နောင်ထော်တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသူသည် PNLO တပ်သားမဟုတ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်း ဖမ်းဆီးခံရသူသည် PNLO/PNLA တပ်သား မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထော်အနီး စစ်ကောင်စီတပ်ဖွဲ့နှစ်ခုကို PDF တပ်ပေါင်းစုတစ်ခုမှ လာရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေး (ရလလဖ )အဖွဲ့ဝင်ဟောင်း ဖြစ်သော”ထွက်ကလေး” ဆိုသူ ဖမ်းဆီးခံရကြောင်း သိရသည်။

နောင်ထော်တိုက်ပွဲအတွင်း ဖမ်းဆီးခံထားရသူ

အဆိုပါ ဖမ်းဆီးခံရသူ ဦးထွက်ကလေးသည် PNLA တပ်သားဟု သတင်းများပျံ့နှံ့မှုသည် သတင်းမှားဖြစ်ကြောင်း ၎င်းတို့တပ်သား မဟုတ်ကြောင်း PNLO/PNLA ဒု ဥက္ကဌ ဦးခွန်ထွန်းတင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ဖမ်းတဲ့သူက ရလလဖ ရဲ့ ရဲဘော်ဟောင်းဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ စကစတွေ ရွာထဲ လိုက် စစ်ဆေးပြီး သူ့အိမ်မှာ စစ်အသုံးအဆောင် ပစ္စည်းတချို့တွေ့လိုက်လို့ သူ့ကိုဖမ်းလိုက်တာ။ ကြည့်ရတာ သူများ ဆီက လက်ဆောင် ရတာနဲ့တူတယ်၊ ကျနော်တို့ တပ်သားတော့ မဟုတ်ဘူး” ဟု ဦးခွန်ထွန်းတင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုအပြင် နောင်ထော်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့မှ ဒေသခံ ရွာသားတချို့ ဖမ်းဆီးခံထား ရမှုလည်းရှိနေကြောင်းလည်း သိရသည်။

“ဖမ်းဆီးခံထားရတဲ့ ရွာသားတွေဟာ PDF တွေမဟုတ်တဲ့အကြောင်းကို တာဝန်ရှိသူတွေက ပြောပေးထားတယ်၊ ပြန်လွတ်ပေးဖို့ပေါ့နော် ဒီလိုမျိုး တိုက်ပွဲဖြစ်တော့ ပြည်သူလူထုရဲ့ သွားရေးလာရေးက ပိုမိုခက်လဲလာနိုင်တယ်၊ ဒီပတ်ဝန်းကျင်မှာ စစ်ရှောင်လည်း များနေတော့ စားသုံးကုန်ပစ္စည်းတွေ ပိုမိုခက်ခဲလာမှုကို စိုးရိမ်ရတယ်” ဟု ဦးခွန်ထွန်းတင် က ဆက်လက်ပြောဆိုထားသည်။

လက်ရှိ နောင်ထော်ကျေးရွာအတွင်း တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း စစ်ကောင်စီ နှင့် PNA တို့မှ စစ်အင်အား ဆက်လက်ဖြည့်တင်းနေသည့်အတွက် ဒေသခံတချို့က ရပ်ရွာထဲပြန်မဝင်သေးပဲ ဘုန်းကြီးကျောင်းတွင်ပင် ခိုလှုံနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...