Wednesday, January 28, 2026

မန္တလေး-PDF ၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ လေကြောင်းဗုံးထပ်ကြဲ၊ ဗိုလ်မှူးအပါအဝင် (၄) ဦးသေဆုံး

သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က မန္တလေး-PDF တပ်ဖွဲ့ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ ချုပ်နှောင်ထားရာ အချုပ်ဆောင်ကို ဒုတိယအကြိမ် လေကြောင်းထပ်မံ ဗုံးကြဲခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်(၁) နာရီခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း မန္တလေး-PDF တပ်ဖွဲ့မှ စစ်သုံ့ပန်းများ ထားရှိရာ အချုပ်ဆောင်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦး အပါအဝင် (၄) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၁) ဦး ရှိခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာခြင်းကြောင့် (၂) ရက်အတွင်း သေဆုံးသူ (၁၆) ဦးအထိ ရှိလာကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုကဲ့သို့ စစ်သုံ့ပန်းများ ထားရှိသည့် အချုပ်ဆောင်နေရာတွင် နှစ်ကြိမ်တိုင်တိုင် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ မန္တလေး-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

မန္တလေး-PDF ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ ထားရှိရာ အချုပ်ဆောင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ- MDY PDF)

အလားတူ အောက်တိုဘာလ (၂၈) ရက်ကလည်း မန္တလေး-PDF တပ်ဖွဲ့မှ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများ ချုပ်နှောင်ထားရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်သုံ့ပန်း (၈) ဦး အပါအဝင် စုစုပေါင်း (၁၂) ဦး သေဆုံးပြီး (၆၀) ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်သုံ့ပန်းများကို မန္တလေး-PDF မှ ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိပြီး မန္တလေး-PDF တပ်ဖွဲ့မှ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း အောက်တိုဘာလ (၂၉) ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...