Wednesday, January 28, 2026

PNLO

တိုက်ပွဲကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းတကြောရှိ ကျေးရွာများ ဆက်လက်ထွက်ပြေးနေ

သျှမ်းပြည် ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတလျောက်ရှိ ကျေးရွာများမှ ပြည်သူများသည် ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစ၍ ဆက်လက် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြောင့် ကောင်းမှုဗွာရွာ၊ နမ့်သြရွာ၊...

ဆီဆိုင်မြို့မရဲစခန်းကို PNLA နှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်

သျှမ်းပြည် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ဦးဆောင်ပြီး ပူးပေါင်းတပ်ဖွဲ့များ ဆီဆိုင်မြို့ကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ မြို့မရဲစခန်းကို ယမန်နေ့ (ဇန်နဝါရီလ ၂၄...

ဆီဆိုင်မြို့ကို PNLOနှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ဝင်တိုက်

သျှမ်းပြည် ဆီဆိုင်မြို့ရှိ လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်များကို ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်၍ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေကြောင်း ဆီဆိုင်ဒေသခံများပြောပြချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နံနက်အစောပိုင်းအချိန်မှစ၍ ဆီဆိုင်မြို့၏ တောင်ဘက် (၃) မိုင်ခန့်ဝေးသော...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ တပ်စခန်းများကို PNLO က သိမ်းပိုက်နိုင်ခဲ့

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့၏ တပ်စခန်းများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိသည်။ ယမန်နေ့( ဇန်နဝါရီလ ၂၃) ရက်နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများ ဖြစ်ကြသည့် ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာ အရှေ့ဘက် နှင့် တောင်ဘက်ရှိ...

စစ်ကောင်စီ ဖမ်းဆီးသွားသည့် PNLO ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများ ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဆက်ဆံရေးရုံးမှ စစ်ကောင်စီ ဖမ်းဆီးသွားသည့် တာဝန်ရှိသူများသည် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နနဝါရီလ ၂၂ )ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ မှ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း PNLO မှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖမ်းသွားတယ် ဆိုတာထက် ခေါ်ယူ စစ်ဆေးတာ၊ ဆွေးနွေး မေးမြန်းကြတာပေါ့နော်။ ဘာအကြောင်းလဲဆိုတာ တော့ကာယကံရှင်တွေပဲ အသေးစိတ် ပိုသိလိမ့်မယ်။ ဒါပေမဲ့သူတို့လည်း ဒီမနက်မှ ပြန်လာကြတာဆိုတော့ မအားကြသေးဘူး။ အဲ့ကြောင့် အသေးစိတ် အချက်အလက်ကို ကျနော်တို့ မသိရသေးဘူး” ဟု PNLO မှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၁) ရက်တွင် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်ရှိ PNLO ဆက်ဆံ ရေးရုံးသို့ စရဖ နှင့် စစ်ကောင်စီတပ်သားများ ရောက်လာပြီး PNLO၏ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါအဝင် ဗိုလ်ကြီးခွန်သိဒ္ဓိနှင့် ဗိုလ်ခွန်လှဝင်း တို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးခေါ်သွားရခြင်းသည် ယမန်နေ့ ဇန်နနဝါရီလ (၂၁) ရက်နေ့ အတွင်း ဖြစ်ပွားခဲ့သည့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးမြောက်ရွာအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA တို့၏ တိုက်ပွဲတို့နှင့် ဆက်စပ် ပတ်သက်နိုင်ကြောင်း လည်း အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။ “ကျနော့်အထင်တော့ အဲ့ဒီ တိုက်ပွဲ အကြောင်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့လည်း မြေပြင် အခြေအနေတိတိကျကျ မသိကျဘူးလေ၊ ကျနော်တို့လည်း မသိဘူး။ ခုလိုမျိုးတိုက်ပွဲ ဖြစ်ပွားခဲ့ရတဲ့ အတွက်လည်း စိတ်မကောင်းဘူး” ဟုအမည်မဖော်လိုသည့် PNLO မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ အဆိုပါ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ နှင့် PNLO တို့ အကြား ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ အရပ်သားနေအိမ် ၂၀ ကျော် မီးလောက်ပျက်စီး ဆုံးရှုံးရသည့် အပြင် ဒေသခံ အများအပြားကလည်း စစ်ရှောင်ထွက်ပြေးရကြောင်း စုံစမ်းသိရသည်။  PNLO /PNLA သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး၊ လက်ရှိမှာလည်း...

ဆီဆိုင်မြို့နယ် ဒေသခံများ PNLO ထံ အခွန်ဆောင်ရမှုကြောင့် အကြွေးတင်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ ဒေသခံများသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ထံအခွန်ဆောင်ဖို့ရန် ငွေကြေးခက်ခဲသောကြောင့် ချေးငှားခဲ့ရကာ အခွန်ဆောင်ခဲ့ရသဖြင့် အကြွေးတင်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင် ဆီဆိုင်မြို့နယ် အရှေ့ဖက်ခြမ်း ဒေသရှိ ကျေးရွာဒေသမှ ဒေသခံများထံ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး...

ဆီဆိုင်မြို့နယ် ဒေသခံများထံ PNLO မှ ရိက္ခာအတွက် ထော်လာဂျီတစ်စီး ကျပ်ငွေ ၁ သိန်းကောက်ခံ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ထော်လဂျီရှိနေအိမ်များထံ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှရိက္ခာအတွက် ဟုဆိုပြီး တစ်စီးလျှင် ကျပ်ငွေ ၁ သိန်း သတ်မှတ် ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်တွင် PNLO မှ ရိက္ခာထောက်ပံ့ရန်ဟုဆိုပြီး ဆီဆိုင်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာပေါင်း ၂၀...

PNLO နှင့် RCSS တို့ တိုက်ပွဲကြား အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တိုက်ပွဲကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက် နံနက်ပိုင်းတွင် မောက်မယ်မြို့နယ်၊...

မောက်မယ်မြို့နယ်အတွင်းမှာ RCSS/SSA နှင့် PNLO/PNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်းတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့အကြေား တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၀) ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်မှ စတင်ကာ...

သင်ခန်းစာယူရမည့် လူသားစာနာ ယာဉ်တန်းပစ်ခတ်ခံရမှု

နိဒါန်း စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် ပြည်တွင်းစစ်မီးအပြန့်ကျယ်လာသည်နှင့်အတူ စစ်ကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် မြန်မာပြည်သူအပေါင်း သန်းနှင့်ချီနေပြီဖြစ်သည်။ အာဏာသိမ်းစစ် အုပ်စုနှင့် နွေဦးတော်လှန်ရေးအင်အားစုများအကြား အားပြိုင်မှုအတွင်း အမှန်တကယ်ထိခိုက်နစ်နာခဲ့ရသော၊ အမှန်တကယ်ထိရှပျက်ဆီးခဲ့ရသော အသက်များ၊ ဘဝများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် နိုင်ငံတဝှမ်းလုံးတွင် လိုအပ်ချက်ကြီးမားနေပါသည်။ သို့သော် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် အမှန်တကယ်လိုအပ်နေ သော မြန်မာပြည်သူလူထုကြီးအတွက်...

Latest news