ညောင်ရွှေမြို့နယ် ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖောက်ထွင်းခိုးယူနေဟု သတင်းအမှားဖြန့်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ရေပူကျေးရွာနှင့် လွယ်နွဲ့ကျေးရွာများမှ ဒေသခံပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖော်ထွင်းခိုးယူနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် ကျော်စွာချန်နယ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး “ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူကျေးရွာနဲ့ လွယ်နွဲ့ကျေးရွာက ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို PDF တွေက အတင်းအဓမ္မလိုက်လံခိုးယူနေတဲ့အပြင် နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး ရှိသမျှပစ္စည်းအကုန်လုံးကိုလည်း ထော်လာဂျီတွေနဲ့ တိုက်ယူခိုးယူနေတယ်လို့ သိရပါတယ်” ဟု (မူရင်းအတိုင်း) ဆိုကာ ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၁,၀၀၀ ကျော်ရှိပြီး ကျော်စွာချန်နယ်အပြင် စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များဖြစ်သည့် ဟန်ငြိမ်းဦး၊ Ka Ka Han တို့ကလည်း ထပ်ဆင့်ဖော်ပြထားပါသည်။

မူရင်းလင့်ခ် – https://archive.ph/c9wlY

ဟန်ငြိမ်းဦး – https://archive.ph/DrUnI

Ka Ka Han – https://archive.ph/e6q7d

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စိစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းစိစစ်တွေ့ရှိချက်

ညောင်ရွှေမြို့နယ် ရေပူကျေးရွာနှင့် လွယ်နွဲ့ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဇန်နဝါရီလဆန်းပိုင်းမှစပြီး ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံနယ်စပ်ဒေသရှိ ကျေးရွာများအား စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်က ဖော်ပြထားသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများထဲတွင် ရေပူကျေးရွာနှင့် လွယ်နွဲ့ကျေးရွာတို့လည်း ပါဝင်သည်။

သတင်းလင့်ခ် – https://burmese.shannews.org/archives/46592

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၅ ရွာနှင့် လူနှစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း RFA သတင်းဌာနကလည်း ဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/YagCj

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထား၍ စစ်ဘေးရှောင်များ အခက်ခဲကြုံနေကြောင်း ခမ်းသားငေါဝ်းသတင်းဌာနက ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/lSmZr

သို့သော် ညောင်ရွှေမြို့နယ် ရေပူးကျေးရွာနှင့် နွယ်နွဲ့ကျေးရွာများမှ ဒေသခံပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖော်ထွင်းခိုးယူနေသည်ဆိုသည့် ဖော်ပြချက်နှင့်ပတ်သက်၍ မည်သည့်သတင်းဌာနတွင် ဖော်ပြထားခြင်းမတွေ့ရသေးပေ။

သုံးသပ်ချက် –

ထိုကြောင့် ညောင်ရွှေမြို့နယ် ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖောက်ထွင်းခိုးယူနေသည် ဆိုသည့်ဖော်ပြချက်က မှားယွင်းနေပါသည်။

ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖော်ပြသော သျှမ်းသံတော်ဆင့်၏ သတင်းတစ်ပုဒ်တွင် “သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အိမ်အတွင်းရှိ ပစ္စည်းများဝင်ရောက်ခိုးယူမှု ပြုလုပ်နေကြောင်း” ဒေသခံတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် – https://shorturl.at/GjvDs

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာတွင်လည်း ခိုင်လှုံသည့်သက်သေ အထောက်အထားဖြင့် ဖော်ပြထားခြင်းမရှိသကဲ့သို့ ဒေသခံများ၏ ပြောဆိုချက်များလည်း မရှိပါ။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...