ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုသုံးပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက် ထိခိုက်သေဆုံးမှုများဟု သတင်းအမှားဖြန့်


ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ ထိခိုက်သေဆုံးမှုများသည်ဟု သတင်းအမှား ဖြန့်ချိနေသည်

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “Thazin Oo”ချန်နယ်လ်မှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ရိုက်ကူးရေး ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။

သတင်းအမှားဖြန့်ချိသူ ဗီဒီယိုဖိုင်တွင် “ဒီဗီဒီယိုကို ကြည့်ရသလောက်တော့ တပ်မတော်စခန်းကုန်းတစ်ခုကို PDF တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA သော်လည်းကောင်း၊ TNLA သော်လည်းကောင်း၊ AA သော်လည်းကောင်း အဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတဲ့အဖွဲ့တစ်ခုကနေပြီးတော့ တပ်မတော်စခန်းကုန်းတစ်ခုကို လာတိုက်တဲ့ဗီဒီယိုဖိုင်မှတ်တမ်းဖြစ်ဖို့များတယ် ယူဆပါတယ်။ အဲ့ကြောင့် သေချာပေါက် ဗီဒီယိုဖိုင်ထဲက သေကြေသွားတဲ့သူတွေဟာ PDF ဖြစ်ဖို့များတယ်” ဟု (မူရင်းအတိုင်း) အမျိုးသမီးတစ်ဦးက ပြောဆိုထားသည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၉,၀၀၀ ကျော်ရှိပြီး “Thazin Oo” ချန်နယ်လ်အပြင် “တပြည်သူ” ဆိုသည့် လူမှုကွန်ရက် Page တစ်ခုကလည်း ဖြန့်ချိထားသည်။

Thazin Oo – https://archive.ph/PsIOX

တပြည်သူ – https://archive.ph/PEmg6

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများ အနေဖြင့် အဆိုပါအကြောင်းအရာ ကို စစ်ဆေးကြည့်သည့်အခါ ရိုက်ကူးရေး ရုပ်သံဖိုင်ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်ကိုတွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်မှ ဖော်ပြထားသော ဗီဒီယိုဖိုင်ကို အချက်အလက် စစ်ဆေးသူများက Reverse Image Search Tools ဖြင့်စိစစ်ခဲ့သည်။
မူရင်း ဗီဒီယိုဖိုင်သည် seng N..hKum ဆိုသည့် Tik Tok ချန်နယ်လ်တစ်ခုက ၂၀၂၄ နိုဝင်ဘာလ ၆ ရက်နေ့ကတည်း ဖော်ပြပြီး၊ များမကြာမီ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပျံ့နှံ့လာခဲ့သည်။

၃၇ စက္ကန့်ကြာသည့် ထိုဗီဒီယိုဖိုင်ထဲတွင် စခန်းကုန်းတစ်ခုဟုယူဆရသည့် တောင်ကုန်းပေါ်သို့ စစ်သားအများအပြား ချီတက်နေစဉ် ဗုံးပေါက်ကွဲသောကြောင့် အလူးအလဲဖြစ်ကာ ပြန်လည်နောက်ဆုတ်လာကြသည်ကို တွေ့ရသည်။

မူရင်း ဗီဒီယိုဖိုင် – https://archive.ph/rNCOM

သို့ဖြစ်ရာ ထိုဗီဒီယိုဖိုင်သည် တိုက်ပွဲဖြစ်ရပ်မှန် မဟုတ်ဘဲ ရိုက်ကူးရေး လုပ်နေခြင်းဖြစ်သည်။ ဒါရိုက်တာဟု ယူဆရသည့် လူတစ်ဦးက ထိုတောင်ကုန်း၏ခြေအောက်တွင် မတုန်မလှုပ်ဘဲ ရပ်ကြည့်နေသကဲ့သို့ အင်္ကျီအနီရောင် ဝတ်ဆင်ထားသော လူတစ်ဦးကလည်း ကင်မရာကိုကိုင်ကာ ရိုက်ကူးနေသည်။

ထို့အပြင် တောင်ကုန်း၏အခြားတစ်ဖက်ခြမ်းတွင်လည်း အုပ်စုလိုက်ထိုင်နေသည့် ရိုက်ကွင်းအဖွဲ့များလည်း တွေ့ရသည်။

သို့သော် ရိုက်ကူးရေးသည် မည့်သည့်အချိန်၊ နေရာတွင် ရိုက်ကူးထားကြောင်း အတည်ပြု၍ မရခဲ့ပေ။

ဗီဒီယိုဖိုင်၏ ကော့မန့်အောက်တွင်လည်း ရိုက်ကူးရေး လုပ်နေကြောင်း၊ ဇာတ်ကားရိုက်နေကြောင်း စသဖြင့် ပြောဆိုထားသည်ကိုလည်း တွေ့ရပြန်သည်။

ဆက်လက်ပြီး seng N..hKum ချန်နယ်လ်ထဲသို့ ဝင်ကြည့်ရာ ရယ်စရာ ဟာသဗီဒီယိုဖိုင်များ၊ နေ့စဉ်လှုပ်ရှားမှု ဗီဒီယိုဖိုင်များ တင်ဆက်ထားသည်ကို တွေ့ရသည်။

သုံးသပ်ချက်

ထိုကြောင့် စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်၍ ထိခိုက်သေဆုံးမှုများသည် ဆိုသည့်ဝါဒဖြန့်ချိမှုအကြောင်းအရာက မှားယွင်းနေပါသည်။
သတင်းအမှားဖြန်ချိသူတွေက ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်၍ ထိခိုက်သေဆုံးမှုများဟု သတင်းအမှားဖြန့်နေခြင်း ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ၊ ၂၀၂၃ခုနှစ်တွင်လည်း KIA – KPDFအများအပြားသေဆုံးဟုဆိုကာ ရုပ်ရှင်ဇာတ်ဝင်တခုကို အသုံးပြု၍ ဖြန့်ဝေလာသည့် သတင်းမှားကိုလည်း MFCNအဖွဲ့ဝင် DNA FactCheck Teamမှ စစ်ဆေးနိုင်ခဲ့ပြီး ၏နေရာ (https://www.facebook.com/share/p/17cWN2QTQ3/) တွင် ဖတ်ရှုနိုင်ပါသည်။

ထို့ကြောင့် Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...