စစ်ကောင်စီ ဖမ်းဆီးသွားသည့် PNLO ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများ ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဆက်ဆံရေးရုံးမှ စစ်ကောင်စီ ဖမ်းဆီးသွားသည့် တာဝန်ရှိသူများသည် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။

PNLO

ယနေ့ (ဇန်နနဝါရီလ ၂၂ )ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ မှ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း PNLO မှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းသွားတယ် ဆိုတာထက် ခေါ်ယူ စစ်ဆေးတာ၊ ဆွေးနွေး မေးမြန်းကြတာပေါ့နော်။ ဘာအကြောင်းလဲဆိုတာ တော့ကာယကံရှင်တွေပဲ အသေးစိတ် ပိုသိလိမ့်မယ်။ ဒါပေမဲ့သူတို့လည်း ဒီမနက်မှ ပြန်လာကြတာဆိုတော့ မအားကြသေးဘူး။ အဲ့ကြောင့် အသေးစိတ် အချက်အလက်ကို ကျနော်တို့ မသိရသေးဘူး” ဟု PNLO မှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၁) ရက်တွင် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်ရှိ PNLO ဆက်ဆံ ရေးရုံးသို့ စရဖ နှင့် စစ်ကောင်စီတပ်သားများ ရောက်လာပြီး PNLO၏ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါအဝင် ဗိုလ်ကြီးခွန်သိဒ္ဓိနှင့် ဗိုလ်ခွန်လှဝင်း တို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

PNLO

ယင်းကဲ့သို့ ဖမ်းဆီးခေါ်သွားရခြင်းသည် ယမန်နေ့ ဇန်နနဝါရီလ (၂၁) ရက်နေ့ အတွင်း ဖြစ်ပွားခဲ့သည့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးမြောက်ရွာအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA တို့၏ တိုက်ပွဲတို့နှင့် ဆက်စပ် ပတ်သက်နိုင်ကြောင်း လည်း အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

“ကျနော့်အထင်တော့ အဲ့ဒီ တိုက်ပွဲ အကြောင်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့လည်း မြေပြင် အခြေအနေတိတိကျကျ မသိကျဘူးလေ၊ ကျနော်တို့လည်း မသိဘူး။ ခုလိုမျိုးတိုက်ပွဲ ဖြစ်ပွားခဲ့ရတဲ့ အတွက်လည်း စိတ်မကောင်းဘူး” ဟုအမည်မဖော်လိုသည့် PNLO မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ နှင့် PNLO တို့ အကြား ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ အရပ်သားနေအိမ် ၂၀ ကျော် မီးလောက်ပျက်စီး ဆုံးရှုံးရသည့် အပြင် ဒေသခံ အများအပြားကလည်း စစ်ရှောင်ထွက်ပြေးရကြောင်း စုံစမ်းသိရသည်။ 

PNLO /PNLA သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး၊ လက်ရှိမှာလည်း အာဏာသိမ်း စစ်ကောင်စီနှင့် မကြာခဏတွေ့ဆုံသည့် အဖွဲ့ဖြစ်သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...