မောက်မယ်မြို့နယ်အတွင်း RCSS နှင့် PNLO ထိတွေ့တိုက်ပွဲအကြား ထိခိုက်သေဆုံးမှုများရှိ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/ PNLA) ထိတွေ့တိုက်ပွဲအကြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

RCSSနှင့် PNLO

ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ နားဟီးကျေးရွာအုပ်စုမှ နမ့်ပါတက် ကျေးရွာ အနီးတွင် RCSS/SSA နှင့် PNLO/PNLA က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့မှ ထိခိုက် သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲဖြစ်စဥ် နှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ကို ဆက်သွယ် မေးမြန်းရာ PNLO/PNLA တပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ တပ်ဖွဲ့ရဲ့ စစ်ကြောင်းတစ်ခုက နမ့်ပါတက် ကျေးရွာ အနီးနားမှာ စခန်းချ နားနေတာပေါ့နော်၊ အဲ့ဒီမှာ PNLO တပ်ဖွဲ့က လာပစ်ခတ်တယ်၊ ပြီးတော့ ပြန်ဆုတ်သွားတယ်၊ သူတို့ ပြန်ဆုတ်သွားတဲ့ အချိန်မှာ ကျနော်တို့ တပ်ဖွဲ့က သူတို့ (PNLO) စစ်အသုံးအဆောင် တချို့ သိမ်းမိတာရှိတယ်၊ ပြီးတော့ သူတို့လူ ထိခိုက်ဒဏ်ရာရလို့ ဆွဲခေါ်သွားတဲ့ အနေအထားတွေ တွေ့ရတယ်” ဟု ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုသည် နံနက် ၁၁ နာရီမှ မွန်းလွဲပိုင်း အထိ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိတွေ့ ကျဆုံးမှုများ ရှိနေကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များက ပြောသော်လည်း RCSS/SSA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ဗိုလ်မှူးခမ်းစံက ဆက်ပြောသည်။

“ကျနော်တို့ RCSS/SSA ဘက်ကတော့ မရှိဘူး၊ အခု ကျနော် ပြောနိုင်တာက သူတို့ (PNLO) လူကို ခေါ်သွားတဲ့ လမ်းကြောင်း အထောက်အထားတွေ့ရတယ်၊ သူတို့ဘက်က ထိခိုက်ကျဆုံးမှု ရှိတယ်ပေါ့” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့် ကိုပြောသည်။

The People’s Voice သတင်းရေးသားချက်အရ RCSS/SSA ဘက်မှ ၈ ဦးထက် မနည်း ကျဆုံးပြီး၊ PNLO/PNLA က (၃) ဦး ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ပွဲအတွင်း၌ PNLO/PNLA ဘက်မှ လက်နက်ကြီးများ ဖြစ်ကြသည့် ၆၀ မမ မော်တာ၊ RPG နှင့် စက်သေနတ်တွေကို အသုံးပြု ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးခမ်းစံက ဆက်ပြောသည်။

“ကျနော်တို့ RCSS တပ်သားတွေ နားနေတဲ့ နေရာကို သူတို့သိတယ်လေ၊ ဒါကြောင့်မို့ သူတို့ဘက်က တမင် ရည်ရွယ်ချက် ရှိရှိလာပစ်တယ်လို့ ကျနော်တို့ ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုရင် ၁၆၀ မမတို့လို လက်နက်ကြီးတွေက တိုက်ပွဲကြီးမဟုတ်ရင် သုံးလေ့ မရှိဘူးလေ” ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့အနေဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသော်လည်း နိုင်ငံရေးလမ်းကြောင်းမှ ငြိမ်းချမ်းရေးများ ထိခိုက်မှု မရှိနိုင်ကြောင်းလည်း ဗိုလ်မှူးခမ်းစံက ဆက်ပြောသည်။

RCSS/SSA နှင့် PNLA/PNLO တပ်ဖွဲ့ (၂) ဖွဲ့သည် စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက် ပြုလုပ်နေသေးသည့် အဖွဲ့များဖြစ်ကြသည့် တပ်ဖွဲ့များ ဖြစ်ကြသည်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

RCSS/SSA နှင့် PNLO / PNLA တပ်ဖွဲ့နှစ်ခုသည် သျှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြသည့် တိုင်းရင်းသားများ အချင်းချင်း ဖြစ်သောကြောင့် RCSS/SSA အနေဖြင့် ထိတွေ့ပစ်ခတ်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာဖြေရှင်းနိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဟုလည်း RCSS/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...