Wednesday, January 28, 2026

PNLO

ဆီဆိုင်မြို့နယ် နိုင်ငံတကာ သံတမန်ယာဉ်တန်းကို PNO က ပစ်ခတ်ခဲ့သည်ဟု PNFC ထုတ်ပြန်

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း သံတမန်ယာဉ်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ဟိုပုံး - ဆီဆိုင် ပြည်ထောင်စု...

PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...

မောက်မယ်မြို့နယ်အတွင်း RCSS နှင့် PNLO ထိတွေ့တိုက်ပွဲအကြား ထိခိုက်သေဆုံးမှုများရှိ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/ PNLA) ထိတွေ့တိုက်ပွဲအကြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် မောက်မယ်မြို့နယ်၊...

NCA လက်မှတ်ထိုးထားသည့် RCSS နှင့်PNLO တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA  နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့သည် မောက်မယ်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပြီး နောက် မတ်လ ၃၁ ရက်တွင်လည်း ကဒူးကြီးဒေသရှိ နမ့်ပါတက် ကျေးရွာအနီးမှာလည်း ဒုတိယ အကြိမ် ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်းသိရသည်။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး PNLO/PNLA တပ်သားများ နယ်မြေကျူးကျော်ဝင်ရောက်လာက ပါတက် ကျေးရွာမှ RCSS/SSA တပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း RCSS/SSA  ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။ ထို့အပြင် PNLO/PNLA တပ်ဖွဲ့သည် RCSS/SSA ထိန်းချုပ်နယ်မြေတွင်းသို့ ကျူးကျော် ဝင်ရောက်လာမှုကြောင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း Tai Freedom မှ ထုတ်ပြန်ထားသည်။ သို့သော်လည်း PNLO/PNLA ဘက်ကမူ တစ်ဖက်၏ လုံခြုံရေးတပ်သားများ နယ်မြေကျော်လွန် လာမှုကြောင့် ပစ်ခတ်မှု ဖြစ်ရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) မှ မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က အသိမပေးဘဲ ဒီဘက်နယ်မြေထဲ ရောက်လာတော့ ပစ်ခတ်မှု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း တပ်ဖွဲ့တွေ ရှိနေကြတဲ့ နေရာဆိုတော့ ဖြစ်နိုင်ပါတယ်၊ အချင်းချင်း နယ်မြေ တစ်ခု နဲ့ တစ်ခုကြား ဒီလို ထိတွေ့မှု ကတော့ ရှိမှာပဲလေ၊အသေးစိတ်တော့ မသိရသေးဘူး” ဟု PNLO/PNLA အရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ် ဝန်းကျင် ခန့် ကြာပြီး လက်ရှိအချိန်၌ မြေပြင် စစ်ရေး ငြိမ်သက်နေကြောင်းလည်းအထက်ပါ အရာရှိ ပုဂ္ဂိုလ်က ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ ထိုအဖွဲ့ (၂) ဖွဲ့သည် လက်ရှိမှာလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်ပြုလုပ်နေသေးသည့်အဖွဲ့များဖြစ်ကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ RCSS/SSA  နှင့် PNLO / PNLA တပ်ဖွဲ့နှစ်ခုသည် သျှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွ...

PPST အဖွဲ့ဝင် ဖြစ်သည့် RCSS နှင့် PNLA က မောက်မယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ (မတ်လ ၃၀ )ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး ကင်းလှည့်သည့် တပ်သားများ မှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်သည်ဟုသာ သိရပြီး အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လုံခြုံရေး ကင်းလှည့်တဲ့ တပ်သားအချင်းချင်း ထိတွေ့မှုဖြစ်တာလို့ပဲ သိရတယ်၊ ကျနော်တို့ဘက်က သွားပြီး စပစ်တာတော့မဟုတ်ဘူး၊ ခုလည်း သူတို့ဘက်ကပဲ လာပစ်တာလို့ သိရတယ်၊ ဒီနေရာက ကျနော်တို့ အရင် ကတည်း သွားလာလှုပ်ရှားတဲ့ နေရာလေ၊ ဒီနေ့ ပစ်ခတ်မှု အသေးစိတ်ကိုတော့ ကျနော်မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီအထိ ဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး  (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်ကို ဆက်သွယ်မေးမြန်းရာ သတင်း သာကြားရကြောင်း နှင့် အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ခုနကတော့ အသိတစ်ယောက်က ကဒူးကြီးဘက် ထိတွေ့တိုက်ပွဲ ဖြစ်လား ဆိုပြီးတော့ လာမေးတယ်၊ ကျနော့် ဆီတော့ သတင်းအချက်အလက် မရောက်လာသေးဘူး၊ အဲ့ဘက်က ဆက်သွယ်ရေး တာဝန်ခံတွေဆီ မေးကြည့် လည်း ဖုန်းက မရဘူးဖြစ်နေတယ်၊ အဲ့တော့ ကျနော်ကလည်း အတည်လည်း မပြုနိုင်သေးဘူး” ဟု (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ငြိမ်းချမ်းရေးနဲ့ PPST ရပ်တည်ချက်

စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ဆွေးနွေးမှု နဲ့ လက်ရှိ PPST ရပ်တည်ချက် ဘယ်လိုရှိလဲဆိုတာကို PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ်ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေး။ ။ စစ်ကောင်စီ ဖိတ်ကြားချက်အရ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်...

PNLO တပ်သား (၅) ဦး သတ်ခံရသည့်ကိစ္စ ပအိုဝ်းလက်နက်ကိုင် (၂) ဖွဲ့ တွေ့ဆုံညှိနှိုင်း

PNLO တပ်ဖွဲ့ (၅) ဦး သတ်ဖြတ်ခံရသည့်ကိစ္စ နှင့်ပတ်သတ်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့်) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ တောင်ကြီးမြို့ ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင်...

နောင်ထော်တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသူသည် PNLO တပ်သားမဟုတ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်း ဖမ်းဆီးခံရသူသည် PNLO/PNLA တပ်သား မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထော်အနီး စစ်ကောင်စီတပ်ဖွဲ့နှစ်ခုကို PDF တပ်ပေါင်းစုတစ်ခုမှ လာရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေး...

တိုင်းရင်းသားအဖွဲ့အစည်းတချို့ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ဒုတိယအကြိမ်တွေ့ဆုံ

ဒုတိယအကြိမ် ငြိမ်းချမ်းရေး ကိစ္စရပ် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားအဖွဲ့အစည်းတချို့နှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ် ၂၂) ရက်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံသည့်အဖွဲ့များမှာ ကျာဆော်လမွန် ဦးဆောင်သော လားဟူဒီမိုကရက်တစ်ပါတီ (LDU)၊ ဥက္ကဌခွန်သူရိန် ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)...

PNLO ပြောတဲ့ ပြည်နယ်သစ်မူဆိုတာ ဘယ်လိုမျိုးလဲ

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ပြီးခဲ့တဲ့ ဇွန် (၁၆ - ၁၈) ရက်နေ့ထိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲ့ဒီဆွေးနွေးမှုမှာ (PNLO) အနေနဲ့ ဘာတွေဆွေးနွေးခဲ့တာလဲဆိုတာ သျှမ်းသံတော်ဆင့်မှ PNLO ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး...

Latest news