မောက်မယ် ကဒူးကြီး အမျိုးသားတစ်ဦး တောင်ယာသွားနေစဉ် မိုင်းနင်းမိ သေဆုံး

သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ နမ့်ပါတက်ကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာ သွားနေစဉ် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

မြေမြှုပ်မိုင်း နင်းမိသည့်ရွာသား

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်း ၁၂ နာရီတွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နမ့်ပါတက်ကျေးရွာ၏ အနောက်ဘက်ရှိ တောင်ယာသို့ အသက် ၃၂ နှစ်အရွယ် ခွန်မောင်သန်း သွားနေစဉ် လမ်း၌ မိုင်းနင်းမိခဲ့သည်။

အဆိုပါ မိုင်းနင်းမိပြီးနောက် အိမ်ကို ပြန်မလာနိုင်သောကြောင့် ဇူလိုင် ၂၄ ရက် နံနက်ပိုင်း၌ ကျေးရွာမှ ဒေသခံများ သွားရောက်ရှာဖွေနေစဉ် သေဆုံးနေလျက်ရှိသည့် အလောင်းကို ပြန်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့ ရွာရဲ့အနောက်ဘက်မှာ မိုင်းကွဲသံ ကြားရတယ်။ နောက်ရက် မနက် ၇ နာရီအချိန် ကျော်ကျော်လောက်မှ ဒေသခံတွေက အဲ့ဖက်ကို သွားတယ်။ မိုင်းနင်းမိတဲ့ ခွန်မောင်သန်းက ပြန်မရောက်လာလို့ သွားရှာကြတာ။ သူတို့ သွားရှာတဲ့ အခါကျတော့ မိုင်းနင်းမိပြီး သေဆုံးနေတဲ့ ခွန်မောင်သန်း အလောင်းကို တွေ့ရတယ် “ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ အလောင်းကို တွေ့ခဲ့စဉ်က ခြေထောက်၊ ပေါင် နှင့် မျက်စိတစ်ဖက်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရထားသည့် ဒဏ်ရာများရှိပြီး အချိန်မှီ ဆေးဝါး မကုသလိုက်ရသည့်အတွက်ကြောင့် ပြင်းထန်သည့် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ယူဆထားသည်။

ထို့အပြင် ကဒူးကြီးဒေသအတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့တို့အား တိုက်ပွဲဖြစ်ပွားသည့် နယ်မြေဖြစ်၍ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မြှုပ်ထားသည့် မိုင်းများဖြစ်ကြောင်း သိရသည်။

“ အဲ့လိုမိုင်းတွေ လျှောက်ထောင်ထားတော့ ကျန်တဲ့ ဒေသခံတွေကပါ တောင်ယာသွားလာရင် ဘယ်လိုမျိုး သွားကြတော့မလဲ။ ကိုယ့်ခြံ၊ ကိုယ့်နေရာ သွားတောင်မှ အသက်ဆုံးရှုံးရမယ့် အခြေအနေ ဖြစ်လာနေပြီ။ လူထုတွေ ထိခိုက်နစ်နာတာပေါ့ “ ဟု ကဒူးကြီးကျေးရွာမှ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ယင်းကဲ့သို့ မိုင်းနင်းမိခြင်းကြောင့် သေဆုံးသွားခဲ့ရသည့် ခွန်မောင်သန်းတွင် ဇနီး နှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့ပြီး အဆိုပါ အမျိုးသားသေဆုံးသွားခဲ့၍ မိသားစု စားဝတ်နေရေး အပါအဝင် ကလေးငယ်များ၏ ပညာရေးအတွက် ခက်ခဲသွားနိုင်ကြောင်း ၎င်းနှင့်နီးစပ်သူ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်တွင်လည်း ကဒူးကြီးဒေသအတွင်း တောထဲ ဟင်းရှာထွက်သွားသည့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး နှင့် အမျိုးသမီး ၂ ဦး မိုင်းနင်းမိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...