Wednesday, January 28, 2026

PNLO တပ်သား (၅) ဦး သတ်ခံရသည့်ကိစ္စ ပအိုဝ်းလက်နက်ကိုင် (၂) ဖွဲ့ တွေ့ဆုံညှိနှိုင်း

PNO နှင့် PNLO တွေ့ဆုံ

PNLO တပ်ဖွဲ့ (၅) ဦး သတ်ဖြတ်ခံရသည့်ကိစ္စ နှင့်ပတ်သတ်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့်) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ တောင်ကြီးမြို့ ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် PNLO တပ်ဖွဲ့ (၅) ဦးသတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သတ်ပြီး နောက်နောင် ထပ်မံမဖြစ်ပွားအောင် နယ်မြေကျူးကျော်မပြုလုပ်ဘဲ၊ နယ်မြေ ကျူးကျော်မည် ဆိုပါက နယ်မြေတာဝန်ခံကို အသိပေးရန်အတွက် ဆွေးနွေခဲ့ကြောင်း PNO/PNA ပြောရေဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO နှင့် PNLO တွေ့ဆုံ

“ ကျနော်တို့က နဂိုးကတည်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်သူလည်းမဟုတ်ဘူး။ မိတ်ဖက်တွေပဲဖြစ်တယ်။ နောက်နောင်မဖြစ်အောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တာဝန်ခံ ပြောလိုက်တာပါ။ နောက်ဆိုရင် နယ်မြေကျူးကျော်လာတာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် သတင်းအရင်းပို့ပြီးမှ သွားသွားလာလာ လုပ်ခိုင်းတဲ့အနေထားပါ” ဟု ဗိုလ်မှူး သန်းကြွယ် ကဆိုသည်.

အဆိုပါ PNO မှ PNLO တပ်သား (၅) ကို သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်မှူးသန်းကြွယ်က ဖြစ်ရပ်မှန်ကို မသိရှိရကြောင်း၊ အောက်ခြေတပ်သားများ လုပ်ရပ်ကိုလည်း အသေးစိတ်မသိရဟု ထပ်လောင်းပြောသည်။

“ ကျနော်တို့လည်း အဲဒါကို သေချာမသိဘူး။ အခုထိအလောင်းကိစ္စလည်း ကျနော်တို့ မတွေ့ဘူးဖြစ်နေတယ်။ ဖြစ်စဉ်က ပင်လောင်းမှာ။ ဘာကြောင့်သတ်လဲဆိုတာ မသိရဘူး” ဟု ဗိုလ်မှူးသန်းကြွယ် က ပြောသည်။

PNLO တပ်သား (၅) ဦးကို PNO တပ်ဖွဲ့က ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံကျေးရွာထဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၄) ရက်က အကြောင်းမဲ့ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့ကြောင်း PNLO က ထုတ်ပြန်ထားသည်။

အဆိုပါသတ်ဖြတ်ခံရသူများသည် ခွန်ထွန်းဦး၊ ခွန်ရှိန်၊ ခွန်သန်းဖေ၊ ခွန်ကြယ်စင် နှင့် ခွန်ရဲနောင် တို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...