ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ မီးရှို့ခဲ့ပြီးနောက် PDF များက ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧပြီ ၈ ရက်တွင် စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။

SittNwayOo တယ်လီဂရမ်ချန်နယ် က ဧပြီ ၈ ရက် မနက်ပိုင်းတွင် “ချောင်းဦးမြို့နယ် ငါးယှန်‌ကျေးရွာရှိ ကျေး ရွာစာသင်ကျောင်းနှင့် နေအိမ် များကို PDF များကဧပြီ ၄ ရက် တွင် မီးရှို့ဖျက်ဆီး” ဟုရေးသား ဖြန့်ဝေ ထား သည်။

အဆိုပါရေးသားဖြန့်ဝေမှုကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၃၄၀၀ ကျော်၊ like and react ပေးသူ ၅၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြထားသဖြင့်ပျံ့နှံ့မှုနှုန်းများနေသည်။

သတင်းအမှားလင့်ခ်များ


SittNwayOo – https://archive.ph/lfWgW

Kyaw Swar – https://archive.ph/tqY5L

Ko Chit ( MDY) – https://archive.ph/OqG7g


တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် Shan News တို့ ပူးပေါင်း၍ အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်။

သတင်းအမှားဖြစ်‌ကြောင်း သက်သေပြစိစစ်ချက်

ဝါဒဖြန့် ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ငါးယှန်ကျေးရွာ မီးရှို့ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ မြေလတ်အသံ၊ Mandalay Free Press(MFP), Mizzima သတင်းမီဒီ ယာတို့က သတင်း ရေးသားထားသည်။

မြေလတ်အသံသတင်းမီဒီယာတွင် “ငါးယှန်ရွာကို ဧပြီ ၁ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်က မီးရှို့ ခဲ့ကြောင်း၊ မြင်းမူနှင့်မုံရွာကားလမ်းပိုင်းကို လုံခြုံရေးယူရန်ထွက်လာသည့် မုံရွာအခြေစိုက် အနောက် မြောက် တိုင်းစစ်ဌာနချုပ်က အင်အား ၁၀၀ ပါစစ်ကောင်စီတပ်စစ်ကြောင်းက ငါးယှန်ရွာရှိ နေအိမ် ၁၇၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း” ရေးသားဖော်ပြထားသည်။

မြေလတ်အသံသတင်းလင့်ခ် – https://shorturl.at/1B8D1

MFP သတင်းမီဒီယာတွင် “ငါးယှန်ရွာကို စစ်တပ်မီးရှို့တာကြောင့် နေအိမ်၂၀၀ ခန့်မီးလောင်ပျက်စီး” ဟုရေးသား ဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/VfSrH

Mizzima သတင်းမီဒီယာတွင်” ချောင်းဦး မြို့နယ်ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀ ကျော်ပျက်စီးသွားကြောင်း၊ ဧပြီ ၇ ရက်မနက်မှ အဆိုပါစစ်သားများရွာထဲက ထွက်သွားကြောင်း “ ရေးသားဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/i8n1w

သုံးသပ်ချက်

ငါးယှန်ကျေးရွာကို ကျေးရွာအနီး လုံခြုံရေးယူထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ တပ်စစ်သားများ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၁၇၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။

သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုအရ ငါးယှန်ကျေးရွာရှိ နေအိမ်များ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ငါးယှန်ကျေးရွာ၏ တည်နေရာမြေပုံညွှန်းကိန်း (21°56’18.7″N 95°18’51.5″E) ကို NASA Fire Map ၌ မီးလောင်မှုရှိ/မရှိ စစ်ဆေးကြည့်ရာ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်တွင် မီးလောင်မှုဖြစ်ခဲ့သော အနီရောင် အစက်အမှတ်အသားအား စစ်ဆေးတွေ့ရှိရသည်။

ဝါဒဖြန့်သူများ ဖြန့်ဝေထားသော ဧပြီ ၄ ရက်တွင် မီးလောင်နေသော အမှတ်အသား မတွေ့ရပေ။

ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားသော ငါးယှန်‌ကျေးရွာရှိ ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကို PDF များက ဧပြီ ၄ ရက် တွင် မီးရှို့ဖျက်ဆီး ဆိုသည်မှာသတင်းအမှားအကြောင်းအရာဖြစ်သည်။

အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများစွာ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

(Fact Check) MPA+ သျှမ်းသံတော်ဆင့် – တို့ ပူးပေါင်း စစ်ဆေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

ဒေါ်ဇင်မာအောင် ဖမ်းဆီးခံရသည်ဆိုသည့် ရုပ်သံမှာ AI ဖြင့် ဖန်တီးထားသော သတင်းအမှားသာဖြစ်

0
လူမှုကွန်ရက်စာမျက်နှာများတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဖမ်းဆီးခံလိုက်ရပြီဟုဆိုကာ ရုပ်သံဗီဒီယိုတစ်ခု ပျံ့နှံ့နေသည်။ အဆိုပါရုပ်သံကို “Big Star MeMe” အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ မတ်လ ၄ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှုသူ ၁၂,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၄၀၀ ကျော် ရှိခဲ့သည်။ သတင်းအမှား...