Wednesday, January 28, 2026

PDF သိမ်းပိုက်သည့် လေကြောင်းရန်တပ်က လေယာဉ်ပစ် SA-16 SAM ဒုံးကျည် ၄၈ လက် ဘယ်ရောက်သွားလဲ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ပိုင်း၊ အင်ကြင်းမြိုင်ရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၂၇ ရက်) တွင် အတည်ပြုသည်။

အင်အား ၈၀ ဝန်းကျင်ရှိ အဆိုပါ စစ်စခန်းကို ဇွန်လ ၂၅ ရက်နေ့က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေး အတွက် အသုံးပြုသည့် အရေးကြီး စစ်လက်နက် ခဲယမ်းများ ရှိနေသဖြင့် စစ်ကောင်စီက လေကြောင်း အသုံးပြု၍ အစွမ်းကုန် ခုခံကာကွယ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယင်းတပ်စခန်းတွင် SA- 16 SAM ပခုံးထမ်း လေယာဉ်ပစ် ဒုံးကျည် (ပြည်တွင်းထုတ်) ၄၈ လက်၊ 25mm နှင့် 35 mm Anti Aircraft Cannon (လေယာဉ်ပစ်) ၁၀ လက်နှင့် ကျည် ၅,၀၀၀ ကျော်၊ TWS-312 Smart Com နှင့် 1L-117 ရေဒါ၊ Pechora လက်နက်စနစ် စသည်ဖြင့် ဖွဲ့စည်းပုံ အပြည့်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

တပ်စခန်းအား PDF ပူးပေါင်းတပ် စတင် ထိန်းချုပ်စဉ်က လေယာဉ်ပစ် အမြောက် ဓာတ်ပုံအချို့ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သော်လည်း ဓာတ်ပုံ အဟောင်းများသာ ဖြစ်နေသည်။

“SA-16 SAM ပခုံးထမ်းကော ကျန်တာတွေကော ဖွဲ့စည်းပုံ အပြည့်ရှိတယ်လို့ သိရပါတယ်။ အခု ဒါတွေ စစ်တပ်ကပဲ ရဟတ်ယာဉ်နဲ့ သယ်ထုတ်သွားလား။ PDF ကပဲ ရသွားလား ဆိုတာ မသိရသေးပါဘူး။ ပခုံးထမ်း ၁၀ လက်လောက် ရရင်ကို လေကြောင်း တိုက်ခိုက်တာ တားဖို့ တော်တော်ကြီး ထိရောက်မှာဗျ” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စခန်းသိမ်းပိုက်စဉ် သုံ့ပန်းများ ဖမ်းဆီးရမိပြီး လက်နက်အချို့ ရရှိခဲ့ကြောင်း အသေးစိတ် မသိရသေးကြောင်း နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

“အရာရှိ ၂ ဦး အသေမိတယ်။ မိသားစုတွေ အရှင် ဖမ်းဆီးရမိတာတွေ ရှိတယ်။ တပ်ရင်းမှူးကတော့ ပြေးတယ်ထင်တယ်” ဟု ၄င်းက ရှင်းပြသည်။

စစ်လော်ဘီ ချန်နယ်များတွင်မူ ဇွန်လ ၂၅ ရက်နေ့ တိုက်ပွဲ ပြင်းထန်နေစဉ် ရဟတ်ယာဉ်ဖြင့် တပ်မိသားစုများ ကယ်ထုတ်ခဲ့ကြောင်း ဖော်ပြထားရာ လက်နက်များ သယ်ထုတ်သွားသည်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်သူများကို ဆက်လက်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

မတ္တရာမြို့နယ် အရှေ့ခြမ်း၊ ဆည်တော်ကြီးအနီး ဇွန် ၂၅ နေ့ လေကြောင်းရန် ကာကွယ်ရေးတပ် တိုက်ပွဲ အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ညနေပိုင်းအထိ ဆက်တိုက် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အနီးအနား ကျေးရွာနေ ပြည်သူများ ယနေ့အထိ ထွက်ပြေးနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...