Tuesday, January 27, 2026

ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ မီးရှို့ခဲ့ပြီးနောက် PDF များက ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧပြီ ၈ ရက်တွင် စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။

SittNwayOo တယ်လီဂရမ်ချန်နယ် က ဧပြီ ၈ ရက် မနက်ပိုင်းတွင် “ချောင်းဦးမြို့နယ် ငါးယှန်‌ကျေးရွာရှိ ကျေး ရွာစာသင်ကျောင်းနှင့် နေအိမ် များကို PDF များကဧပြီ ၄ ရက် တွင် မီးရှို့ဖျက်ဆီး” ဟုရေးသား ဖြန့်ဝေ ထား သည်။

အဆိုပါရေးသားဖြန့်ဝေမှုကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၃၄၀၀ ကျော်၊ like and react ပေးသူ ၅၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြထားသဖြင့်ပျံ့နှံ့မှုနှုန်းများနေသည်။

သတင်းအမှားလင့်ခ်များ


SittNwayOo – https://archive.ph/lfWgW

Kyaw Swar – https://archive.ph/tqY5L

Ko Chit ( MDY) – https://archive.ph/OqG7g


တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် Shan News တို့ ပူးပေါင်း၍ အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်။

သတင်းအမှားဖြစ်‌ကြောင်း သက်သေပြစိစစ်ချက်

ဝါဒဖြန့် ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ငါးယှန်ကျေးရွာ မီးရှို့ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ မြေလတ်အသံ၊ Mandalay Free Press(MFP), Mizzima သတင်းမီဒီ ယာတို့က သတင်း ရေးသားထားသည်။

မြေလတ်အသံသတင်းမီဒီယာတွင် “ငါးယှန်ရွာကို ဧပြီ ၁ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်က မီးရှို့ ခဲ့ကြောင်း၊ မြင်းမူနှင့်မုံရွာကားလမ်းပိုင်းကို လုံခြုံရေးယူရန်ထွက်လာသည့် မုံရွာအခြေစိုက် အနောက် မြောက် တိုင်းစစ်ဌာနချုပ်က အင်အား ၁၀၀ ပါစစ်ကောင်စီတပ်စစ်ကြောင်းက ငါးယှန်ရွာရှိ နေအိမ် ၁၇၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း” ရေးသားဖော်ပြထားသည်။

မြေလတ်အသံသတင်းလင့်ခ် – https://shorturl.at/1B8D1

MFP သတင်းမီဒီယာတွင် “ငါးယှန်ရွာကို စစ်တပ်မီးရှို့တာကြောင့် နေအိမ်၂၀၀ ခန့်မီးလောင်ပျက်စီး” ဟုရေးသား ဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/VfSrH

Mizzima သတင်းမီဒီယာတွင်” ချောင်းဦး မြို့နယ်ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀ ကျော်ပျက်စီးသွားကြောင်း၊ ဧပြီ ၇ ရက်မနက်မှ အဆိုပါစစ်သားများရွာထဲက ထွက်သွားကြောင်း “ ရေးသားဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/i8n1w

သုံးသပ်ချက်

ငါးယှန်ကျေးရွာကို ကျေးရွာအနီး လုံခြုံရေးယူထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ တပ်စစ်သားများ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၁၇၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။

သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုအရ ငါးယှန်ကျေးရွာရှိ နေအိမ်များ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ငါးယှန်ကျေးရွာ၏ တည်နေရာမြေပုံညွှန်းကိန်း (21°56’18.7″N 95°18’51.5″E) ကို NASA Fire Map ၌ မီးလောင်မှုရှိ/မရှိ စစ်ဆေးကြည့်ရာ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်တွင် မီးလောင်မှုဖြစ်ခဲ့သော အနီရောင် အစက်အမှတ်အသားအား စစ်ဆေးတွေ့ရှိရသည်။

ဝါဒဖြန့်သူများ ဖြန့်ဝေထားသော ဧပြီ ၄ ရက်တွင် မီးလောင်နေသော အမှတ်အသား မတွေ့ရပေ။

ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားသော ငါးယှန်‌ကျေးရွာရှိ ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကို PDF များက ဧပြီ ၄ ရက် တွင် မီးရှို့ဖျက်ဆီး ဆိုသည်မှာသတင်းအမှားအကြောင်းအရာဖြစ်သည်။

အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများစွာ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

(Fact Check) MPA+ သျှမ်းသံတော်ဆင့် – တို့ ပူးပေါင်း စစ်ဆေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

0
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ် - https://archive.is/wip/A3wln အချက်အလက်စိစစ်ချက် AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit...

မိုးမိတ်မြို့အနီး စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်းတွင် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...
Mogok_PDF_Attacks_SAC

မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

0
သျှမ်းပြည် - မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု...

ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား

0
ကရင်နီပြည်မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေကျွံကျသွားပြီး အနက် ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးဟာ မှောင်ခိုလမ်းဖြစ်တယ်ဆိုပြီး ဖေ့ဘွတ်လူမှုကွက်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းအရာကို ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain ဆိုတဲ့အကောင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...