Wednesday, January 28, 2026

စစ်ကောင်စီ ဖမ်းဆီးသွားသည့် PNLO ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများ ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဆက်ဆံရေးရုံးမှ စစ်ကောင်စီ ဖမ်းဆီးသွားသည့် တာဝန်ရှိသူများသည် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။

PNLO

ယနေ့ (ဇန်နနဝါရီလ ၂၂ )ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ မှ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း PNLO မှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းသွားတယ် ဆိုတာထက် ခေါ်ယူ စစ်ဆေးတာ၊ ဆွေးနွေး မေးမြန်းကြတာပေါ့နော်။ ဘာအကြောင်းလဲဆိုတာ တော့ကာယကံရှင်တွေပဲ အသေးစိတ် ပိုသိလိမ့်မယ်။ ဒါပေမဲ့သူတို့လည်း ဒီမနက်မှ ပြန်လာကြတာဆိုတော့ မအားကြသေးဘူး။ အဲ့ကြောင့် အသေးစိတ် အချက်အလက်ကို ကျနော်တို့ မသိရသေးဘူး” ဟု PNLO မှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၁) ရက်တွင် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်ရှိ PNLO ဆက်ဆံ ရေးရုံးသို့ စရဖ နှင့် စစ်ကောင်စီတပ်သားများ ရောက်လာပြီး PNLO၏ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါအဝင် ဗိုလ်ကြီးခွန်သိဒ္ဓိနှင့် ဗိုလ်ခွန်လှဝင်း တို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

PNLO

ယင်းကဲ့သို့ ဖမ်းဆီးခေါ်သွားရခြင်းသည် ယမန်နေ့ ဇန်နနဝါရီလ (၂၁) ရက်နေ့ အတွင်း ဖြစ်ပွားခဲ့သည့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးမြောက်ရွာအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA တို့၏ တိုက်ပွဲတို့နှင့် ဆက်စပ် ပတ်သက်နိုင်ကြောင်း လည်း အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

“ကျနော့်အထင်တော့ အဲ့ဒီ တိုက်ပွဲ အကြောင်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့လည်း မြေပြင် အခြေအနေတိတိကျကျ မသိကျဘူးလေ၊ ကျနော်တို့လည်း မသိဘူး။ ခုလိုမျိုးတိုက်ပွဲ ဖြစ်ပွားခဲ့ရတဲ့ အတွက်လည်း စိတ်မကောင်းဘူး” ဟုအမည်မဖော်လိုသည့် PNLO မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ နှင့် PNLO တို့ အကြား ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ အရပ်သားနေအိမ် ၂၀ ကျော် မီးလောက်ပျက်စီး ဆုံးရှုံးရသည့် အပြင် ဒေသခံ အများအပြားကလည်း စစ်ရှောင်ထွက်ပြေးရကြောင်း စုံစမ်းသိရသည်။ 

PNLO /PNLA သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး၊ လက်ရှိမှာလည်း အာဏာသိမ်း စစ်ကောင်စီနှင့် မကြာခဏတွေ့ဆုံသည့် အဖွဲ့ဖြစ်သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...