တိုင်းရင်သားနှင့် PDF များ လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီ ဖိတ်ခေါ်

လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင််းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) နေ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်း တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ရွာများရှိ အရပ်ဘက် ပစ်မှတ်များကို လေကြောင်းမှ ရက်ရက်စက်စက် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ပြီးနောက် ယမန်နေ့ ည ၈ နာရီတွင် ယခုကဲ့သို့ စစ်ကောင်စီကကမ်းလှမ်းစာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များ အနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်လည်းကောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တော်လှန်ရေးတပ်များအား အကြမ်းဖက်များ အဖြစ် သုံးနှုန်းဖော်ပြထားသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ချုပ်ဂွမ်မော် က “ခေါ်ပုံခေါ်နည်း” ဆိုသည့် ဆိုသည့် ခေါင်းစဥ်တပ်၍ “ဘာကြောင့် အာဏာလွှဲပြောင်း ယူလိုက်ရတာလဲ ဆိုတာကို ထုခြေလွှာတင်ပြ” နဲ့ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေငြာသော ထုတ်ပြန်ချက် ဖြစ်နေ” “ခေါ်ပုံခေါ်နည်း နဲနဲများလိုနေသလားလို့ပါ” ဟု ၄င်း၏ လူမှုကွန်ရက် စာမျက်မှာမှ ယမန်နေ့ ညပိုင်းက တုန့်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် စစ်ကောင်စီသည် အချက်အလက်အမှားများ ပါဝင်နေသည့် ဝါဒဖြန့်စာများထုတ်ပြန်ခဲ့ရာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့သည် အမေရိကန်ထံမှ နှစ်စဥ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေကြောင်း စွပ်စွဲထားသည်။

ထိုအပြင် တရုတ်နိုင်ငံသည် မြန်မာပြည်သူလူထု၏ မိတ်ဆွေစစ်ဖြစ်ကြောင်း ယင်းစာများတွင် ဖော်ပြထားရာ ယခု ကမ်းလှမ်း ထုတ်ပြန်ချက်သည်လည်း တရုတ်နိုင်ငံ အနေဖြင့် ရွေးကောက်ပွဲနှင့် တကွ စစ်ကောင်စီကို ထောက်ခံရန် ရည်ရွယ် ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း သုတေသီ ဦးရဲမျိုးဟိန်းက သုံးသပ်သည်။

“အဓိက ကတော့ ၂၀၀၈ အောက်က သူတို့လုပ်မယ့် ရွေးကောက် ပွဲမှာ ပါတီထောင်ပြီး ဝင်ပြိုင်ဖို့ ပြောတာ။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဆိုတာ ဘယ်တုန်းကမှ ၂၀၀၈ ကို လက်မခံသလို ၂၀၀၈ အောက်က ရွေးကောက်ပွဲ ဘောင်ထဲမှာလဲ ရှိမနေဘူး။ အဲ့တော့ နိုင်ငံရေး ဆွေးနွေး အဖြေရှာ သဘောတူညီမှုတွေ မရှိဘဲ ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်မှန်းလဲ သိမှာပဲ။ အဲ့တော့ ဘာလို့ထုတ်လဲဆိုတော့ တရုတ် သဘောကျအောင် ထုတ်တာပေါ့” ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖေန်ရေးသားသည်။

တရုတ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ PDF တို့နှင့် ဆွေးနွေး၍ ရွေးကောက်ပွဲ ကျင်းပရန် မကြာခဏ တိုက်တွန်း ပြောဆိုထားသည်။

လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပြီး ယင်းစာရင်းကို အခြေခံ၍ မဲစာရင်းပြုစုကာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...