ဆီဆိုင်မြို့နယ် စစ်ကောင်စီ တပ်စခန်းများကို PNLO က သိမ်းပိုက်နိုင်ခဲ့

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့၏ တပ်စခန်းများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိသည်။

PNLO

ယမန်နေ့( ဇန်နဝါရီလ ၂၃) ရက်နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများ ဖြစ်ကြသည့် ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာ အရှေ့ဘက် နှင့် တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်း နှစ်နေရာ နှင့် နောင်ထော်ရွာအနီး ရှိ စစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ PNA တို့၏ တပ်စခန်းတို့ကို PNLO/PNLA မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တပ်စခန်းလေးနေရာကို ကျနော်တို့ PNLO နဲ့ ပူးပေါင်းတပ်ဖွဲ့ကနေ ဝင်ရောက် ထိန်းချုပ်နိုင်ခဲ့ပြီလို့တော့ သတင်းသိရပါတယ်။ ဒါပေမဲ့ မြေပြင် အခြေအနေရဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု PNLO/PNLA မှ ဝာာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ တပ်စခန်းနေရာများကို ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ထိန်းချုပ်ရရှိနိုင်ကြောင်းကို လည်း အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်လက် ပြောဆိုထားသည်။

“ကျနော်သိရသလောက်တော့ လက်ရှိ နောင်ထော်ထဲမှာက ထိတွေ့တိုက်ပွဲ မရှိသေးဘူး။ ခုလို စကစ စခန်းကို သိမ်းပိုက် ထိန်းချုပ်နိုင်တယ်ဆိုတာကလည်း စကစတွေက သူတို့ တပ်စခန်းကို စွန့်ခွာ ထွက်ပြေးလို့လား ဘာလား ဆိုတာ မြေပြင်ကို ပြန်မေးဖို့ လိုအပ်အုံးမယ်။ ကျနော် တိတိကျကျတော့ မသိရဘူး” ဟု အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်တွင် ဆီဆိုင်မြို့ အခြေစိုက် စစ်ကောင်စီ တပ်များဖြစ်ကြသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၂၄ ၊ ၄၂၃ နှင့် တခြား တပ်ကင်းစခန်းတို့ရှိ တပ်မိသားစုတင်များသည် တောင်ကြီးမြို့ ပေါ်သို့ ပြောင်းရွှေ့ ထွက်ခွာသွားကြကြောင်းလည်း သျှမ်းသံဝောာ်ဆင့်က စုံစမ်းသိရသည်။

အဆိုပါ ဇန်နဝါရီလ ၂၂ ရက်တွင်လည်း ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ထော်ကျေးရွာအတွင်းမှာ အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခြင်း၊ စစ်ဘေးရှောင်များ ထိခိုက်သေဆုံးခြင်းတို့ ရှိနေကြောင်းလည်း သိရသည်။

နောင်ထော်ကျေးရွာသည် သျှမ်း – ကယားနယ်စပ် ဆက်သွဘ်ထားသည့် လမ်းကြောင်းလည်း ရှိနေသည့် အလျှောက် ကရင်နီမှ စစ်ဘေးရှောင်များစွာ ခိုလှုံနေထိုင်သည့် ကျေးရွာလည်း ဖြစ်နေသည်။

လက်ရှိ အချိန်၌လည်း ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ နှင့် ၎င်းတို့၏ လက်အောက်ခံ PNO ပြည်သူ့ စစ်တပ်တပ်ဖွဲ့ နှင့် PNLO/PNLA တပ်တို့က စစ်ရေး တင်းမာနေလျက်ရှိသည့် အတွက် ဒေသခံများကလည်း ဆီဆိုင်မြို့ပေါ် ၊ တောင်ကြီးမြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေး နေကကကြောင်းလည်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...