ပင်လောင်းမြို့နယ်အတွင်း သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေ
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတေောင်ခြ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFနှင့် ပူးပေါင်းအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က မေလ...
ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ မီးရှို့ခဲ့ပြီးနောက် PDF များက ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧပြီ ၈ ရက်တွင် စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ SittNwayOo တယ်လီဂရမ်ချန်နယ် က ဧပြီ ၈ ရက် မနက်ပိုင်းတွင် “ချောင်းဦးမြို့နယ်...
ညောင်ရွှေမြို့နယ် ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖောက်ထွင်းခိုးယူနေဟု သတင်းအမှားဖြန့်
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ရေပူကျေးရွာနှင့် လွယ်နွဲ့ကျေးရွာများမှ ဒေသခံပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖော်ထွင်းခိုးယူနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် ကျော်စွာချန်နယ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး “ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူကျေးရွာနဲ့ လွယ်နွဲ့ကျေးရွာက...
အမေရိကန်က KNLA၊ KNDF၊ CDF နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်ဟု စစ်လော်ဘီဝါဒဖြန့်
အမေရိကန် ပြည်ထောင်စုက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ချင်းပြည်ကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဟု စစ်လော်ဘီဝါဒဖြန့်ချန်နယ်လ်များက ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် NP News Talk Show ချန်နယ်လ်က...
ကရင်နီတွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် KNDF/ PDF အဖွဲ့ဝင်များ အချင်းချင်းပစ်သတ်မှုများ ဖြစ်ပွားနေဟု သတင်းအမှားဖြန့်
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Mawshan Myay Media ချန်နယ်လ်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...
ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုသုံးပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက် ထိခိုက်သေဆုံးမှုများဟု သတင်းအမှားဖြန့်
ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ ထိခိုက်သေဆုံးမှုများသည်ဟု သတင်းအမှား ဖြန့်ချိနေသည် စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “Thazin Oo”ချန်နယ်လ်မှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ရိုက်ကူးရေး ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။ သတင်းအမှားဖြန့်ချိသူ ဗီဒီယိုဖိုင်တွင် “ဒီဗီဒီယိုကို ကြည့်ရသလောက်တော့...
မန္တလေး-PDF ၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ လေကြောင်းဗုံးထပ်ကြဲ၊ ဗိုလ်မှူးအပါအဝင် (၄) ဦးသေဆုံး
သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က မန္တလေး-PDF တပ်ဖွဲ့ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ ချုပ်နှောင်ထားရာ အချုပ်ဆောင်ကို ဒုတိယအကြိမ် လေကြောင်းထပ်မံ ဗုံးကြဲခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်(၁) နာရီခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း မန္တလေး-PDF တပ်ဖွဲ့မှ စစ်သုံ့ပန်းများ...
တိုင်းရင်သားနှင့် PDF များ လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီ ဖိတ်ခေါ်
SHAN -
လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင််းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) နေ့က...
နောင်ချို စစ်ဘေးရှောင် ၅ ထောင်ကျော် ဆေးဝါးနှင့်ရိက္ခာ အရေးပေါ်လိုအပ်၊ ရွာပြင်မှာ တဲထိုးနေရ
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၅၀၀၀) ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်း တစ်ကျော့ပြန် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုမှ စစ်ဘေးရှောင် (၅၀၀၀) ကျော်သည်...
ဓာတ်ပုံဟောင်းကို အသုံးပြုပြီး KNDF၊ IPDF၊ ပျားစစ်ကြောင်း PDF တို့ က ညောင်ရွှေမြို့နယ် နေအိမ်တွေကိုဖောက်ထွင်းသတင်းအတု
KNDF၊ IPDF နဲ့ ပျားစစ်ကြောင်း PDF ပူးပေါင်းပြီး ညောင်ရွှေမြို့နယ် ဒေသခံနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က ဖြန့်ချိထားပြီး ဦးနေမျိုးဇင်၊ KNDF, IPDF နှင့် ပျားစစ်ကြောင်း PDF တပ်ဖွဲ့ဝင်တို့ ဓာတ်ပုံတွေကိုအသုံးပြုပြီး နေအိမ်ဖောက်ထွင်းခံရတဲ့ ပုံတွေကိုဖော်ပြထားပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က “စစ်ဖြစ်မှာကြောက်ပြီး တိမ်းရှောင်သွားလို့ ဒေသခံတွေမရှိတော့သည့် ညောင်ရွှေမြို့နယ်ထဲက ဆည်ခေါင်း၊ စံကား၊ ဟူးရန်နှင့် ထီးဟန်တား ကျေးရွာတွေမှာ ဇူလိုင် ၁၈၊ ၁၉ နဲ့ ၂၀ ရက်နေ့က ဗိုလ်ပြုတ်နေမျိုးဇင်နှင့် သားသခင်တို့ပါဝင်တဲ့ KNDF၊ IPDF ၊ပျားစစ်ကြောင်း PDF ပူးပေါင်အကြမ်းဖက်အဖွဲ့မှပြည်သူလူထု၏ နေအိမ်များကို ဖောက်ထွင်ပြီး တန်ဖိုးကြီး ပစ္စည်းများနှင့် စားသောက်စရာများကို ခိုးယူသွားတယ်” လို့ (မူရင်းအတိုင်း) ရေးသားထားတာပါ။ အဆိုပါ သတင်းအတုကို ကြည့်ရှု့သူပေါင်း ၃၉၀၀၀ ကျော်ရှိပြီး တယ်လီဂရမ်ချယ်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေကပါ ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/B7cRU အဆိုပါသတင်းနှင့် ပတ်သက်ပြီး ရှာဖွေကြည့်တဲ့အခါမှာ ဇူလိုင် ၂၀ ရက်နေ့ကတည်းက ကကြိုး မာန် အကောင့်မှ (ဗိုလ်ပြုတ် နေမျိုးဇင်နှင့် KNDF/IPDF/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ဇူလိုင်လ ၁၉ ရက်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်စံကားနှင့် ဆည်ခေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။) ဆိုပြီးတင်ထားပါတယ်။ ကကြိုးမာန် - https://shorturl.at/VrWVv သတင်း စစ်ဆေးခြင်း Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ သတင်းအမှားဖြန့်သူတွေက ဇူလိုင် ၁၈၊ ၁၉ နဲ့ ၂၀ ရက်နေ့မှာ ဦးနေမျိုးဇင်နဲ့ သားသခင်တို့ပါဝင်တဲ့ ပျားစစ်ကြောင်းလို့ ဖော်ပြထားတဲ့ ဓာတ်ပုံဟာ ဓာတ်ပုံအဟောင်းသာဖြစ်ပါတယ်။ ဦးနေမျိုးဇင်နဲ့ သားခင်တို့ ပါဝင်တဲ့ ပျားစစ်ကြောင်းဟာ ဇွန်လ ၂၃ ရက်က ညောင်ရွှေမြို့နယ် စစ်တပ်စခန်းဗျူဟာတစ်ခုရဲ့အနီးကပ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပျားစစ်ကြောင်းစစ်အခြေခံ လေ့ကျင့်ရေးသင်တန်း အပတ်စဉ် - ၂ သင်တန်းကဓာတ်ပုံသာ ဖြစ်ပါတယ်။ မူရင်းဓာတ်ပုံ - https://rb.gy/jwfvz6 ညောင်ရွှေမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဗျူဟာစခန်းနဲ့ အနီးဆုံးနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပျားစစ်ကြောင်းမှုး ကိုလင်းကိုကိုးအားပြီး မဲခေါင်သတင်းက ဖော်ပြထားပါတယ်။ ဒီနေရာမှာကြည့်ပါ - https://shorturl.at/NhpVA ဆက်စပ်ပြီး ကကြိုး မာန် အကောင့်မှ တင်ထားသည့် ပုံတွေကို စစ်ဆေးကြည့်သည့်အခါမှာလည်း အချက်အလက် စစ်ဆေးသည့်ဌာနတခုဖြစ်သည့် Boom Myanmar က သတင်းမှားဖြစ်ကြောင်းကို အချက်အလက်စစ်ဆေးထားပါတယ်။ ၂၁ ဇူလိုင် ၂၀၂၄ရက်နေက စိစစ်ထားသည့် သတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ လင့်ခ် - https://shorturl.at/KW3tn နေအိမ်တွေကို ဖောက်ထွင်းနေသူလို့ စွတ်စွဲခံရတဲ့ ဦးနေမျိုးဇင်ကိုယ်တိုင်ကလည်း “နေရာအနှံ့မှာ ရှုံးနိမ့်လာတဲ့ ဖက်ဆစ်တပ်ဟာကြံရာမရဖြစ်လာပြီး တိုင်းရင်းသား လူမျိုးများကြားမှာ သွေးခွဲရန်တိုက်ဖို့ နည်းလမ်းစုံ သုံးလာပါတယ်” ဇူလိုင် ၁၇ ရက်က ၎င်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။ မူရင်းလင့်ခ် - https://shorturl.at/W7r4P Mawshan Myay Media ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က အခြားသော မတူညီတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ညောင်ရွှေမြို့နယ်ထဲက အိမ်တွေဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေ စစ်ဆေးထားတဲ့Mawshan Myay Media တယ်လီဂရမ် ချန်နယ်မှ သတင်းမှားတွေကို ဒီလင့်ခ် (၁) ဒီလင့်ခ် (၂) တွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ လင့်ခ် (၁) - https://shorturl.at/HOnqb လင့်ခ် (၂) - https://shorturl.at/oxkcc သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Web...





