Tuesday, January 27, 2026

PDF

မိုးကုတ်အနောက်ပိုင်းကို စစ်ကောင်စီ လက်နက်ကြီးပစ် မိခင်နှင့်ကလေး ပွဲချင်းပြီး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ လေးရက်ကြာ တစ်ဖက်သက် အပစ်ရပ်ထားစဉ် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် မိခင်နှင့် ကလေး ပွဲချင်းပြီး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ည ၉...

မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ထိန်းချုပ်နိုင်ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

သျှမ်း-မန္တလေး နယ်စပ်ရှိ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်မှ စတင်ပြီး သျှမ်း-မန္တလေးအစပ် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ မန္တလေး-PDF နှင့်...

ဗုံးကြဲနေသည့်ကြားက မိုးကုတ် ကျပ်ပြင် ရဲစခန်းကို TNLA သိမ်းပိုက်

သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မိုးကုတ်မြို့ အနောက်ပိုင်းရှိ စစ်ကောင်စီ တပ်စွဲထားသည့် ကျပ်ပြင် ရဲစခန်းကို ယနေ့ (ဇွန် ၂၇ ရက်) ညနေပိုင်းက TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဟု ဒေသခံများက ပြောသည်။ TNLA-PDF ပူးပေါင်းတပ်များ မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်၊...

PDF သိမ်းပိုက်သည့် လေကြောင်းရန်တပ်က လေယာဉ်ပစ် SA-16 SAM ဒုံးကျည် ၄၈ လက် ဘယ်ရောက်သွားလဲ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ပိုင်း၊ အင်ကြင်းမြိုင်ရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၂၇ ရက်) တွင် အတည်ပြုသည်။ အင်အား ၈၀ ဝန်းကျင်ရှိ အဆိုပါ...

နောင်ချိုမြို့ပေါ် လေယာဉ်ပျံဝဲနေပြီး စစ်ကောင်စီလက်ကျန်တပ်စခန်းကို TNLAနှင့် PDF ပူးပေါင်းအဖွဲ့ ဆက်လက်တိုက်ခိုက်

သျှမ်းပြည် နောင်ချိုမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းပျံဝဲနေပြီး လက်ကျန်တပ်စခန်းဖြစ်သည့် ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တပ်ရင်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့တွင် နောက်ဆုံးကျန်ရှိသည့်...

မိုးကုတ်မှာ ဘာဖြစ်နေလဲ

သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မတ္တမြားမြေ မိုးကုတ်မြို့နယ်တွင် ယနေ့ (ဇွန် ၂၅ ရက်) နံနက်က စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။ TNLA/ PDF တပ်များက မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်ကို...

PNLA နှင့် PDF တို့လက်နက်ကြီးပစ်ခတ်မှုကြောင့် လွယ်ကျိုင်းကျောင်းထိုင်ဆရာတော် တစ်ပါးပျံလွန်တော်မှုသွားဟု သတင်းအမှားဖြန့်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မှုသွားသည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတစ်ခုဖြစ်သည့် People Media မှ “ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာအုပ်စု၊လွယ်ကျိုင်းကျေးရွာရှိ...

ညောင်ရွှေတိုက်ပွဲအတွင်းသေဆုံး စစ်ကောင်စီ အလောင်း ၄၀ ကျော်ကို PDF ဘက်မှ သင်္ဂြိုဟ်ပေးခဲ့ရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို စစ်ကောင်စီက ၂ လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိသည့်အတွက် PDF ဘက်မှ အလောင်းများအား သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဧပြီ ၁၃ ရက် ညောင်ရွှေမြို့ ညောင်လေးနှင့် ရေပူရွာအကြား ဖြစ်ပွားခဲ့သော ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က...

ရွာငံ အမျိုးသားတစ်ဦးအား PDF ကိုထောက်ပံ့နေသည့် ဟုဆိုပြီး စစ်ကောင်စီ လာရောက်ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့နေသည်ဟုဆိုပြီး စစ်ကောင်စီ၏ တပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ် ၊ သိမ်ကုန်းကျေးရွာ တွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ကိုဖိုးသားဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များက မေလ ၁၈ ရက်တွင်...

ဆီဆိုင်မြို့၊ ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု စစ်ကောင်စီသတင်းမှားဖြန့်

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “ဒေသအတွင်း လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အုံဖြစ်သည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ...

Latest news