NCA လက်မှတ်ထိုးထားသည့် RCSS နှင့်PNLO တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA  နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့သည် မောက်မယ်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

RCSSနှင့် PNLO

ပြီးခဲ့သည့် မတ်လ ၃၀ ရက် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပြီး နောက် မတ်လ ၃၁ ရက်တွင်လည်း ကဒူးကြီးဒေသရှိ နမ့်ပါတက် ကျေးရွာအနီးမှာလည်း ဒုတိယ အကြိမ် ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်းသိရသည်။

ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး PNLO/PNLA တပ်သားများ နယ်မြေကျူးကျော်ဝင်ရောက်လာက ပါတက် ကျေးရွာမှ RCSS/SSA တပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း RCSS/SSA  ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။

ထို့အပြင် PNLO/PNLA တပ်ဖွဲ့သည် RCSS/SSA ထိန်းချုပ်နယ်မြေတွင်းသို့ ကျူးကျော် ဝင်ရောက်လာမှုကြောင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း Tai Freedom မှ ထုတ်ပြန်ထားသည်။

သို့သော်လည်း PNLO/PNLA ဘက်ကမူ တစ်ဖက်၏ လုံခြုံရေးတပ်သားများ နယ်မြေကျော်လွန် လာမှုကြောင့် ပစ်ခတ်မှု ဖြစ်ရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) မှ မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ဖက်က အသိမပေးဘဲ ဒီဘက်နယ်မြေထဲ ရောက်လာတော့ ပစ်ခတ်မှု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း တပ်ဖွဲ့တွေ ရှိနေကြတဲ့ နေရာဆိုတော့ ဖြစ်နိုင်ပါတယ်၊ အချင်းချင်း နယ်မြေ တစ်ခု နဲ့ တစ်ခုကြား ဒီလို ထိတွေ့မှု ကတော့ ရှိမှာပဲလေ၊အသေးစိတ်တော့ မသိရသေးဘူး” ဟု PNLO/PNLA အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ် ဝန်းကျင် ခန့် ကြာပြီး လက်ရှိအချိန်၌ မြေပြင် စစ်ရေး ငြိမ်သက်နေကြောင်းလည်းအထက်ပါ အရာရှိ ပုဂ္ဂိုလ်က ပြောသည်။

RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ ထိုအဖွဲ့ (၂) ဖွဲ့သည် လက်ရှိမှာလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်ပြုလုပ်နေသေးသည့်အဖွဲ့များဖြစ်ကြသည်။

မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

RCSS/SSA  နှင့် PNLO / PNLA တပ်ဖွဲ့နှစ်ခုသည် သျှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြသည့် တိုင်းရင်းသားများ အချင်းချင်းဖြစ်သောကြောင့် RCSS/SSA အနေဖြင့် ထိတွေ့ပစ်ခတ်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာဖြေရှင်းနိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဟုလည်း RCSS/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...