ဆီဆိုင်မြို့နယ် ဒေသခံများထံ PNLO မှ ရိက္ခာအတွက် ထော်လာဂျီတစ်စီး ကျပ်ငွေ ၁ သိန်းကောက်ခံ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ထော်လဂျီရှိနေအိမ်များထံ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှရိက္ခာအတွက် ဟုဆိုပြီး တစ်စီးလျှင် ကျပ်ငွေ ၁ သိန်း သတ်မှတ် ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ပုံ – ဆီဆိုင်မြို့နယ်တွင်းရှိ ထော်လာဂျီ

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်တွင် PNLO မှ ရိက္ခာထောက်ပံ့ရန်ဟုဆိုပြီး ဆီဆိုင်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ရွာသူကြီးထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ထော်လာဂျီရှိသည့် နေအိမ်ကို တစ်စီးလျှင် ကျပ်ငွေ ၁ သိန်း နှင့် အိမ်စီးကား၊ လယ်ထွန်စက် ရှိသည့် နေအိမ်ကို တစ်စီးလျှင် ကျပ်ငွေ ၂ သိန်း ကောက်ခံမည်ဟု အိမ်တိုင်ရာရောက် အကြောင်းကြားခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ရိက္ခာထောက်ပံ့ရေးကို ရက်ချိန်းဖြင့် ၁၀ ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ပြီး ပေးဆောင်ရန်အတွက် ဒေသခံများက ခက်ခဲရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“ အခက်ခဲတော့ ရှိတာပေါ့ဗျာ။ ဒီချိန်ကျတော့ တောင်ယာဝင်တဲ့အချိန် ပိုက်ဆံကျတော့ အခက်ခဲရှိတယ်။ ထော်လာဂျီကို တစ်သိန်း၊ ကားကို ၂ သိန်း ကောက်တယ်။ ထွန်စက်ရှိတဲ့ အိမ်တွေလည်း ၂ သိန်းကောက်တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ထော်လာဂျီ၊ ကား၊ လယ်ထွန်စက် မရှိသည့် နေအိမ်ကိုလည်း ၆ လစာ ရိက္ခာအတွက်ဆိုပြီး တစ်မိသားစုကို ဆန် ၁၆ ပြည် ပေးဆောင်ရန် ထပ်မံအကြောင်းခဲ့ကြောင်း သိရသည်။

လက်ရှိ ရိက္ခာထောက်ပံ့ရေးအတွက် ဒေသခံများထံ ပိုက်ဆံကောက်ခံခြင်း နှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နာယက ဗိုလ်မှူးကြီး ခွန်ဉက္ကာကို ဆက်သွယ်ခဲ့ရာ PNLO သည် မောက်မယ်မြို့နယ်အတွင်းသာ လှုပ်ရှားမှုရှိကြောင်း ပြောဆိုထားသည်။

“ဆီဆိုင်ဖက်မှာတော့ တကယ်တော့ PNO/ PNA နယ်မြေတွေပါ။ ကျနော်တို့ လူတွေလည်း သိပ်မသွားပါဘူး။ ကျနော်တို့က ပွန်ချောင်းအရှေ့ဖက် မောက်မယ်မြို့နယ်မှာဘဲ အုပ်ချုပ်တာပါ။ ဒီဖက်မှာ PNO အုပ်ချုပ်တဲ့ နယ်မြေဆိုတော့ အောက်ခြေတပ်သားတွေက နားလည်မှုလွဲသလား (သို့) ဗဟို အမိန့်မရဘဲနဲ့ အောက်ခြေတပ်တွေက အခွန်ဝင်ကောက်တာလားတော့ မသိဘူး။ ဒါကြောင့် ရွာသားတွေ တိုင်လာတာတွေ့တယ်“ ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယင်းကဲ့သို့ ရိက္ခာထောက်ပံ့ရေးအတွက် အကြောင်းကြားခံရသည့် ကျေးရွာများသည် နောင်စံ၊ နောင်ကျော၊ နောင်ပို၊ နောင်ငို စသည်ဖြင့် ကျေးရွာပေါင်း ၂၀ ခန့်ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလတွင်လည်း ဆီဆိုင်မြို့နယ်ရှိ ဒေသခံများထံ PNO မှ ကျည်ဆံဖိုးအတွက်ဆိုပြီး ကားရှိနေသည့် နေအိမ်ကို ကားဘီး ၁ ဘီးလျှင် တစ်သိန်းကျပ်ဆို၍ သတ်မှတ် ကောက်ခံခဲ့ဖူးသလို လက်ရှိ ဇူလိုင် ပထမအတွင်းမှာလည်း သေနတ်ဝယ်ဖို့အတွက် တစ်အိမ် ကျပ် ၅ သောင်း ကောက်ခံနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...