Tuesday, January 27, 2026

ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုသုံးပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက် ထိခိုက်သေဆုံးမှုများဟု သတင်းအမှားဖြန့်


ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ ထိခိုက်သေဆုံးမှုများသည်ဟု သတင်းအမှား ဖြန့်ချိနေသည်

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “Thazin Oo”ချန်နယ်လ်မှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ရိုက်ကူးရေး ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။

သတင်းအမှားဖြန့်ချိသူ ဗီဒီယိုဖိုင်တွင် “ဒီဗီဒီယိုကို ကြည့်ရသလောက်တော့ တပ်မတော်စခန်းကုန်းတစ်ခုကို PDF တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA သော်လည်းကောင်း၊ TNLA သော်လည်းကောင်း၊ AA သော်လည်းကောင်း အဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတဲ့အဖွဲ့တစ်ခုကနေပြီးတော့ တပ်မတော်စခန်းကုန်းတစ်ခုကို လာတိုက်တဲ့ဗီဒီယိုဖိုင်မှတ်တမ်းဖြစ်ဖို့များတယ် ယူဆပါတယ်။ အဲ့ကြောင့် သေချာပေါက် ဗီဒီယိုဖိုင်ထဲက သေကြေသွားတဲ့သူတွေဟာ PDF ဖြစ်ဖို့များတယ်” ဟု (မူရင်းအတိုင်း) အမျိုးသမီးတစ်ဦးက ပြောဆိုထားသည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၉,၀၀၀ ကျော်ရှိပြီး “Thazin Oo” ချန်နယ်လ်အပြင် “တပြည်သူ” ဆိုသည့် လူမှုကွန်ရက် Page တစ်ခုကလည်း ဖြန့်ချိထားသည်။

Thazin Oo – https://archive.ph/PsIOX

တပြည်သူ – https://archive.ph/PEmg6

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများ အနေဖြင့် အဆိုပါအကြောင်းအရာ ကို စစ်ဆေးကြည့်သည့်အခါ ရိုက်ကူးရေး ရုပ်သံဖိုင်ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်ကိုတွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်မှ ဖော်ပြထားသော ဗီဒီယိုဖိုင်ကို အချက်အလက် စစ်ဆေးသူများက Reverse Image Search Tools ဖြင့်စိစစ်ခဲ့သည်။
မူရင်း ဗီဒီယိုဖိုင်သည် seng N..hKum ဆိုသည့် Tik Tok ချန်နယ်လ်တစ်ခုက ၂၀၂၄ နိုဝင်ဘာလ ၆ ရက်နေ့ကတည်း ဖော်ပြပြီး၊ များမကြာမီ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပျံ့နှံ့လာခဲ့သည်။

၃၇ စက္ကန့်ကြာသည့် ထိုဗီဒီယိုဖိုင်ထဲတွင် စခန်းကုန်းတစ်ခုဟုယူဆရသည့် တောင်ကုန်းပေါ်သို့ စစ်သားအများအပြား ချီတက်နေစဉ် ဗုံးပေါက်ကွဲသောကြောင့် အလူးအလဲဖြစ်ကာ ပြန်လည်နောက်ဆုတ်လာကြသည်ကို တွေ့ရသည်။

မူရင်း ဗီဒီယိုဖိုင် – https://archive.ph/rNCOM

သို့ဖြစ်ရာ ထိုဗီဒီယိုဖိုင်သည် တိုက်ပွဲဖြစ်ရပ်မှန် မဟုတ်ဘဲ ရိုက်ကူးရေး လုပ်နေခြင်းဖြစ်သည်။ ဒါရိုက်တာဟု ယူဆရသည့် လူတစ်ဦးက ထိုတောင်ကုန်း၏ခြေအောက်တွင် မတုန်မလှုပ်ဘဲ ရပ်ကြည့်နေသကဲ့သို့ အင်္ကျီအနီရောင် ဝတ်ဆင်ထားသော လူတစ်ဦးကလည်း ကင်မရာကိုကိုင်ကာ ရိုက်ကူးနေသည်။

ထို့အပြင် တောင်ကုန်း၏အခြားတစ်ဖက်ခြမ်းတွင်လည်း အုပ်စုလိုက်ထိုင်နေသည့် ရိုက်ကွင်းအဖွဲ့များလည်း တွေ့ရသည်။

သို့သော် ရိုက်ကူးရေးသည် မည့်သည့်အချိန်၊ နေရာတွင် ရိုက်ကူးထားကြောင်း အတည်ပြု၍ မရခဲ့ပေ။

ဗီဒီယိုဖိုင်၏ ကော့မန့်အောက်တွင်လည်း ရိုက်ကူးရေး လုပ်နေကြောင်း၊ ဇာတ်ကားရိုက်နေကြောင်း စသဖြင့် ပြောဆိုထားသည်ကိုလည်း တွေ့ရပြန်သည်။

ဆက်လက်ပြီး seng N..hKum ချန်နယ်လ်ထဲသို့ ဝင်ကြည့်ရာ ရယ်စရာ ဟာသဗီဒီယိုဖိုင်များ၊ နေ့စဉ်လှုပ်ရှားမှု ဗီဒီယိုဖိုင်များ တင်ဆက်ထားသည်ကို တွေ့ရသည်။

သုံးသပ်ချက်

ထိုကြောင့် စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်၍ ထိခိုက်သေဆုံးမှုများသည် ဆိုသည့်ဝါဒဖြန့်ချိမှုအကြောင်းအရာက မှားယွင်းနေပါသည်။
သတင်းအမှားဖြန်ချိသူတွေက ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်၍ ထိခိုက်သေဆုံးမှုများဟု သတင်းအမှားဖြန့်နေခြင်း ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ၊ ၂၀၂၃ခုနှစ်တွင်လည်း KIA – KPDFအများအပြားသေဆုံးဟုဆိုကာ ရုပ်ရှင်ဇာတ်ဝင်တခုကို အသုံးပြု၍ ဖြန့်ဝေလာသည့် သတင်းမှားကိုလည်း MFCNအဖွဲ့ဝင် DNA FactCheck Teamမှ စစ်ဆေးနိုင်ခဲ့ပြီး ၏နေရာ (https://www.facebook.com/share/p/17cWN2QTQ3/) တွင် ဖတ်ရှုနိုင်ပါသည်။

ထို့ကြောင့် Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...