင်တော့ ပြဿနာမရှိဘူး။ 

မေး။ ။အခုသျှမ်းပြည်တောင်ပိုင်း တချို့မြို့နယ်တွေမှာဆိုရင် တိုက်ပွဲဖြစ်နေတာတွေ ရှိတယ်။ PNO ပါတီအနေနဲ့ရော ဒီသျှမ်းပြည်တောင်ပိုင်း တစ်ခုလုံးအနေနဲ့ မဲဆွယ်စည်းရုံးရေး ဆင်းနိုင်မယ်လို့ မျှော်လင့်လား။ 

ဖြေ။ ။လောလောဆယ် ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်တွေ အားလုံး မဖြစ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဖြစ်နိုင်ခြေရှိတဲ့နေရာ၊ ကျနော်တို့ မဲရရှိနိုင်တဲ့နေရာတွေတော့ ကျနော်တို့ လူထုကြားမှာ အားလုံး ကွင်းဆင်း စည်းရုံးခဲ့ပြီးပြီ။ ကျန်တဲ့နေရာတွေတော့ ကျန်တာပေါ့။ ဒါပေမယ့် ကျနော်တို့ ရနိုင်ခြေရှိတဲ့ နေရာ၊ ဖြစ်နိုင်ခြေရှိတဲ့နေရာတွေကိုတော့ သွားခဲ့ပြီးပြီ။ 

မေး။ ။PNO ပါတီအနေနဲ့ သျှမ်းပြည်တောင်ပိုင်း တစ်ခုလုံး ဝင်ပြိုင်ဖို့ရှိနေတော့ သျှမ်းတောင်တစ်ခုလုံး လွမ်းခြုံမှုအရ ဘယ်လောက်အဆင့်ထိ ဘယ်နေရာကနေ အနိုင်ရရှိဖို့ မျှော်မှန်းထားသလဲ။ 

ဖြေ။ ။ကျနော်တို့ကတော့ ခါတိုင်းလိုပဲ၊ ၂၀၁၀-၂၀၁၅-၂၀၂၀ ခုနှစ်တုန်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၃ မြို့နယ်မှာ နိုင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း ဒီ (၃) မြို့နယ်ကတော့ အကုန်လုံး ပြန်နိုင်မယ်လို့ ကျနော်တို့ကတော့ ယုံကြည်တယ်။ နောက်တစ်ခုအနေနဲ့ ပိုထူးခြားတာကတော့ လက်ရှိ ပထမအပိုင်း လုပ်ခဲ့တဲ့ တောင်ကြီးနဲ့ လွိုင်လင်မှာ ပိုရခဲ့တယ်ပေါ့နော်။ အရင်ကထက်ဆိုင်ရင် မဲဆန္ဒနယ်တွေ ပိုရမယ်လို့ ထင်တယ်ပေါ့နော်။ 

မေး။ ။ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာမယ့် လွတ်တော်အခင်းကျင်းမှာရော PNO ပါတီအနေနဲ့ ဘယ်လို မျှော်လင့်ထားသလဲ။ 

ဖြေ။ ။ကျနော်တို့ကတော့ ပြောမယ်ဆိုရင် တစ်နိုင်ငံလုံး ဝင်ပြိုင်မယ့်ပါတီမဟုတ်ဘူး။ နောက်တစ်ခုကတော့ ကျနော်တို့ သျှမ်းတောင်မှာပဲ အဓိက ဝင်ရောက်ယှဉ်ပြိုင်မယ်။ သျှမ်းတောင်မှာ အဓိက ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါကြတော့ လောလောဆယ် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်မှာ ကျနော်တို့ ကိုယ်စားလှယ်တွေ ရှိတယ်။ ကျနော်တို့ကိုယ်စားလှယ်တွေ ဒီနိုင်ငံရေးအခင်းအကျင်း၊ လွှတ်တော်အခင်းအကျင်း တွေမှာ ပါတီနဲ့အတူ ကိုယ်စားလှယ်တွေ အားလုံးက တိုင်းပြည်အတွက်အကျိုးရှိရန် ပါဝင်ဆွေးနွေးဖို့ပေါ့နော်။ နောက်တစ်ခုကတော့ ကျနော်တို့အနေနဲ့ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တဲ့အတွက် ဒီဖွဲ့မယ့်အစိုးရနဲ့လည်း၊ ဘယ်အစိုးရဖြစ်ဖြစ် ဖွဲ့နိုင်ရင် ကျနော်တို့ လက်တွဲလုပ်ဆောင်မယ့် အနေအထားမှာ ရှိတယ်။

မေး။ ။နောက်ဆုံးအနေနဲ့ ကျနော် မမေးမိတာရှိရင် ဖြည့်စွက်ပြီး ပြောပြပေးပါဦးခင်ဗျာ။

ဖြေ။ ။မရှိတော့ပါဘူးခင်ဗျာ။ 

မေး။ ။ဟုတ်ကဲ့ဗျ၊ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

နှစ်ထပ်ကွင်း စစ်မှုထမ်းစနစ်နှင့် ငွေညှစ်မှုကြောင့် သျှမ်းတောင်ဒေသခံများ လူမှုဘဝ ပြိုလဲလုနီးဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းသာမက ပအိုဝ်းပြည်သူ့စစ် (PNO) ၏ လူသစ်စုဆောင်းမှုနှင့် ဆက်ကြေးကောက်ခံမှုများကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းကျေးရွာအုပ်စုနှင့် တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုတို့တွင် ယခု (ဖေဖော်ဝါရီလ) လဆန်းမှ စတင်ပြီး စစ်မှုထမ်းကြေး၊ ဆက်ကြေးနှင့်...