မောက်မယ်မြို့နယ်အတွင်းမှာ RCSS/SSA နှင့် PNLO/PNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်းတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့အကြေား တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်း စုံစမ်းသိရသည်။

RCSSနှင့် PNLO

ယနေ့ (မေလ ၂၀) ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်မှ စတင်ကာ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာ အုပ်စု၊ ဝမ်ခိုင်း ကျေးရွာအနီးတွင် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် တစ်နာရီနီးပါး ကြာပြီး PNLO/PNLA တပ်ဖွဲ့မှ ပျောက်ကျားနည်းဖြင့် စတင် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း RCSS/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။

“PNLA တွေက ကျနော်တို့ တပ်ဖွဲ့ကို မကြာခဏ ချောင်းမြောင်းပစ်လေ့ရှိတယ်၊ ခုတကြိမ် ပစ်ခတ်မှုကလည်း သူတို့တပ်သားတွေ အရင်လာပစ်လို့ ကျနော်တို့ဘက်က ပြန်လည်ခုခံကာကွယ်ရင်းနဲ့ ပစ်ခတ်မှုဖြစ်သွားတာ၊ ပစ်ခတ်မှု အပြီးမှာ PNLA စစ်သား ငါးယောက်ရဲ့ အလောင်းနဲ့ သူတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်း ရမိတယ်” ဟု Tai Freedom မှ ထုတ်ပြန်ထားသည်။

အလားတူပင် PNLO/PNLA ၏ သတင်းစာမျက်နှာဖြစ်သည့် PNLO Info မှ တစ်ဆင့် အဆိုပါ ပစ်ခတ်မှုသည် RCSS/SSA ဘက်မှ PNLA တပ်စခန်းကို စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။

“အင်အား ၁၀၀ ကျော်ရှိတဲ့ RCSS တပ်ဖွဲ့က ထီဖက်နံ PNLA တပ်စခန်းကို လာရောက်တိုက်ခိုက်တာ၊ ပအိုဝ်းကျေးရွာထဲ တပ်စွဲပြီး ဒေသခံတွေကို ရွာပြင်ထွက်ခွင့်မပေးဘူး၊ သူတို့တပ်အင်အားလည်း ထပ်မံ ဖြည့်တင်းနေတယ်၊ ထိခိုက်ကျရှုံးမှု မသိရသေးပါ” ဟု PNLO/PNLA ၏ သတင်းစာမျက်နှာဖြစ်သည့် PNLO Info မှ ရေးသားထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် ပြောဆို အငြင်းပွားမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းသိရှိနိုင်ရန်အတွက် RCSS/SSA ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးခမ်းစံထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။ အလားတူ PNLO ဘက်မှ ဗိုလ်မှူးခွန်မင်းသိမ်းကို ဖုန်းဆက်သော်လည်း ဖုန်းပြန်ချသွားသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင်လည်း RCSS နှင့် PNLO တပ်ဖွဲ့သည် မောက်မယ်မြို့နယ် အတွင်း ၂ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး အရပ်သား (၃)ဦး မြေမြုပ်မိုင်းနင်းမိခဲ့သေးကြောင်း သိရသည်။

RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် ဖြစ်သည့် အပြင် နှစ်ဖွဲ့စလုံးကလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက် ပြုလုပ်နေသေးသည့် အဖွဲ့များ ဖြစ်ကြသည်။

ထို့အပြင် ပြီးခဲ့သည့် မေ ၁၇- ၁၈ရက်တွင်လည်း RCSS/SSA နှင့် PNLO/PNLA ကိုယ်စားလှယ်များ ပါဝင်သည့် NCA-S-EAO (၇) ၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...