နောင်ချိုမြို့ပေါ် လေယာဉ်ပျံဝဲနေပြီး စစ်ကောင်စီလက်ကျန်တပ်စခန်းကို TNLAနှင့် PDF ပူးပေါင်းအဖွဲ့ ဆက်လက်တိုက်ခိုက်

သျှမ်းပြည် နောင်ချိုမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းပျံဝဲနေပြီး လက်ကျန်တပ်စခန်းဖြစ်သည့် ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တပ်ရင်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၁၁၄ နှင့် မြို့တောင်ဘက်ရှိ အမြောက်တပ်-၆၀၆ တို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နံနက် (၁၁) နာရီခန့်တွင် မြို့ပေါ်သို့ လေယာဉ်ပျံဝဲနေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ရပ်စောက်အထွက်လမ်းဘက်မှာ ရှိတဲ့ ဒုံးတပ်မှာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အကုန်လုံး တပ်ထဲဝင်တိုက်နေကြပြီ။ ၁၁ ကျော်လောက်ကစပြီးတော့ မြို့ပေါ်ကို ရဟတ်ယာဉ်နဲ့ လာဝဲနေတာ။ ကြည့်ရသလောက် စခန်းကျဖို့ နီးလာရင်တော့ လေယာဉ်နဲ့ စပစ်လောက်တယ်။ ပြည်သူတွေကတော့ အလံဖြူထောင်ပြီး စထွက်နေကြပြီ”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ နောင်ပိန်ဂုတ်တွင်း အနီးရှိ စစ်ကောင်စီတပ် စခန်းချနေရာများကို ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၅ နာရီခန့်မှ စ၍ TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ-၁၁၅ တပ်ရင်း၊ ရဲစခန်း၊ ဆေးရုံနှင့် တိုးဂိတ်တို့ကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး လက်ကျန်တပ်စခန်းများ ဖြစ်သည့် ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း TNLA နှင့်အတူ စစ်ဆင်ရေး ဖော်ဆောင်နေသည့် မန္တလေး-PDF တပ်ဖွဲ့က ယမန်နေ့ (ဇွန်လ ၂၆ ရက်)တွင် သတင်းထုတ်ပြန်သည်။

အလားတူ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာသို့ စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့ယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချခဲ့သည့်အပြင် ညအချိန်တွင်လည်း ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...