ဆီဆိုင်မြို့နယ် နိုင်ငံတကာ သံတမန်ယာဉ်တန်းကို PNO က ပစ်ခတ်ခဲ့သည်ဟု PNFC ထုတ်ပြန်

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း သံတမန်ယာဉ်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရသည့် ယာဥ်တန်း

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ဟိုပုံး – ဆီဆိုင် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ နန်းဩကျေးရွာအနီး စစ်ရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာစီယံ အဖွဲ့စည်း သံအမတ်ကြီးအပါဝင် ကိုယ်စားလှယ်များစီးလာသည့် ယာဉ်တန်း ပစ်ခတ်ခံခဲ့ရသည်။

အဆိုပါ အာစီယံ ယာဉ်တန်းကို ပစ်ခတ်ခဲ့သည့် လက်နက်ကိုင် အဖွဲ့စည်းသည် ဆီဆိုင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ဌာနေ ပြည်သူ့စစ်ဖြစ်သောကြောင့် ဒေသခံများ ပြောပြချက်အရ သိရသည်ဟု PNFC အတွင်းရေးမှူး – ၂ ခွန်ဝေထူးက ပြောသည်။

PNFC

“ အဲ့ဘက်မှာ လှုပ်ရှားနေတဲ့ ဌာနေပြည်သူ့စစ်ကတော့ PNO ပဲရှိပါတယ်။ အဲ့ဘက်မှာကလည်း ဌာနေပြည်သူ့စစ်တွေ စိုးမိုးတဲ့နေရာတွေဖြစ်တယ်။ ကျနော်တို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတွေစီ စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာ သံတမန် ယာဉ်တန်းတွေကို ပစ်ခတ်လိုက်တဲ့အဖွဲ့က ဌာနေပြည်သူ့စစ်တွေ ဖြစ်တယ်ဆိုတာ မျက်မြင်တွေ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်” ဟု ခွန်ဝေထူးက ပြောသည်။

အလားတူ အာစီယံ သံတမန်ယာဉ်တန်းကို ပစ်ခံရခြင်း နှင့် ပတ်သက်ပြီး PNO တပ်ဖွဲ့ကလည်း PNLO တပ်ဖွဲ့ဖြစ်ကြောင်း ပြောဆိုထားသည်။

ထိုသို့ PNO တပ်ဖွဲ့သည် PNLO က ပစ်ခတ်ခဲ့သည့်ဟု စွပ်စွဲခဲ့သည့်အကြောင်းကိုလည်း PNFC ခွန်ဝေထူးက စစ်ကောင်စီ သည် တိုင်းရင်းသားတွေ အချင်းချင်းကြား ကွဲလွဲမှုဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း ပြောသည်။

“ စစ်ကောင်စီ ကတော့ ဒီ စာနာထောက်ထားမှု အကူညီကို အသုံးချပြီးတော့ ကျနော်တို့ ပအိုဝ်းအချင်းချင်း ကြားမှာကော၊ ပအိုဝ်း နဲ့ တစ်ခြားတိုင်းရင်းသားကြားမှာကော နားလည်မှုလွဲ‌အောင် လူမျိုးရေး သွေးခွဲအောင် လုပ်နေတာဖြစ်တယ်။ စစ်ကောင်စီကလည်း အင်အားတွေ နည်းလာနေတဲ့အချိန်မှာ တိုင်းရင်းသားတွေ စည်းလုံးသွားမှာကို သူလည်းကြောက်နေတာကြောင့် ဖြစ်တယ်” ဟု ခွန်ဝေထူးက ပြောသည်။

ဆီဆိုင်မြို့နယ်တွင်း ပစ်ခတ်ခံရသည့် ယာဉ်တန်းများထဲတွင် ရန်ကုန်မြို့ စင်ကာပူ သံရုံး အရာရှိ ၂ ဦး ၊ အင်ဒိုနီးရှားသံရုံး အရာရှိ ၂ ဦး၊ AHA ရုံး တာဝန်ရှိသူ ၃ ဦး နှင့် စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်း ပါဝင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...