PNLO ပြောတဲ့ ပြည်နယ်သစ်မူဆိုတာ ဘယ်လိုမျိုးလဲ

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ပြီးခဲ့တဲ့ ဇွန် (၁၆ – ၁၈) ရက်နေ့ထိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲ့ဒီဆွေးနွေးမှုမှာ (PNLO) အနေနဲ့ ဘာတွေဆွေးနွေးခဲ့တာလဲဆိုတာ သျှမ်းသံတော်ဆင့်မှ PNLO ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးခွန်မင်းသိမ်း နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ပြီးခဲ့တဲ့ ဇွန် (၁၈) ရက်နေ့တုန်းက PNLO အနေနဲ့ စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ဘာတွေဆွေးနွေးခဲ့ကြပါသလဲရှင့်။

ဖြေ – ဒီမိုကရေစီ ဖက်ဒရယ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကိစ္စတွေ၊ ပါတီစုံ ဒီမိုကရေစီကျင့်သုံးရေးကိစ္စတွေ၊ နောက်တစ်ခုက ကျနော်တို့ နယ်မြေတွင်းမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးဖြစ်ကြပါတယ်။

မေး – တွေ့ဆုံဆွေးနွေးပွဲမှာ ကျေနပ်အားရမှု ရှိပါသလားရှင့်။

ဖြေ – ကျေနပ်အားရမှု ရှိသလားဆိုရင်တော့ တစ်ချို့ကိစ္စတွေက ဘယ်လိုပြောရမလဲ ဒီမေးခွန်းက ဖြေဖို့ နည်းနည်းခက်တယ်။ အတင့်အသင့်ပါပဲ။

မေး – PNLO ရဲ့ နိုင်ငံရေး ရည်မှန်းချက် ကဘာတွေဖြစ်တာလဲ။ စစ်ကောင်စီကို ဘာတွေတင်ပြထားသလဲရှင့်။

ဖြေ – အဓိက ကတော့ ကျနော်တို့ နိုင်ငံရေး ရည်မှန်းချက်က (၄) ခု တင်ပြခဲ့ပါတယ်။ ခုန (၂) ခုတော့ပါပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုတဲ့ ကိစ္စတစ်ခုရယ်၊ ပြီးတော့ ပါတီစုံ ဒီမိုကရေစီစနစ် ရွေးကောက်ပွဲ စနစ် ကျင့်သုံးရေးကိစ္စရယ်၊ နောက်တစ်ခုက ပြည်နယ်များ ဥပဒေပြဌာန်းရေးဆွဲနိုင်ရေး ကိစ္စရယ် ၊နောက်တစ်ခုက အနာဂတ် တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲမယ်ဆိုလို့ရှိရင် ပြည်နယ်သစ်များ ပေါ်ထွန်းရေးကိစ္စ၊ အဓိက နိုင်ငံရေး ရည်မှန်းချက် အဲ့ဒီ (၄) ခုပေါ့နော်။

စစ်ကောင်စီ နဲ့ PNLO တို့ တွေ့ဆုံနေသည့်ပုံ

မေး – ပြည်နယ်သစ် ပေါ်ထွန်းရေးကိစ္စက ပအိုဝ်းပြည်နယ်ပေါ်ထွန်းရေးကို ဆိုလိုချင်တာလားရှင့်။

ဖြေ – အဲ့လိုမျိုး ပြောလို့တော့မရဘူး။ အနာဂတ်မှာ ပြည်နယ်သစ်မူများ ပေါ်ထွန်းမယ်ဆိုလို့ရှိရင် အဲ့ဒီ အင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ ဘယ်လူမျိုးမဆို ရရှိနိုင်မယ် ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ ရည်ရွယ်တာက ကျနော်တို့ ပအိုဝ်းတစ်မျိုးသားလုံး သီးသန့်တော့မဟုတ်ဘူး။ တခြားသောလူမျိုးစုငယ်တွေ တခြားတခြားသော နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ အတူတကွ ရှိမယ်ဆိုလို့ရှိရင်လည်း အဆင်သင့်ဖြစ်သွားအောင်။

မေး – ပအိုဝ်းပြည်နယ် ရရှိရေးအတွက် သွားဆွေးနွေးတယ်လို့ သတင်းထွက်တဲ့အပေါ်မှာ ဘာများ ဆွေးနွေးချင်ပါသလဲရှင့်။

ဖြေ – လက်ရှိ အနေအထားကတော့ သိတဲ့အတိုင်းပဲ။ ပြည်နယ်သွားဖို့အတွက်က အဆင်ပြေဖို့ မလွယ်ပါဘူး။ (၂၀၀၈) အခြေခံ ဥပဒေက ဒီတပ်မတော် ကိုင်စွဲထားတော့ ပြည်နယ်ကိစ္စတွေ ဒီအခြေခံ ဥပဒေ ပြင်ဆင်တော့မယ်ဆိုရင် (၄၃၆) အပေါ်မှာ တအားခက်ခဲတယ်။ ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံပြီးမှ လူထုခံယူပွဲ လုပ်ရမယ်ဆိုတဲ့ ကိစ္စ တော်တော် ခက်ခဲတယ်။

မေး – ခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကြပ်အတည်း နဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ ဆွေးနွေးဖြစ်ခဲ့ကြသလဲရှင့်။

ဖြေ – လက်ရှိ နိုင်ငံရေးအကြပ်အတည်းကိုတော့ အားလုံးပါဝင်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းသွားဖို့ ဆိုတဲ့ ဆန္ဒရှိတယ်။ ကျနော်တို့ ပြောဆိုခဲ့တာတော့ရှိတယ်။

မေး – ခုလက်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ PNO တပ်ဖွဲ့တွေက စစ်သားကောက်ယူမှု တွေပြုလုပ်တာတွေရှိတယ်။ အဲ့ဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ – အတင်းအကြပ် အဓမ္မကောက်ခံတယ်ဆိုတဲ့ ကိစ္စက မဖြစ်သင့်ဘူး။ လူပဲဖြစ်ဖြစ် ပစ္စည်း ဥစ္စာပဲဖြစ်ဖြစ် အတင်းအဓမ္မကောက်ခံတယ်ဆိုတာ မလုပ်သင့်ဘူး။ ကျနော်တို့ လက်ခံထားတဲ့ အရာတစ်ခုပါ။ သူတို့ရဲ့ ဆန္ဒအရပဲ ဖြစ်သင့်တယ်။ စစ်သားထဲဝင်တယ်ဆိုတာ စေတနာ့ဝန်ထမ်း မျိုးဖြစ်သင့်တာပိုကောင်းတယ်။

မေး – ဒီကိစ္စနဲ့ ပတ်သက်ပြီး PNLO အနေနဲ့ ဝင်ရောက်ဖြေရှင်းသွားဖို့ ရှိပါသလားရှင့်။

ဖြေ – ဒီကိစ္စက PNLO ကိစ္စမဟုတ်ပေမယ့်လည်း တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စပေါ့။ ဒီလုပ်ရပ်အပေါ်မှာကော ဆောင်ရွက်တဲ့သူအပေါ်မှာတော့ ဘာလို့လုပ်ရတာလဲဆိုတဲ့ ဖြေရှင်းချက်ပုံစံမျိုး သူတို့က ရှင်းပြဖို့တော့ လိုအပ်တယ်။ ကျနော်တို့ အနေနဲ့ တိုက်ရိုက်ပြီး ဖြေရှင်းဖို့တော့မရှိဘူး။ ပြောဖို့တော့ တာဝန်မရှိဘူး။

မေး – နောက်ဆုံး အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ – အဓိက ကတော့ လတ်တလောမှာြဖစ်တဲ့ စစ်ဘေးရှောင် ကိစ္စတွေ ဒါလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အခက်အခဲတွေ ဘာမှ မဆီမဆိုင်ပဲနဲ့ ဒုက္ခရောက်နေတာတွေရှိတယ်။ လူသားချင်း စာနာထောက်ထားမှုအနေနဲ့ အားလုံး ဆောင်ရွက်ပေးဖို့ သင့်တယ်ဆိုတဲ့ ကိစ္စလည်း ဆွေးနွေးခဲ့တာတော့ရှိတယ်။ တခြားဟာတော့ အထွေအထူးတော့မရှိပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...