PNLO တပ်သား (၅) ဦး သတ်ခံရသည့်ကိစ္စ ပအိုဝ်းလက်နက်ကိုင် (၂) ဖွဲ့ တွေ့ဆုံညှိနှိုင်း

PNO နှင့် PNLO တွေ့ဆုံ

PNLO တပ်ဖွဲ့ (၅) ဦး သတ်ဖြတ်ခံရသည့်ကိစ္စ နှင့်ပတ်သတ်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့်) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ တောင်ကြီးမြို့ ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် PNLO တပ်ဖွဲ့ (၅) ဦးသတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သတ်ပြီး နောက်နောင် ထပ်မံမဖြစ်ပွားအောင် နယ်မြေကျူးကျော်မပြုလုပ်ဘဲ၊ နယ်မြေ ကျူးကျော်မည် ဆိုပါက နယ်မြေတာဝန်ခံကို အသိပေးရန်အတွက် ဆွေးနွေခဲ့ကြောင်း PNO/PNA ပြောရေဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO နှင့် PNLO တွေ့ဆုံ

“ ကျနော်တို့က နဂိုးကတည်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်သူလည်းမဟုတ်ဘူး။ မိတ်ဖက်တွေပဲဖြစ်တယ်။ နောက်နောင်မဖြစ်အောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တာဝန်ခံ ပြောလိုက်တာပါ။ နောက်ဆိုရင် နယ်မြေကျူးကျော်လာတာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် သတင်းအရင်းပို့ပြီးမှ သွားသွားလာလာ လုပ်ခိုင်းတဲ့အနေထားပါ” ဟု ဗိုလ်မှူး သန်းကြွယ် ကဆိုသည်.

အဆိုပါ PNO မှ PNLO တပ်သား (၅) ကို သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်မှူးသန်းကြွယ်က ဖြစ်ရပ်မှန်ကို မသိရှိရကြောင်း၊ အောက်ခြေတပ်သားများ လုပ်ရပ်ကိုလည်း အသေးစိတ်မသိရဟု ထပ်လောင်းပြောသည်။

“ ကျနော်တို့လည်း အဲဒါကို သေချာမသိဘူး။ အခုထိအလောင်းကိစ္စလည်း ကျနော်တို့ မတွေ့ဘူးဖြစ်နေတယ်။ ဖြစ်စဉ်က ပင်လောင်းမှာ။ ဘာကြောင့်သတ်လဲဆိုတာ မသိရဘူး” ဟု ဗိုလ်မှူးသန်းကြွယ် က ပြောသည်။

PNLO တပ်သား (၅) ဦးကို PNO တပ်ဖွဲ့က ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံကျေးရွာထဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၄) ရက်က အကြောင်းမဲ့ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့ကြောင်း PNLO က ထုတ်ပြန်ထားသည်။

အဆိုပါသတ်ဖြတ်ခံရသူများသည် ခွန်ထွန်းဦး၊ ခွန်ရှိန်၊ ခွန်သန်းဖေ၊ ခွန်ကြယ်စင် နှင့် ခွန်ရဲနောင် တို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်တလုံးကြီးတွင် စစ်မှုထမ်းကြေးအပြင် ပျော်ပါးဖိုးအတွက်ပါ PNO ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့တွင် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့(PNO)မှ ဒေသခံများထံ စစ်မှုထမ်းကြေးအပြင် ၎င်းတို့ပျော်ပါးရန်အတွက်ပါ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ကျောက်တလုံးကြီးမြို့နယ်ခွဲတွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ခေါင်းစဉ်အမျိုးမျိုးတပ်ကာ (၆)လတစ်ကြိမ် ငွေကောက်ခံနေပြီး အဆိုပါ ငွေကောက်ခံသည့်ထဲတွင် စစ်ကော်မရှင်တပ်အတွက် လစဉ် စစ်မှုထမ်းကြေးနှင့် သောက်စားပျော်ပါးရန်အတွက်ပါ ‌ငွေထည့်ရသည့်အပြင်...

စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ် PNO ခေါင်းဆောင်များကို သွားရောက်တွေ့ဆုံ

0
စစ်ကော်မရှင်အသွင်ပြောင်း စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၉ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ရှိ PNO နာယက ဦးအောင်ခမ်းထီ နေအိမ်သို့ စစ်အစိုးရခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊...

စစ်တပ် မြေသိမ်းရန် ကန့်ကွတ်မှုကြောင့် ဖမ်းဆီးခံရသူ (၁၂)ဉီးပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ ရွာသူကြီး အပါအဝင် ဒေသခံ (၁၂)ဦးသည် မြေသိမ်းရန် ကန့်ကွက်မှုကြောင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

ကဒူးကြီးဒေသ စစ်ဘေးရှောင်များ သောက်သုံးရေအခက်ကြုံ

0
သျှမ်းပြည်တောင်ပိုင်း၊မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် သောက်သုံးရေအခက်ကြုံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ကဒူးကြီးဒေသမှ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး၊ ခြောက်သွေ့ရာသီရောက်ရှိလာသဖြင့် သောက်သုံးရေလည်း ခက်ခဲလာကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီးက...