Thursday, May 2, 2024

ကဒူးကြီး

မောက်မယ် ကဒူးကြီး အမျိုးသားတစ်ဦး တောင်ယာသွားနေစဉ် မိုင်းနင်းမိ သေဆုံး

သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ နမ့်ပါတက်ကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာ သွားနေစဉ် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်း ၁၂ နာရီတွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နမ့်ပါတက်ကျေးရွာ၏ အနောက်ဘက်ရှိ တောင်ယာသို့ အသက် ၃၂ နှစ်အရွယ်...

NCA လက်မှတ်ထိုးထားသည့် RCSS နှင့်PNLO တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA  နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့သည် မောက်မယ်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပြီး နောက် မတ်လ ၃၁ ရက်တွင်လည်း ကဒူးကြီးဒေသရှိ နမ့်ပါတက် ကျေးရွာအနီးမှာလည်း ဒုတိယ အကြိမ် ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်းသိရသည်။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး PNLO/PNLA တပ်သားများ နယ်မြေကျူးကျော်ဝင်ရောက်လာက ပါတက် ကျေးရွာမှ RCSS/SSA တပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း RCSS/SSA  ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။ ထို့အပြင် PNLO/PNLA တပ်ဖွဲ့သည် RCSS/SSA ထိန်းချုပ်နယ်မြေတွင်းသို့ ကျူးကျော် ဝင်ရောက်လာမှုကြောင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း Tai Freedom မှ ထုတ်ပြန်ထားသည်။ သို့သော်လည်း PNLO/PNLA ဘက်ကမူ တစ်ဖက်၏ လုံခြုံရေးတပ်သားများ နယ်မြေကျော်လွန် လာမှုကြောင့် ပစ်ခတ်မှု ဖြစ်ရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) မှ မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က အသိမပေးဘဲ ဒီဘက်နယ်မြေထဲ ရောက်လာတော့ ပစ်ခတ်မှု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း တပ်ဖွဲ့တွေ ရှိနေကြတဲ့ နေရာဆိုတော့ ဖြစ်နိုင်ပါတယ်၊ အချင်းချင်း နယ်မြေ တစ်ခု နဲ့ တစ်ခုကြား ဒီလို ထိတွေ့မှု ကတော့ ရှိမှာပဲလေ၊အသေးစိတ်တော့ မသိရသေးဘူး” ဟု PNLO/PNLA အရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ် ဝန်းကျင် ခန့် ကြာပြီး လက်ရှိအချိန်၌ မြေပြင် စစ်ရေး ငြိမ်သက်နေကြောင်းလည်းအထက်ပါ အရာရှိ ပုဂ္ဂိုလ်က ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ ထိုအဖွဲ့ (၂) ဖွဲ့သည် လက်ရှိမှာလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်ပြုလုပ်နေသေးသည့်အဖွဲ့များဖြစ်ကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ RCSS/SSA  နှင့် PNLO / PNLA တပ်ဖွဲ့နှစ်ခုသည် သျှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွ...

PPST အဖွဲ့ဝင် ဖြစ်သည့် RCSS နှင့် PNLA က မောက်မယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ (မတ်လ ၃၀ )ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး ကင်းလှည့်သည့် တပ်သားများ မှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်သည်ဟုသာ သိရပြီး အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လုံခြုံရေး ကင်းလှည့်တဲ့ တပ်သားအချင်းချင်း ထိတွေ့မှုဖြစ်တာလို့ပဲ သိရတယ်၊ ကျနော်တို့ဘက်က သွားပြီး စပစ်တာတော့မဟုတ်ဘူး၊ ခုလည်း သူတို့ဘက်ကပဲ လာပစ်တာလို့ သိရတယ်၊ ဒီနေရာက ကျနော်တို့ အရင် ကတည်း သွားလာလှုပ်ရှားတဲ့ နေရာလေ၊ ဒီနေ့ ပစ်ခတ်မှု အသေးစိတ်ကိုတော့ ကျနော်မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီအထိ ဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး  (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်ကို ဆက်သွယ်မေးမြန်းရာ သတင်း သာကြားရကြောင်း နှင့် အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ခုနကတော့ အသိတစ်ယောက်က ကဒူးကြီးဘက် ထိတွေ့တိုက်ပွဲ ဖြစ်လား ဆိုပြီးတော့ လာမေးတယ်၊ ကျနော့် ဆီတော့ သတင်းအချက်အလက် မရောက်လာသေးဘူး၊ အဲ့ဘက်က ဆက်သွယ်ရေး တာဝန်ခံတွေဆီ မေးကြည့် လည်း ဖုန်းက မရဘူးဖြစ်နေတယ်၊ အဲ့တော့ ကျနော်ကလည်း အတည်လည်း မပြုနိုင်သေးဘူး” ဟု (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

Latest news