အမေရိကန်က KNLA၊ KNDF၊ CDF နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်ဟု စစ်လော်ဘီဝါဒဖြန့်

အမေရိကန် ပြည်ထောင်စုက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ချင်းပြည်ကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဟု စစ်လော်ဘီဝါဒဖြန့်ချန်နယ်လ်များက ဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် NP News Talk Show ချန်နယ်လ်က ဇန်နဝါရီလ ၅ ရက်တွင် အသံဖိုင်တစ်ခုဖြင့် ဖြန့်ချိခဲ့ပြီး၊ KNLA၊ KNDF၊ CDF နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်လိုက်ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် BCC၊ VOA၊ RFA၊ Irrawaddy၊ Myanmar Now၊ Mizzima နှင့် DVB တို့သည် ထိုသတင်းကို ဖုံးကွယ်ထားကြောင်း၊ ထိုသတင်းဌာနားများသည် NUG ၏ဘက်တော်သားသတင်းဌာနများဖြစ်ကြကြောင်း ဝါဒဖြန့်ချန်နယ်များက စွပ်စွဲပြောဆိုထားသည်။

ထိုဝါဒဖြန့် သတင်းကို ကြည့်ရှုသူပေါင်း ၁၆, ၀၀၀ ကျော်ရှိပြီး NP News Talk Show ချန်နယ်လ်အပြင် အခြားဝါဒဖြန့်ချန်နယ်လ်များကလည်း ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.ph/m1CYq

ဝါဒဖြန့်ချန်နယ်လ်တွေ ဖော်ပြသည့် အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်က စစ်ဆေးကြည့်သည့်အခါ အချက်အလက်အချို့ ကွဲလွှဲနေကြောင်း တွေ့ရသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ချင်းပြည်ကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို ၂၀၂၂ ခုနှစ် အကြမ်းဖက်မှု ဖြစ်ရပ်များကို ကျူးလွန်သူများအဖြစ် ဖော်ပြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် လူသိရှင်ကြား ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုဆိုင်ရာ ပင်မ အစီရင်ခံတွင် မြန်မာ သို့မဟုတ် တော်လှန်ရေး အင်အားစုများကို ဖော်ပြထားခြင်းမရှိပေ။

၂၀၂၂ ခုနှစ်က မြန်မာတွင် ဖြစ်ရပ် ၃၉၁ ခုရှိပြီး သေဆုံးမှု ၂,၁၃၀ ရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များသည် ထိုဖြစ်ရပ်များကို အဓိကကျူးလွန်သူဖြစ်ကာ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို ကျူးလွန်သည်ဟု ဖော်ပြသည်။ CDF နှင့် KNDF တို့သည့် ဖြစ်ရပ် စုစုပေါင်း၏ ၇ ရာခိုင်နှုန်းစီကို ကျူးလွန်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

သို့သော် ထိုအဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်း ထည့်သွင်းဖော်ပြထားခြင်း မတွေ့ရပေ။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံအလိုက်အကြမ်းဖက်မှု အစီရင်ခံစာများ – https://www.state.gov/reports/country-reports-on-terrorism-2022/ , https://shorturl.at/NLBzo

၂၀၂၃ ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် ဧရာဝတီသတင်းတစ်ပုဒ်တွင်လည်း “ မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်း သွင်းသောကြောင့် အမေရိကန် အရှက်ကွဲ” ဟု ဖော်ပြသည်။

ဆက်စပ်ဖတ်ရှုရန် – https://burma.irrawaddy.com/news/2023/12/14/377392.html

စစ်ကောင်စီက ရည်ညွှန်းပြောဆိုနေသည့် အမေရိကန်နိုင်ငံခြားရေး ဌာန၏ ၂၀၂၂ ခုနှစ် နိုင်ငံအလိုက် အကြမ်းဖက်မှု အခြေအနေအစီရင်ခံစာပါ အချက်အလက်များသည် သီးခြားအစီရင်ခံစာတစ်ခု၏ ပူးတွဲ ဖော်ပြချက်သာဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်မူဝါဒထုတ်ပြန်ချက်ကို ကိုယ်စားမပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တုံ့ပြန်ပြောဆိုထားကြောင်း VOA သတင်းကဖော်ပြသည်။

VOA သတင်းလင်ခ့် – https://burmese.voanews.com/a/7395133.html

မြန်မာနိုင်ငံတစ်ဝှမ်း ပိုမိုဆိုးဝါးလာနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကြပ်အတည်းအပေါ် အလွန်အမင်စိုးရိမ်ပူပန်မိကြောင်း၊ အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူများအပေါ် ဆက်လက်ပြီး အကြမ်းဖက်ခြင်းဖြင့် ဖိနှိပ်နေမှုမှာ လက်ခံနိုင်စရာမရှိကြောင်း၊ အရပ်သားပြည်သူများအတွက် စိုးရိမ်ဖွယ်ဘေး အန္တရာယ်ဖြစ်ကြောင်း အမေရိကန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ၂၀၂၅ ဇန်နဝါရီလ ၆ ရက်တွင် ပူးတွဲထုတ်ပြန်ကြေညာထားသည်။

ပူးတွဲထုတ်ပြန်ကြေညာချက် – https://shorturl.at/9vOvb

ထို့ပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ တရားလိုရှေ့နေတစ်ဦးက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဖမ်းဝရမ်းထုတ်ပြန်ရန် ၂၀၂၄ နိုဝင်ဘာလ ၂၇ ရက် လျှောက်ထားကြောင်း ICC က ထုတ်ပြန်သည်။

သတင်းလင့်ခ် – https://shorturl.at/WquET , https://shorturl.at/7yMU7

သုံးသပ်ချက်

NP News Talk Show ချန်နယ်လ်က ပြောကြားသည့် အမေရိကန်က KNLA၊ KNDF၊ CDF နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဆိုသည့် အကြောင်းအရာက ကွဲလွှဲနေသည်။

ထို့အပြင် သတင်းမီဒီယာများသည်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီးဖော်ပြထားခြင်း မရှိကြောင်း၊ သတင်းမီဒီယာတွေက သူတို့ သိစေချင်တဲ့အကြောင်းအရာတွေကိုသာဖော်ပြကြောင်း စွပ်စွဲပြောဆိုပြီး NUG ဘက်တော်သား မီယာများအဖြင့် ပုံဖော်ပြောဆိုထားသည် ကိုစစ်ဆေးတွေ့ရှိရသည်။

NP News Talk Show ချန်နယ်လ်သည် သတင်းစာပညာကို လက်နက်အဖြင့် အသုံးချပြီး သတင်းအမှန် တင်ဆက်သယောင် စစ်ကောင်စီအတွက် ဝါဒဖြန့်နေသည့် ချန်နယ်တခုဖြစ်သည်။

“သူက သတင်းစာပညာကို အသုံးချပြီး ဝါဒတွေ ဖြန့်နေတာ။ သူပြောတာ နားထောင်ကြည့်ရင် ဘယ်လိုမျိုးတွေ ဖြစ်နေပြီ၊ ဘာဖြစ်ပြီ ညာဖြစ်ပြီပေါ့။ ဒါပေမယ့်လည်း စကစဘက်နေ လုပ်နေတာ” သတင်းအချက်အလက်စစ်ဆေးသူ Fact Checker တစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများသို့ သွားရောက်ဖတ်ရှုကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းအမှားဟု ယူဆရသော သတင်းများကိုလည်း သျှမ်းသံတော်ဆင့်မှတစ်ဆင့် သတင်း၏ လင့်ခ် သို့မဟုတ် Screenshort ပုံ ပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...