ဆီဆိုင်မြို့ကို PNLOနှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ဝင်တိုက်

သျှမ်းပြည် ဆီဆိုင်မြို့ရှိ လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်များကို ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်၍ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေကြောင်း ဆီဆိုင်ဒေသခံများပြောပြချက်အရသိရသည်။

ဆီဆိုင်စစ်ရှောင်

ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နံနက်အစောပိုင်းအချိန်မှစ၍ ဆီဆိုင်မြို့၏ တောင်ဘက် (၃) မိုင်ခန့်ဝေးသော ဆီဆိုင်-လွိုင်ကော် ကားလမ်းမပေါ်ရှိ ပအိုဝ်းပြည်သူ့စစ် PNO စစ်ဆေးရေးကို PNLO၊ KNDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ပြီး လမ်းမအတိုင်း မြောက်ဘက်အရပ်ကိုမူ၍ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း ဆီဆိုင်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့နောက် ဆီဆိုင်မြို့အဝင် ဆိုင်းဘုတ်အနီးရှိ စစ်ကောင်စီ ဌာနဆိုင်ရာ စစ်ဆေးရေးဂိတ်ကိုထပ်မံ တိုက်ခိုက်ပြီး ဝင်ရောက်လာရာ ယင်းမြို့ထဲရှိ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ ဒီနေ့မနက် PNO စစ်ဆေးရေးဂိတ်တွေ၊ ဌာနပေါင်းစုံ စစ်ရေးဂိတ်ကို သူတို့ဝင်တိုက်တာ။ အခုမြို့အဝင် ရွှေညောင်ပင် ဓာတ်ဆီဆိုင်နားမှာ တိုက်ပွဲဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆီဆိုင်စစ်ရှောင်

လက်ရှိသတင်းရေးသားချိန်ထိ ဆီဆိုင်မြို့ ဘေးပတ်ပတ်လည်နှင့် မြို့အဝင်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

အလားတူ စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက်ပျံဝဲနေသဖြင့် ဆီဆိုင်မြို့ရှိ ပြည်သူများ ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။

သို့သော် ရုတ်တရက် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာသောကြောင့် ကြိုတင်ပြင်ဆင်ချိန် မရှိဘဲ ထွက်ပြေးရသူများ ရှိသလို ထွက်မပြေးနိုင်ဘဲ တိုက်ပွဲကြား ပိတ်မိနေသူများရှိလည်း ကျန်ရှိနေသည်။

“နော်ထောင်မှာပဲ ရှိသေးတယ်လို့ထင်တာ။ ဒီနေ့မနက်သူတို့ရုတ်တရက် တက်လာသော မြို့နဲ့ကပ်ရပ် ရွာတွေမှာ ရှောင်ချိန်လည်းမရလိုက်ဘူး။ ပြင်ဆင်ချိန်လည်းမရဘူး။ တချို့ကြိုတင်သိထားတဲ့သူ၊ သတ္တိဝီရိယရှိထားတဲ့သူတွေကတော့ အထုပ်အပိုးတွေနဲ့ ကြိုတင်ပြင်ဆင်ထားမှုရှိတယ်။ ဒီနေ့အခြေအနေထားမျိုး ကျနော်တို့ထွက်လာတုန်းကဆို တချို့ဘာမှမပြင်ဆင်ထားဘူး။ ဈေးဆိုင်တောင်ဖွင့်နေသေးတယ်။ မထင်ထားဘူးပေါ့” ဟု ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၁ ရက်) တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO) တို့ လက်နက်များသယ်ဆောင်လာပြီး စံဖူးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၊ PNO တပ်ဖွဲ့တို့နှင့် ထိပ်တိုက်ဆိုင်ရင် ပစ်ခတ်မှုဖြစ်စဉ်အပြီး နောက်နှစ်ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာမှာ တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့သည်။

ထိုနောင်ထော်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၂ ခုအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNO တပ်စခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)မှ ယမန်နေ့ (ဇန်နဝါရီလ ၂၃ )တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် တိုက်ပွဲတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တပ်မှပါဝင်ပူးပေါင်း တိုက်ခိုက်နေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...