ဓာတ်ပုံဟောင်းကို အသုံးပြုပြီး KNDF၊ IPDF၊ ပျားစစ်ကြောင်း PDF တို့ က ညောင်ရွှေမြို့နယ် နေအိမ်တွေကိုဖောက်ထွင်းသတင်းအတု

KNDF၊ IPDF နဲ့ ပျားစစ်ကြောင်း PDF ပူးပေါင်းပြီး ညောင်ရွှေမြို့နယ် ဒေသခံနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က ဖြန့်ချိထားပြီး ဦးနေမျိုးဇင်၊ KNDF, IPDF နှင့် ပျားစစ်ကြောင်း PDF တပ်ဖွဲ့ဝင်တို့ ဓာတ်ပုံတွေကိုအသုံးပြုပြီး နေအိမ်ဖောက်ထွင်းခံရတဲ့ ပုံတွေကိုဖော်ပြထားပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က “စစ်ဖြစ်မှာကြောက်ပြီး တိမ်းရှောင်သွားလို့ ဒေသခံတွေမရှိတော့သည့် ညောင်ရွှေမြို့နယ်ထဲက ဆည်ခေါင်း၊ စံကား၊ ဟူးရန်နှင့် ထီးဟန်တား ကျေးရွာတွေမှာ ဇူလိုင် ၁၈၊ ၁၉ နဲ့ ၂၀ ရက်နေ့က ဗိုလ်ပြုတ်နေမျိုးဇင်နှင့် သားသခင်တို့ပါဝင်တဲ့ KNDF၊ IPDF ၊ပျားစစ်ကြောင်း PDF ပူးပေါင်အကြမ်းဖက်အဖွဲ့မှပြည်သူလူထု၏ နေအိမ်များကို ဖောက်ထွင်ပြီး တန်ဖိုးကြီး ပစ္စည်းများနှင့် စားသောက်စရာများကို ခိုးယူသွားတယ်” လို့ (မူရင်းအတိုင်း) ရေးသားထားတာပါ။

အဆိုပါ သတင်းအတုကို ကြည့်ရှု့သူပေါင်း ၃၉၀၀၀ ကျော်ရှိပြီး တယ်လီဂရမ်ချယ်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေကပါ ဖြန့်ဝေထားကြပါတယ်။

မူရင်းလင့်ခ် – https://archive.ph/B7cRU

အဆိုပါသတင်းနှင့် ပတ်သက်ပြီး ရှာဖွေကြည့်တဲ့အခါမှာ ဇူလိုင် ၂၀ ရက်နေ့ကတည်းက ကကြိုး မာန် အကောင့်မှ (ဗိုလ်ပြုတ် နေမျိုးဇင်နှင့် KNDF/IPDF/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ဇူလိုင်လ ၁၉ ရက်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်စံကားနှင့် ဆည်ခေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။) ဆိုပြီးတင်ထားပါတယ်။

ကကြိုးမာန် – https://shorturl.at/VrWVv

သတင်း စစ်ဆေးခြင်း

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေက ဇူလိုင် ၁၈၊ ၁၉ နဲ့ ၂၀ ရက်နေ့မှာ ဦးနေမျိုးဇင်နဲ့ သားသခင်တို့ပါဝင်တဲ့ ပျားစစ်ကြောင်းလို့ ဖော်ပြထားတဲ့ ဓာတ်ပုံဟာ ဓာတ်ပုံအဟောင်းသာဖြစ်ပါတယ်။

ဦးနေမျိုးဇင်နဲ့ သားခင်တို့ ပါဝင်တဲ့ ပျားစစ်ကြောင်းဟာ ဇွန်လ ၂၃ ရက်က ညောင်ရွှေမြို့နယ် စစ်တပ်စခန်းဗျူဟာတစ်ခုရဲ့အနီးကပ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပျားစစ်ကြောင်းစစ်အခြေခံ လေ့ကျင့်ရေးသင်တန်း အပတ်စဉ် – ၂ သင်တန်းကဓာတ်ပုံသာ ဖြစ်ပါတယ်။

မူရင်းဓာတ်ပုံ – https://rb.gy/jwfvz6

ညောင်ရွှေမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဗျူဟာစခန်းနဲ့ အနီးဆုံးနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပျားစစ်ကြောင်းမှုး ကိုလင်းကိုကိုးအားပြီး မဲခေါင်သတင်းက ဖော်ပြထားပါတယ်။

ဒီနေရာမှာကြည့်ပါ – https://shorturl.at/NhpVA

ဆက်စပ်ပြီး ကကြိုး မာန် အကောင့်မှ တင်ထားသည့် ပုံတွေကို စစ်ဆေးကြည့်သည့်အခါမှာလည်း အချက်အလက် စစ်ဆေးသည့်ဌာနတခုဖြစ်သည့် Boom Myanmar က သတင်းမှားဖြစ်ကြောင်းကို အချက်အလက်စစ်ဆေးထားပါတယ်။ ၂၁ ဇူလိုင် ၂၀၂၄ရက်နေက စိစစ်ထားသည့် သတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လင့်ခ် – https://shorturl.at/KW3tn

နေအိမ်တွေကို ဖောက်ထွင်းနေသူလို့ စွတ်စွဲခံရတဲ့ ဦးနေမျိုးဇင်ကိုယ်တိုင်ကလည်း “နေရာအနှံ့မှာ ရှုံးနိမ့်လာတဲ့ ဖက်ဆစ်တပ်ဟာကြံရာမရဖြစ်လာပြီး တိုင်းရင်းသား လူမျိုးများကြားမှာ သွေးခွဲရန်တိုက်ဖို့ နည်းလမ်းစုံ သုံးလာပါတယ်” ဇူလိုင် ၁၇ ရက်က ၎င်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

မူရင်းလင့်ခ် – https://shorturl.at/W7r4P

Mawshan Myay Media ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က အခြားသော မတူညီတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ညောင်ရွှေမြို့နယ်ထဲက အိမ်တွေဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေ စစ်ဆေးထားတဲ့Mawshan Myay Media တယ်လီဂရမ် ချန်နယ်မှ သတင်းမှားတွေကို ဒီလင့်ခ် (၁) ဒီလင့်ခ် (၂) တွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လင့်ခ် (၁) – https://shorturl.at/HOnqb

လင့်ခ် (၂) – https://shorturl.at/oxkcc

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Web – Link

Fb – Link 

#FactCheck #MFCN #Shan News Burmese Version #ညောင်ရွှေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...